Saturday 10 October 2015

သီလ၀ါအထူးစီးပွားရေးဇုန်အပိုင်း(က)

 စက်တင်ဘာလ ၂၃ ရက်က ဖွင့်လှစ်လိုက်သော သီလ၀ါ အထူးစီးပွားရေးဇုန် အပိုင်း(က) ဖွင့်ပွဲတွင် မြန်မာနှင့် ဂျပန်နိုင်ငံမှ တာဝန်ရှိသူများကို တွေ့ရစဉ်။ ဓာတ်ပုံ - ဇင်လှိုင်ဝေလင်း
ရန်ကုန်မြို့နှင့် ၁၂ မိုင်အကွာတွင် တည်ရှိသည့် သီလ၀ါအထူးစီးပွားရေးဇုန်သည် မြန်မာ
နိုင်ငံတွင် ထားဝယ်၊ ကျောက်ဖြူနှင့် သီလ၀ါအထူးစီးပွားရေးဇုန် သုံးခုအနက် ပထမဦးဆုံး
အကောင်အထည်ဖော်နိုင်ခဲ့သည့် စီးပွားရေးဇုန်တစ်ခုဖြစ်ကာ နိုင်ငံတကာစီးပွားရေး လုပ်ငန်းများ
နိုင်ငံအတွင်း လွတ်လပ်စွာစီးဆင်း လာမှုကို တံခါးဖွင့်ကြိုဆိုသည့် နေရာဖြစ်ကြောင်း မြန်မာ
အထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထောင်စု မြန်မာနိုင်ငံ ဒုတိယ သမ္မတ
ဦးဉာဏ်ထွန်းက ပြောသည်။
"အိပ်မက်တွေက တကယ်ဖြစ်လာပါပြီ။ အခု နောက်ဆုံးမှာတော့ သီလ၀ါအထူးစီးပွား ရေးဇုန်ရဲ့
ပထမအဆင့်ကို ကမ္ဘာတစ်ဝန်းက ရင်းနှီးမြှုပ်နှံသူတွေအားလုံးအတွက် ဖွင့်လှစ်လိုက်ပါပြီ။ ကျွန်တော်
တို့နဲ့အတူ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့နိုင်ငံ ရဲ့ အဝေးကရော အနီးကပါ
လာရောက်ရင်းနှီး မြှုပ်နှံတဲ့သူတွေလည်း ရရှိထားပြီးပါပြီ" ဟု ဦးဉာဏ်ထွန်းက စက်တင်ဘာလ
၂၃ ရက် က ပြုလုပ်သော သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း(က)ဖွင့်ပွဲတွင် ပြောသည်။
မြန်မာဂျပန် ပူးပေါင်းကာ တည်ဆောက် ထားသည့် သီလ၀ါအထူးစီးပွားရေးဇုန်မှာ ဂျပန်ကုမ္ပဏီ
များ၏ အများဆုံး ၀င်ရောက်ရင်းနှီးမြှုပ်နှံမှုကို ရရှိထားကာ နိုင်ငံပေါင်း ၁၂ နိုင်ငံမှလည်း
ရင်းနှီးမြှုပ်နှံရန်အတွက် စာရင်းသွင်းပြီးဖြစ်ကြောင်း ဦးဉာဏ်ထွန်းက ပြောသည်။ လက်ရှိတွင်
စက်မှုဇုန် အပိုင်း(က)၏ ၇၀ ရာခိုင်နှုန်းမှာ စက်ရုံများတည်ဆောက်ရန် ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီပေါင်း ၄၈ ခုထိ ရင်းနှီးမြှုပ်နှံရန် ၀င်ရောက်ခဲ့ပြီး ယင်းအနက် ကုမ္ပဏီ ၄၁ ခုမှာ ရင်းနှီးမြှုပ်နှံမှုလိုင်စင်
ရရှိ ထားပြီးဖြစ်သည်။

"သီလ၀ါ စက်မှုဇုန်ကို ၂၀၁၄ ခုနှစ်၊ မတ်လမှစပြီး စက်မှုဇုန်မြေနေရာတွေကို ရောင်းချခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာ လုပ်ငန်းပေါင်း ၄၈ ခုနဲ့ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဂျပန်ကုမ္ပဏီတွေတင်မကဘဲ
တရုတ်၊ ထိုင်ဝမ် နဲ့ ကိုရီးယားနိုင်ငံစတဲ့ နိုင်ငံများစွာက ကုမ္ပဏီ တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါ
တယ်။ ဒါကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံကို ချဉ်းကပ်လာတဲ့ နိုင်ငံတကာရဲ့မျှော်လင့်ချက်ကို
မြင်နေရပါတယ်" ဟု ဂျပန်နိုင်ငံ ဒုတိယ၀န်ကြီး ချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး မစ္စတာ တာရိုအာစိုက
ပြောသည်။
ထို့ပြင် သီလ၀ါအထူးစီးပွားရေးစက်မှုဇုန် သည် ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်းသို့ တက်ကြွစွာ
ဝင်ရောက်လုပ်ကိုင်နိုင်မည့် ၀င်ပေါက်တစ်ခုဖြစ်လာမည်ဟု ယုံကြည် ကြောင်းလည်း ၎င်းက
ပြောသည်။ အဆိုပါ အထူးစီးပွားရေးဇုန်၏ အပိုင်း(က)တွင် ဂျပန်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံ
သည့်ကုမ္ပဏီပေါင်း ၂၃ ခုထိရှိပြီး အများဆုံး ဖြစ်ကာ တည်ဆောက်မည့် စက်ရုံများထဲတွင်
ဆောက်လုပ်ရေးဆိုင်ရာပစ္စည်းများထုတ် လုပ်သည့် စက်ရုံ၊ အထည်ချုပ်နှင့် ထောက်ပံ့
ပို့ဆောင်ရေးဆိုင်ရာစက်ရုံများ အများဆုံး ပါဝင်ကြသည်။
သီလ၀ါအထူးစီးပွားရေးဇုန်ကြီးတစ်ခု
လုံး၏ စုစုပေါင်း မြေဧရိယာသည် ဟက်တာ ၂,၄၀၀ ခန့်ကျယ်ဝန်းကာ ယခုဖွင့်လှစ်ခဲ့သည့်
ပထမအဆင့်သည် မြေဧရိယာ ဟက်တာ ၄၀၀ ခန့် ကျယ်ဝန်းပြီး အထူးစီးပွားရေးဇုန် တစ်ခုလုံး၏
၁၇ ရာခိုင်နှုန်းခန့်ကို စတင် အသုံးပြုနိုင်ခြင်းဖြစ်သည်။
လက်ရှိဖွင့်လှစ်ခဲ့သည့် ဇုန်အပိုင်း(က) တွင်
နှစ်ပိုင်းပြန်လည်ခွဲခြားထားပြီး မြေ ဧရိယာ ၂၁၁ ဟက်တာကျယ်ဝန်းသည့် ပထမအပိုင်းမှာ ယခုနှစ်
ဩဂုတ်လတွင် ပြီးစီးခဲ့သော်လည်း ဒုတိယအပိုင်းဖြစ်သည့် ၁၅၀ ဟက်တာ၏ တည်ဆောက်ရေး
ပိုင်းမှာ လာမည့် ၂၀၁၆ နှစ်လယ်ပိုင်းတွင်သာ ပြီးစီး မည်ဖြစ်ကြောင်း မြန်မာဂျပန် သီလ၀ါဖွံ့ဖြိုး
တိုးတက်ရေး ကုမ္ပဏီလီမိတက်က သတင်း ထုတ်ပြန်သည်။
ဇုန်အပိုင်း (က)အတွင်း လူနေအိမ်နှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ အတွက် မြေဧရိယာ
၃၅ ဟက်တာခန့်ကိုလည်း အသုံးပြုထားသည်
။ ထို့ပြင် သီလ၀ါစက်မှုဇုန်၏ ဒုတိယအပိုင်း ဆက်လက်အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာဂျပန် သီလ၀ါဖွံ့ဖြိုး တိုးတက်ရေး ကုမ္ပဏီ
လီမိတက်က မြေ ဧရိယာ ဟက်တာ ၅၀၀ နှင့် ၇၀၀ ခန့် အကျယ် အ၀န်းတွင် စက်မှုဇုန်
တည်ဆောက်သွားမည်ဖြစ်ကာ ယင်းအတွက် စက်တင်ဘာ ၂၃ ရက် တွင် နားလည်မှုစာချွန်လွှာကို
ရေးထိုးခဲ့သည်။
သီလ၀ါ အထူးစီးပွားရေးဇုန်၏ Administration အဆောက်အအုံကို ဖွင့်ပွဲနေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ဇင်လှိုင်ဝေလင်းသီလ၀ါ အထူးစီးပွားရေးဇုန်၏ Administration အဆောက်အအုံကို ဖွင့်ပွဲနေ့က တွေ့ရစဉ်။ ဓာတ်ပုံ - ဇင်လှိုင်ဝေလင်း
လက်ရှိတွင် သီလ၀ါအထူးစီးပွားရေးဇုန် သည် ရန်ကုန်မြို့၏ မြို့ပြင်ဘက် လယ်ကွင်း ပြင်ကျယ်တွင်
စတင်လုပ်ငန်းလည်ပတ်လျက်ရှိသည့် စက်ရုံလုပ်ငန်းအချို့၏ အဆောက်အအုံများဖြင့် သိသာထင်ရှားလာသည့်အတွက် မြန်ဆန်သည့်အောင်မြင်မှုဖြစ်ကြောင်း မစ္စတာ တာရိုအာစိုက
ပြောသည်။ "၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလတုန်းက မြန်မာ နိုင်ငံကို အလည်အပတ်ရောက်တဲ့အချိန်မှာ
သီလ၀ါအထူးစီးပွားရေးဇုန်နေရာက ဘာမှမရှိသေးတဲ့နေရာက နှစ်နှစ်အတွင်းမှာ ဖွင့်ပွဲကို
အောင်မြင်စွာကျင်းပနိုင်တာကို တွေ့ရ ပါတယ်။ အဲဒီအချိန်တုန်းကတော့ အခုလို စိတ်
တောင်မကူးမိပါဘူး" ဟု ၎င်းက ပြောသည်။ ထို့ပြင် လွန်ခဲ့သည့် နှစ်နှစ်ခန့်က မြန်မာနိုင်ငံသို
့ ဂျပန်စီးပွားရေးလုပ်ငန်းများ ၀င်ရောက်လုပ်ကိုင်မှုသည် ကုမ္ပဏီ ၂၁၁ ခု သာ ရှိခဲ့ပြီး ယခုအချိန်တွင်
ကုမ္ပဏီ ၂၆၀ အထိ ရှိလာကြောင်း ဂျပန်နိုင်ငံ စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန
ဝန်ကြီး မစ္စတာ ယိုစုကီတာကာကီက ပြောသည်။ "သီလ၀ါအထူးစီးပွားရေးဇုန်ကို ၂၀၁၃
နိုဝင်ဘာလမှာ ပန္နက်ရိုက်တဲ့အချိန်ကစလို့ ဂျပန်နိုင်ငံကိုအစထားပြီး ကမ္ဘာ့နိုင်ငံတွေက
ကုမ္ပဏီတွေကို ဒီစီးပွားရေးဇုန်ကြီးက ဆွဲဆောင်နိုင်ခဲ့ပါတယ်။ အခုဆိုရင် ဂျပန် ကုမ္ပဏီတွေ
ရင်းနှီးမြှုပ်နှံမှုများလာတာကို မျက်မြင်တွေ့နေရပါပြီ" ဟု ၎င်းက ပြောသည်။
သီလ၀ါအထူးစီးပွားရေးဇုန် အပိုင်း(က) ၏ တည်ဆောက်ရေးလုပ်ငန်းကို လုပ်ကိုင်သည့်
မန်မာဂျပန် သီလ၀ါဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်သည် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလတွင် စတင်ဖွဲ့စည်း
ထူထောင်ခဲ့ပြီး မြန်မာအစိုးရက ၁၀ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံဘက်မှ ပူးပေါင်း ပါဝင်သည့် ကုမ္ပဏီ
အဖွဲ့အစည်းများမှ ၄၁ ရာခိုင်နှုန်းနှင့် ဂျပန်အစိုးရမှ ၁၀ ရာခိုင် နှုန်း၊ ဂျပန်နိုင်ငံမှ ပူးပေါင်းပါဝင်သည့်ကုမ္ပဏီအဖွဲ့အစည်းများမှ ၃၉ ရာခိုင်နှုန်း ပိုင်ဆိုင်ကြသည်။

No comments:

Post a Comment