Friday 15 April 2016

စိတ်ဆင်းရဲခြင်းကနေ ရုန်းထွက်နိုင်မယ့်နည်း

http://us.123rf.com/450wm/dirkercken/dirkercken1506/dirkercken150600067/40804114-winner-looser-win-or-loose-the-sports-game-or-competition-start-winning-and-stop-being-a-looser-chan.jpg?ver=6
စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင့်ရမယ်။နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်နေမှာ သေချာပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စိတ်မကြည်လင်ဘဲ စိတ်အမှောင်ထဲမှာပဲ တ၀ဲဝဲလည်နေလို့ ဖြစ်တယ်။ စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။
ရှုံးနိမ့်ခြင်းကနေ အောင်မြင်ခြင်းကို ပြောင်းလဲနိုင်အောင် ခေါင်းအေးအေးထားပြီး စီမံကိန်းဆွဲတာပါပဲ။
စီမံကိန်းနဲ့ ရင်ဆိုင်တာဟာ ကောင်းတယ်။ ယောက်ယက်မခတ်ဘူး။
အောင်မြင်ဖို့အတွက် လိုအပ်တဲ့ လက်နက်ဆိုတာက တည်ငြိမ်ခြင်း၊ သတ္တိရှိခြင်း၊ စိတ်ပျော်ရွှင်ခြင်းတွေပဲ မဟုတ်လား။
အဲဒီ စိတ်ထားတွေဟာ လူတိုင်း လေးစားတဲ့စိတ်ထား ဖြစ်တယ်။

(က) စိတ်တည်ငြိမ်စွာ ထားပါ။
(ခ) စီမံကိန်းဆွဲပါ။။
(ဂ) သတ္တိရှိပါ။ ဘာဖြစ်ဖြစ် မမှုဟု တွေးပါ။
(ဃ) ဇွဲရှိပါစေ။ ငါ မုချအောင်မြင်ရမည်ဟု ဆုံးဖြတ်ပါ။
(င) ပျော်ပျော်ရွှင်ရွှင်နေပါ။
(စ) စိတ်ကောင်းထားပါ။ သူတစ်ပါးအပေါ် ငြိုငြင်တဲ့စိတ် မဖြစ်ပါစေနဲ့။

စိတ်ဆင်းရဲရင် လိုက်နာဖို့ အဲဒီနည်းလေးကို သတိထားရမယ်။
သိရင် စိတ်ညစ်သက်သာမယ်။ စိတ်၏ ချမ်းသာခြင်းနဲ့ ဘ၀တက်လမ်းကို တွေ့မှာပါပဲ။

သော်တာမောင်(စိတ်ကူးပျော်ရာ)

No comments:

Post a Comment