Friday 5 February 2016

လေးခုမြောက် ဆက်သွယ်ရေးအော်ပရေတာလိုင်စင် လျှောက်သည့် ကုမ္ပဏီ ခုနစ်ခုအမည်ကို ထုတ်ဖော်

 https://i.ytimg.com/vi/ZJLOs04hjv8/maxresdefault.jpg
မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာအဖြစ် လိုင်စင်လျှောက်ထားသည့်
နိုင်ငံခြားကုမ္ပဏီခုနစ်ခု၏ အမည်များကို ဆက်သွယ်ရေးကဏ္ဍနှင့် နီးစပ်သူ များက
အတည်ပြုပြောကြားခဲ့သည်။
၎င်းကုမ္ပဏီခုနစ်ခုမှာ စင်ကာပူက Singtel ၊ ဗီယက်နမ်နိုင်ငံ ဟနွိုင်းအခြေစိုက် Viettel၊
တရုတ်နိုင်ငံက China Telecom နှင့် China Telecom ၊ ပြင်သစ်က Free၊တောင်အာဖရိက
အခြေစိုက် MTN နှင့် ဟောင်ကောင်ကုမ္ပဏီ 1COM တို့ ဖြစ်ကြသည်။ တစ်နိုင်ငံလုံး အတိုင်း
အတာဖြင့် ၀န် ဆောင်မှုများ ပေးနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေးဈေးကွက်၏ စတုတ္ထမြောက် ဆက်သွယ် ရေးအော်ပရေတာလိုင်စင်ကို ရရှိရန် တင်ဒါ အောင်မြင်သော နိုင်ငံခြားကုမ္ပဏီအနေဖြင့်
ပြည်တွင်းမှ အများပိုင်ကုမ္ပဏီ ၁၁ ခုနှင့် နိုင်ငံပိုင်ရှယ်ယာ ပါဝင်သော ဖက်စပ်လုပ် ငန်းထူထောင်
ရမည် ဖြစ်သည်။
ပြည်တွင်းက နိုင်ငံပိုင်ရှယ်ယာအစု ပါဝင် သော အများပိုင်ကုမ္ပဏီအုပ်စုနှင့် ပူးပေါင်းရန်အတွက်
အဓိကလိုအပ်ချက်မှာ ယခင် ဆက်သွယ်ရေးလုပ်ငန်း အတွေ့အကြုံနှင့် ငွေကြေးအင်အား တောင့်တင်းရမည်ဟု ပြည်တွင်းမှ လေ့လာသူတစ်ဦးက
ဆိုသော်လည်း လျှောက်ထားသူစာရင်းတွင် ပါဝင်သော ကုမ္ပဏီအချို့မှာ ဆက်သွယ်ရေးလုပ်ငန်း
အတွေ့အကြုံ သိပ်မရှိဘဲ ရှယ်ယာပိုင်ဆိုင်မှု ဖွဲ့စည်းပုံမှာလည်း ပူးတွဲဆောင်ရွက်ရမည့် နိုင်ငံခြား
ကုမ္ပဏီအတွက် သတိထားရမည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေသည်။ တင်ဒါခေါ်ယူမှုလုပ်ငန်းစဉ်တွင်
ပါဝင် သော နိုင်ငံတော်သမ္မတ၏ အကြံပေးပုဂ္ဂိုလ် ဦးဇော်ဦးက နိုင်ငံခြားအစုစပ်ကုမ္ပဏီတစ်ခု
အပေါ် မျှော်လင့်ထားသည့် အရာများကိုအလေးပေးပြောကြားခဲ့သည်။
"ဆက်သွယ်ရေးကဏ္ဍတွင်း ပြုပြင်ပြောင်းလဲမှုတွေနဲ့ ပတ်သက်တဲ့ လက်ရှိအစိုးရရဲ့ ကျန်ရှိနေသေးတဲ့ ရည်မှန်းချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ ကုမ္ပဏီတစ်ခုကို ကျွန်တော်တို့ ရှာနေတာပါ"ဟု ၎င်းက ပြောသည်။ ဈေးနှုန်းသက်သက်သာသာဖြင့် သုံးစွဲ နိုင်စေရန်၊ လူတိုင်း အသုံးပြုနိုင်စေရန်နှင့်
တန်ဖိုးမြင့် ၀န်ဆောင်မှုများပေးရန် စသည့် ရည်မှန်းချက်သုံးခုကိုလည်း ဦးဇော်ဦးက ထောက်ပြခဲ့သည်။
"ဒီလေးခုမြောက် ဆက်သွယ်ရေးအော်ပရေတာဟာ သူတို့ရဲ့လုပ်ငန်း တွေကို ကျေးလက်ဒေသတွေကို
အဓိကထား ပြီး လုပ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်။ ဒါမှသာ အစိုးရရဲ့
ဆက်သွယ်ရေးကဏ္ဍပြုပြင်ပြောင်းလဲမှုတွေရဲ့ အကျိုး ကျေးဇူးတွေက ကျေးလက်နေပြည်သူတွေ
ဆီကို ရောက်ရှိနိုင်ပြီး ဒစ်ဂျစ်တယ်နည်းပညာကွာဟမှုကိုလည်း ကျွန်တော်တို့ လျှော့ချနိုင်မှာပါ"ဟု
၎င်းက ဆိုသည်။ လေးခုမြောက် ဆက်သွယ်ရေးအော်ပရေတာသည် သုံးစွဲသူသန်းပေါင်းများစွာ ရရှိထား သော နိုင်ငံခြားကုမ္ပဏီနှစ်ခုနှင့် ဂျပန်နှင့် ပူးပေါင်းထားသော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
တို့နှင့် ယှဉ်ပြိုင်မှုပြင်းထန်သော ဈေးကွက်အတွင်း ၀င်ရောက်လာတော့မည်ဖြစ်သည်။
မြန်မာ့ဆက်သွယ်ရေးဈေးကွက် ၏ ၇၀ ရာခိုင်နှုန်းခန့်ကို နိုင်ငံခြားကုမ္ပဏီများ ဖြစ်သော အူရီးဒူးနှင့်
တယ်လီနောအပြင် လက်ရှိနိုင်ငံပိုင်ဖြစ်သော မြန်မာ့ဆက်သွယ် ရေး(-(MPT)တို့က
ရယူထားပြီးဖြစ်ကြောင်း အဆိုပါ ပြည်တွင်းစီးပွားရေး အဖွဲ့ကြီးမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
"ကျန်ရှိတဲ့ ၃၀ ရာခိုင်နှုန်းမှာ သုံးစွဲသူတွေရအောင် ကြိုးစားရမှာပါ။ ကျွန်တော်တို့ အတော်
လေးကြိုးစားရမှာပါ" ဟု ၎င်းအဖွဲ့ဝင် က ပြောသည်။ လေးခုမြောက် ဆက်သွယ်ရေး အော်ပရေတာ
မှာ ဈေးကွက်အတွင်းသို့ အနည်းငယ်နောက်ကျမှ ၀င်ရောက်လာနိုင်လိမ့်မည်ဟုလည်း ၎င်းက
ဖြည့်စွက်ပြော ကြားသည်။

ဇာဇာစိုး ဘာသာပြန်သည်။

No comments:

Post a Comment