Saturday 6 February 2016
ပုထုဇဉ် နှင့်သောတာပန်
 http://2.bp.blogspot.com/-hK7Z38T4y58/VDYaDMDf8hI/AAAAAAAADoY/0BTpHi5sisY/s1600/Buddha-2.JPG
၁၊ ပုထုဇဉ် (၂) မျိုး ။
( ၁.၁ ) အန္ဓ ပုထုဇဉ် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ်
သဘောတရားများကို သုတမယ ဥာဏ်ဖြင့်ပင် မသိသူ ။
(၁.၂) ကလျာဏ ပုထုဇဉ် = ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ်
သဘောတရားများကို သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ်
ဆင်ခြင်တွေးခေါ်နိုင်သော ဥာဏ်ရှိသူ ။
၂၊ သောတာပန် (၂ ) မျိုး ။ 
 (၂.၁) စူဠသောတာပန်
(၂.၂) မဟာသောတာပန်
သောတပန်ဆိုတာ
သောတပန် = သောတပန္န
သောတ = ရေအယဉ် ။ အာပန္န = ရောက်သည် ။
 သောတပန္န (ဝါ) သောတပန် ပုဂ္ဂိုလ် ဆိုသည်မှာ - ဥပမာပြုရသော် အရပ်ရပ်မှ စီးဆင်းလာသော ရေအယဉ်တို့သည်
သမုဒ္ဒရာသို့ ရောက်သောအခါ နောက်သို့ ပြန်မဆုတ်ဘဲ သမုဒ္ဒရာသို့သာ ပြေးဝင်ဘိသကဲ့သို့ သောတပန်ဖြစ်သော
ပုဂ္ဂိုလ်သည် ငရဲ ၊ တိရိ စ္ဆာန် ၊ ပြိတ္တာ ၊ အသူရကာယ် ၊ အပါယ်လေးဘုံသို့ ပြန်မဆင်းတော့ဘဲ နိဗ္ဗာန်သို့သာ ပြေးဝင်မည့်ပုဂ္ဂိုလ်ဟု ဆိုလိုသည် ။ (ဝါ) အပါယ်လေးပါး 
တံခါး ပိတ်နေသော ပုဂ္ဂိုလ် လည်း မည်ဧ။် ။
သစ္စာလေးပါး တရားတော်ဧ။် သဘော အဓိပ္ပာယ်ကို ( သင် ၊ မေး ၊ နာကြား ၊ ဆောင်ထား ၊ ဆင်ခြင်မှု တို့ဖြစ်သော )သုတမယဥာဏ် ၊ စိန္တာမယဥာဏ် တို့ဖြင့် သိသော အသိ မဟုတ်ဘဲ အားထုတ်ပွားများထား၍ ထိုးထွင်းသိမြင်သောပဋိဝေဓဥာဏ် ဖြင့် အမှန်တကယ် သိမြင်နိုင်သောသူကို သောတပန် ပုဂ္ဂိုလ် ဟူ၍ ခေါ်ဆိုရဧ။် ။
၂.၁ စူဠ သောတပန်
ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို
သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ်
ဆင်ခြင်တွေးခေါ်နိုင်ပြီး ဖြစ်မှု ၊ပျက်မှု သဘောတရားကို မြင်သောပုဂ္ဂိုလ် ။
၂.၂ မဟာသောတာပန် 
ခန္ဓာ ၊ အယတန ၊ ဓာတ် ၊ သစ္စာ ၊ ပဋိစ္စသမုပ္ပါဒ် သဘောတရားများကို
သုတမယ ဥာဏ်ဖြင့် သိပြီး ၊ စိန္တာမယ ဥာဏ်ဖြင့်လည်း ဝေဖန်သုံးသပ်
ဆင်ခြင်တွေးခေါ်ရုံသာမကဘဲ ၊ ဘာဝနာမယဥာဏ်ဖြင့် ကြိမ်ဖန်များစွာ
ကြိုးစားပွားများနေသောကြောင့် ခန္ဓာ(၅)ပါး ၊ ရုပ်နာမ် (၂)ပါး၏ ဖြစ်ပျက်ကို မြင်၊
ဖြစ်ပျက်ကို မုန်း ၊ ဖြစ်ပျက်၏ဒုက္ခာကြီး ချုပ်ဆုံးမှုကိုပါ မြင်သော ပုဂ္ဂိုလ် ။ 
    မဟာသောတာပန် (၄)မျိုး ။
      (က) သတ္တက္ခတ္တုပရ သောတာပန် = (၇) ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ
      (ခ) ကောလံကောလသောတာပန် = လူနတ်ဘ၀ နှင့် ၂ ဘ၀မြောက်မှ ၊ ၆ ဘ၀မြောက်အထိသာ
            နေပြီးနိဗ္ဗာန်ဝင်သူ (၂၊၃၊၄၊၅၊၆ ကြိမ် ပဋိသန္ဓေ နေပြီး နိဗ္ဗာန်ဝင်သူ )
       (ဂ) ဧကဗီဇီ သောတာပန် = လူနတ်ဘ၀ နှင့် ၁ ကြိမ် သာနေပြီး နိဗ္ဗာန်ဝင်သူ
       (ဃ) ဘုံစဉ်စံ သောတာပန် = သုဒ္ဓါဝါသ ဗြဟ္မဘုံကိုချန်ပြီး ကျန်သုဂတိဘုံများ တွင်
            တစ်ဘ၀ပြီး မြင့်ကာ မြင့်ကာ ဘုံစဉ်စံပြီး နိဗ္ဗာန်ဝင်သူ ( ၀ိသာခါ ၊ သိကြားမင်း ၊
              အနာတပိဏ် ) 
သောတာပန်နဲ့ ပုထုဇဉ် ကွာခြားချက်
    (၁) ပုထုဇဉ် သည် လောဘ၊ဒေါသ၊မောဟ ၊ ကိလေသာ နဲ့ ဆုံရင် ဖြစ်ကြောရှည်တယ် ။
         သောတာပန် သည် ဖြစ်ကြောတိုတယ် ။ ကိလောသာထတိုင်း သတိနဲ့ သိတယ် ။
    (၂) ပုထုဇဉ် သည် ကိလေသာ နဲ့ ဆုံရင် ကိလေသာကို အလိုလိုက်တယ်။ အခွင့်အရေးပေးတယ်။
         သောတာပန် က ငြိမ်းအေးအောင် ချက်ချင်းကြိုးစားတယ်။
    (၃) ပုထုဇဉ် သည် အဟောပြောကောင်းသူနဲ့တွေ့ရင် အားလုံးပြောင်းလဲတွေဝေတယ်။
        သစ္စာတရားအပေါ်မှာ ခိုင်မာသော ယုံကြည်မှု မရှိဘူး။ သောတာပန် က ထွက်မြောက်ရာလမ်းသည်
        မဂ္ဂ (၈)ဖြာ ဗုဒ္ဓသာသနာ မှာပဲရှိကြောင်း အကြွင်းမဲ့ ယုံတယ်။
သောတာပန်ဖြစ်ချင်ရင် အင်္ဂါလေးချက်နှင့် ညီညွတ်အောင် နေထိုင်ရမယ်၊
ကျင့်သုံးရမယ်လို့ မြတ်စွာဘုရားကိုယ်တိုင် ဟောထားတယ်။
အင်္ဂုတ္တိုရ်ပါဠိတော်မှာ ပါတယ်။
(၁) သပ္ပုရိသသံသေဝေါ (သူတော်ကောင်းနှင့်ပေါင်း။)
(၂) သဒ္ဓမ္မဿဝနံ (သစ္စာတရားမျိုးကို ရွေး၍နာ။)
(၃) ယောနိသော မနသိကာရော (မှန်မှန်ကန်ကန် ကြံဆ၊ ဆင်ခြင်နှလုံးသွင်း။)
(၄) ဓမ္မာနုဓမ္ဓပဋိပတ္တိ (ရနိုင်လောက်အောင်ဇွဲ သန်သန်ဖြင့် အားထုတ်။)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvgy3P2jc1QFwsFUWjz036LwC5S_ZphSjlQqOkEtA_OVrOBRuDpTWilVZdjUyfDuke4X0Qt8m0D10foXZjyeQrwGZKlrCSVDlU7CyNmjhBoBARnNdL7KMBWCFlPtaXYj3uH33Pq8_QhcOi/s1600/20150720_232130-BlendCollage.jpg
 မြေအပြင်၌ ဧကရာဇ်မင်း ဖြစ်ရသည်ထက်လည်းကောင်း ၊
နတ်ပြည်သို့ လားရောက် စံပျော်ရသည်ထက်လည်းကောင်း
ခပ်သိမ်းသော လောကကို အစိုးရသည်ထက် လည်းကောင်း ၊
သောတပတ္တိဖိုလ်သည် မြတ်ဧ။် ။ ။
*သောတာပန်တည်ရေးအတွက် **အထူးဟောကြားထားသော ၀ိပဿနာဥာဏ်စဉ် တရားတော်များ*
မိုးကုတ်ဆရာတော် အရှင်ဝိမလ၂၉။ သောတာပန်တည်နည်း တရားတော်
(၃၁-၁၂-၁၉၅၉)<http://www.mogokdhamma.com/Audio/M-G%20029.MP3>
၃၄။ သောတာပန်ပုဂ္ဂိုလ်၏ မြင်ပုံတရားတော်
(၁၅-၁-၁၉၆၀)<http://www.mogokdhamma.com/Audio/M-G%20034.MP3>
၃၆။ ဒိဋ္ဌိသတ်လျှင် သောတာပန်တည်သည်
(၁၉-၁-၁၉၆၀)<http://www.mogokdhamma.com/Audio/M-G%20036.MP3>
၁၅၁။ စူဠသောတာပန်သေနည်း
(၁၇-၁-၁၉၆၁)<http://www.mogokdhamma.com/Audio/M-G%20151.mp3>
၂၇၈။ ရှင်အာနန္ဒာ သောတာပန်တည်ပုံ
(၉-၉-၁၉၆၁)<http://www.mogokdhamma.com/Audio/M-G%20278.MP3>
၄၆၆။ အရှင်ကောဏ္ဍည သောတာပန်တည်ပုံ
(၉-၇-၁၉၆၂)<http://www.mogokdhamma.com/Audio/M-G%20466.mp3>
၄၇၅။ သောတာပန်တည်ခြင်းအကြောင်း တရားတော်
(၂၄-၁-၁၉၅၅)<http://www.mogokdhamma.com/Audio/M-G%20475.mp3>
၄၈၃။ သောတာပန်အင်္ဂါ(၇)ပါး
(၁-၁၁-၁၉၅၅)<http://www.mogokdhamma.com/Audio/M-G%20483.mp3>
၅၇၀။ သောတာပန်တည်ခြင်းအကြောင်း တရားတော်
(၄-၉-၁၉၅၈)<http://www.mogokdhamma.com/Audio/M-G%20570.mp3>
၅၈၀။ သောတာပန်ဖြစ်ဖို့ နှစ်ချက်တရားတော်
(၃၁-၁၂-၁၉၅၈)<http://www.mogokdhamma.com/Audio/M-G%20580.mp3>
No comments:
Post a Comment