Saturday 24 October 2015

အရမ်းအခြေခံကျပြီး လူတော် တွေအသုံးပြုကြတဲ့ အချက် ၁၀ ချက်

 http://cdn.quotesgram.com/img/45/62/974074075-quote-Steve-Wozniak-wherever-smart-people-work-doors-are-unlocked-100451.png
၁.စကားပြောတော်တယ် ဒါပေမဲ့ အများကြီးမပြောဘူး ဘာကြောင့်လည်း ဆိုတော့ သူတို့ ပိုတော်လာဖို့ နားထောင်တတ်ရမယ် ဆိုတာသူတို့သိတယ်

၂. လုပ်နေတဲ့အလုပ်ထက် အဖက်ဖက်မှာ တတ်သိနားလည် ပြီး အမြဲတမ်းကို့ကိုယ်ကို တိုးတက်နေအောင် လည်းအမြဲလေ့ကျင့်နေတတ်တယ်

၃.အချိန်ကို အကျိုးရှိရှိ အသုံးချတတ်တယ် အလုပ်ကိစ္စ နဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေ ကို မျှတစွာ စီမံခံ့ခွဲတတ်ပြီး လုပ်ကိုင်တဲ့အရာတိုင်းကို အပြည့်အဝ လုပ်ကိုင်တတ်တယ်

၎.Social Media ကို အမြဲတမ်း သုံးမနေဘူးံ ဒါပေမဲ့ အချက်အလက်တွေလေ့လာဖို့နဲ့ တစ်ပါးသူတွေဆီ ကောင်းမွန်တဲ့အရာတွေ မျှဝေဖို့ပဲသုံးတယ်

၅.ဘဝမှာဆိုးဝါးမှု့တွေ နဲ့ကြုံတွေ့ရရင်တောင် အမြန်ဆုံးပြန်လည်ရပ်တည်လာနိုင်တယ်

၆.ကိုယ့်မှာစွမ်းရည်တွေ ရှိနေတယ် ဆိုတာသိပေမဲ့ ကိုယ့်ရဲ့ အစွမ်းအပေါ် ကိုယ် အချိန်ကုန်ခံပြီး မိန်းမူးမနေဘူး

၇.ခေါင်းဆောင် ဖြစ်နေစရာမလိုပါပဲ အသင်းအဖွဲ့ထဲက လူတွေရဲ့အစွမ်းသတ္တိတွေကိုအမြင့်ဆုံးအကျိုးကျေးဇူးတွေ ရလာအောင် ယူလာအသုံးတတ်တယ်

၈.ဘယ်လိုတော်တယ် ဘယ်လောက်တတ်တယ်ရယ်လို့ ဘယ်တော့မှ ထုတ်ဖော်ပြောပြကြွားဝါလေ့မရှိဘူး ဒါပေမဲ့ အသုံးချဖို့ လိုအပ်လာယင် အမြဲလက်တွေ့ပြ နိုင်တယ်

၉.ဘွဲ့ရထား အဆင့်မြင့်ပညာတွေ သင်ထားတာရှိချင်ရှိမယ် မရှိချင်မရှိဘူး ဒါပေမဲ့ ကောင်းကွက်တွေ တော်ကွက်တွေ အမြဲရှိနေတတ်တယ်

၁၀.တစ်ပါးသူ အမှားလုပ်မိတဲ့အခါ သူတို့ကို ငတုံးငအ လိုသဘောမထားပဲ အမြဲတမ်း စိတ်ဓါတ်ခွန်အားပေး နည်းပြလမ်းညွန်ပေးတတ် တယ်

ဖေးဘုတ်ကို စာသင်ခန်းအဖြစ်ပြောင်းလဲ ကြစို့
Change your brain,Change your life.

Credit: မင်္ဂလာပါသူဌေးမင်းကြီး

No comments:

Post a Comment