Wednesday 10 February 2016

Valentine's Day (သို့ မဟုတ်) ချစ်သူများနေ့ 

 https://fellowshipofminds.files.wordpress.com/2013/02/st-valentine.jpg

 ရောမဘုရင် တစ်ပါး လက်ထက်တွင် စစ်တိုက်ထွက်ကြသော စစ်သည်တော်များသည် ချစ်သူရည်းစားနှင့် ဇနီးမယားများကို တမ်းတ အမှတ်ရမှုများကြောင့် စစ်ပွဲတိုင်း အမြဲ ရှုံးနှိမ့်ခဲ့ကြသည်။ ထို့ အကြောင်းကို ဘုရင်ကြီး သိသောအခါ ရောမမြို့ တွင် ချစ်သူရည်းစားမထားရ။ အစဉ်အလာအားဖြင့် လက်ထပ်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော ဘုန်းတော်ကြီးများကိုလည်း လုံးဝ မပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန် အမိန့် ထုတ်ခဲ့သည်။ 

နှလုံးသား ရဲရင့်သည့် ချစ်သူနှစ်ဦးသည် သူတို့ ၏ အချစ်ကို နေ့ တစ်နေ့ အတွက် မရည်စူးပါ။ ချစ်တက်သူတွေ အမြဲရှင်သန်ဖို့  ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်း (St. Valentine) ကို လက်ထပ်ပေးရန် တောင်းဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်းသည် ချစ်သူတို့ ၏ ဘဝ ချစ်ခြင်း နိယာမ ကို နားလည်စာနာတက်သူမို့  မိမိအသက်ကို ပဓာန မထားပဲ လက်ထပ်ပေးလိုက်ပါသည်။ ထိုအကြောင်းကို ဘုရင်ကြီး သိသွားသောအခါ ထိုနေ့  ဖေဖေါ်ဝါရီလ (၁၄) ရက်တွင် ဘုန်းတော်ကြီးအား အဆုံးစီရင်လိုက်ပါသည်။ ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်းကို ဂုဏ်ပြုသောအားဖြင့် Valentine's Day (သို့ မဟုတ်) ချစ်သူများနေ့ ဟု ပေါ်ပေါက်လာခဲ့ရခြင်း ဖြစ်ပါသည်။ 


ချစ်သူများနေ့ဆိုတာလူငယ်တွေကြားမှာတော်တော်ကို ခေတ်စားလာပါတယ်။ချစ်သူများနေ့မှာတော့ ပန်းစည်းတွေ ပေးတာ၊ ချောကလက်ကျွေးတာ၊ ပို့စ်ကတ် လဲလှယ်ကြတာ စတဲ့ အလေ့အထတွေကတော့ ပိုများလာတာတွေ့ရပါတယ်။အနောက်တိုင်းယဉ်ကျေးမူကစတင်ခဲ့တဲ့ချစ်သူများနေ့ကခုဆိုရင်
 မြန်မာနိုင်ငံတစ်ဝှမ်း လူကြီး၊လူငယ်တွေကြားထဲတော်တော်ကိုလွမ်းမိုးလျှက်ရှိပါတယ်။


ချစ်သူတွေ အချင်းချင်း လက်ဆောင်တွေ ဖလှယ်ကြတာ၊ ပန်းကလေးတွေပေးတာ၊ ချောကလက်တွေပေးတာ
အရုပ်တွေပေးတာက ကြည်နူးစရာကောင့်ပေမယ့်မြန်မာယဉ်ကျေးမှုနဲ့မအပ်ဆက်တဲ့ Living together ဆိုတာ
လုံးဝမဖြစ်သင့်ပါဘူး။စောင့်ထိန်းနိုင်ခြင်းတန်ဖိုး၊ မိန်းကလေးတယောက် သိက္ခာ၊အရှက်တရား တန်ဖိုး၊ ယောကျာ်းတယောက်စောင့်ထိန်းသင့်တဲ့ကျင့်ဝတ်၊မြန်မာယဉ်ကျေးမှု ဓလေ့စရိုက်တန်ဖိုးတွေ နဲ့ ပြည့်စုံနေတဲ့ အပျိုစင် လူပျိုဆိုတဲ့ ဂုဏ်လေးကို မြန်မာ မိန်းကလေးတွေကစောင့်ရှောက်သင့်သလို ယောကျာ်းလေးများကလည်း မြန်မာ
ယဉ်ကျေးမူကိုဂုဏ်ယူစွာနဲ့စောင့်ရှောက်ထိန်းသိမ်းစောင့်ရှောက်သင့်ပါတယ်။

No comments:

Post a Comment