Saturday 16 April 2016

ကမ္ဘာကျော်ကားအမှတ်တံဆိပ်များ၏ အဓိပ္ပာယ်

Mercedez 
 https://s-media-cache-ak0.pinimg.com/736x/51/a4/f8/51a4f89f661993a8d2cc3df5260cec2c.jpg
၁၈၇၂ ခုနှစ်မှာ ဂျာမန်နိုင်ငံသား Gottlieb Daimler ဟာ သူ့ဇနီးသည်ထံကို Deutz မြို့က အိမ်အသစ်ကို ဘယ်လိုသွားရမယ်ဆိုတဲ့မြေပုံ ရေးဆွဲပေးခဲ့ပါတယ်။ အဲဒီမြေပုံထဲမှာ သူတို့ရဲ့ အိမ်သစ်ရှိရာ တည်နေရာကို သုံးမြှောင့်ကြယ်ပုံနဲ့ ပြသခဲ့ပါတယ်။ အဲဒီသုံးမြှောင့်ကြယ်ပုံဟာ သူတို့ရဲ့ မိသားစုထဲမှာ အရေးပါတဲ့ အမှတ်တံဆိပ်တစ်ခုဖြစ် လာပြီး ၁၉၁၀ ပြည့်လွန် နှစ်နောက်ပိုင်း သတို့ရဲ့သားတွေက မာစီးဒီးကားကုမ္ပဏီကို တည်ထောင်ခဲ့တဲ့အခါလဲ သူတို့ထုတ်လုပ်တဲ့ ကားရဲ့ အမှတ်တံဆိပ်ဖြစ်သွားပါတယ်။ ဒီနေ့ မာစီးဒီးဘင့်ရဲ့ သုံးမြှောင့်ပုံ ကြယ်အမှတ်တံဆိပ်ဟာ မာစီးဒီးအင်ဂျင်တွေကို ကုန်း၊ ရေ၊ လေ သုံးတန်လုံးမှာ အသုံးပြုနိုင်တယ်လို့ ဆိုလိုပါတယ်။

Ferrari 
http://www.allcarbrandslist.com/wp-content/uploads/2015/01/ferrari-symbol.jpg
ပထမကမ္ဘာစစ်မှာ အီတလီလေတပ်ရဲ့ အကောင်းဆုံးတိုက်လေယာဉ်မှူးဖြစ်ခဲ့သူ ဖရန်ဆက်စ်ကိုဘရပ် ကာဟာ ကဆုန်ပေါက်နေတဲ့ မြင်းနတ်ပုံကို သူ့လေယာဉ်မှာ ကံကောင်းစေတဲ့အဆောင်အဖြစ် ရေးဆွဲထားလေ့ရှိပါတယ်။ ၁၉၂၃ ခုနှစ်မှာ ကားမောင်းပြိုင်ပွဲတစ်ခုကို သွားကြည့်ရင်း အင်ဇိုဖရာရီဆိုသူ ပြိုင်ကားမောင်းသမားနဲ့ ရင်းနှီးခင်မင်ခဲ့ပြီး သူ့ကို အမြဲ ကံကောင်းစေခဲ့တဲ့ ကဆုန်ပေါက်မြင်းနက်ပုံကို ကားတံခါးမှာ ရေးဆွဲဖို့ အကြံပြုခဲ့ပါတယ်။ ဖရာရီလဲ နောက်ခံ အ၀ါရောင်ဖြည့် ပြီး မြင်းအမြီးထောင်နေတဲ့ပုံဆွဲပြီး ပြိုင်ပွဲဝင်တာ အနိုင်ရရှိခဲ့တဲ့အတွက် နောက်ပိုင်း ကဆုန်ပေါက်မြင်းနက်ပုံ ကို အမြဲသုံးခဲ့ပြီး သူ့ နာမည် နဲ့ ကားထုတ်တဲ့အခါမှာလဲ အဲဒီအမှတ်တံဆိပ်ကိုပဲ ဆက်သုံးလာခဲ့တာဖြစ်ပါတယ်။

BMW
http://prettywallpapershd.online/wp-content/uploads/2016/01/BMW-Logo-Wallpaper-ACR5.jpg
 ဂျာမနီနိုင်ငံ အရှေ့ပိုင်းပြည်နယ် ဘာဗေးရီးယားအလံကို အတုယူပြီး စက်ဝိုင်းပုံထဲမှာ အဖြူရောင်နဲ့ အပြာရောင်တြိဂံ အကွက်လေးတွေကို သုံးထားပါတယ်။ ဒါပေမဲ့ တစ်ချိန်က BMW အမှတ်တံဆိပ်ဟာ လေယာဉ်အင်ဂျင်တွေ ထုတ်တယ်လို့ ထင်မှတ်မှားနေဆဲဖြစ်ပါတယ်။ BMW ဟာ တယ်တော့ ဆိုင်ကယ်ကို အဓိက ထုတ်တာပါ။ နောက်ပိုင်းမှ ကားတွေထုတ်လာပြီး အခု လျှပ်စစ်ကားတွေ ဆက်တိုက် ထုတ်လုပ်နေပါတယ်။

Chevrolet
http://www.chevymall.com/images/ccl9396_dt.jpg
 ကို ကြည့်လိုက်ရင် ဘိုးတိုင်စည်းထားတာနဲ့တူတဲ့ အမေရိကန်ထုတ် ချက်ပလက်ကားအမှတ်တံဆိပ် ဟာ ကားထုတ် လုပ်သူ လူဝီချက်ပလက် ၁၉၀၈ ခုနှစ်က ပဲရစ်မြို့ကို အလည်အပတ်သွားရောက်စဉ်က တည်းခိုခဲ့တဲ့ ဟိုတယ်အခန်းနံရံပေါ်က အပွင့်ကလေးကို အတုယူထားတာဖြစ်ပါတယ်။ အချို့ကလဲ ချက်ပလက်အမှတ်တံဆိပ်ကို ကြက်ခြေနီကွက် နဲ့တူတယ်လို့ ပြောကြ ပါတယ်။

Chrysler 
 http://car-logos.50webs.com/logo/chrysler/chrysler2.jpg
 အမေရိကန်ကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ ခရိုင်စလာဟာ သူ့ရဲ့နှစ်ပေါင်း ၈၀ သက်တမ်းမှာ အမှတ်တံဆိပ် အမျိုးမျိုးအသုံးပြုခဲ့ပါတယ်။ ၁၉၆၂ ခုနှစ်မှာတော့ ခရိုင်စလာ အမှတ်တံဆိပ်ရွေးချယ်ပွဲကျင်းပပြီး ဒီဇိုင်းပညာရှင်တွေရဲ့ လက်ရာကို ဖိတ်ခေါ်ခဲ့ပါတယ်။ ဒီဇိုင်း ၇၀၀ ကျော်ထဲကနေ ငါးမြှောင့်ကြယ်ပုံကို ရွေးချယ်ခဲ့ပါတယ်။

Volvo 
http://www.allcarbrandslist.com/wp-content/uploads/2015/05/Volvo-Car-Logo.jpg
ဆွီဒင်နိုင်ငံထုတ် ဗော်လဗိုကားအမည်ကို ဘောသီးထုတ်လုပ်ရေးကုမ္ပဏီတစ်ခုရဲ့ အမည်ကနေ ယူထား တာဖြစ်ပါတယ်။ ၁၉၂၄ ခုနှစ်မှာတော့ ဆွီဒင်ကားကုမ္ပဏီက အဲဒီနာမည်ကို ယူသုံးခဲ့တာပါ။ အမှတ်တံဆိပ်ပုံစံက ရောမစစ်သားတွေကိုင်ဆောင်တဲ့ ဒိုင်းပုံစံဖြစ်ပါတယ်။ အလယ်ကနေ ချွန်ထွက်နေတဲ့ မြားပုံလေးဟာ အစကတော့ အလှပဲထည့်ထားခဲ့ပေမယ့် အခုတော့ ကုမ္ပဏီရဲ့ ဒီဇိုင်းမှာ အဓိက အကျဆုံးဖြစ်ပါတယ်။

Toyota 
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRVnihnrLROURwoVA-LC7eZDFn5u5X_OPA5Z6-Hlolswuggj_H76CukNhgegWLFsEU6m-RrICbs3sUdLtdYGBGBtSOR7dcCvSCb_x0h34k5PPWI5pldS_pHf4ccD8gL4Jg3t3qEaCmW0U/s1600/toyota%252Blogo%252Btoyota.jpg
၁၉၃၆ နှစ်မှာ ဂျပန်ကားကုမ္ပဏီပိုင်ရှင် ခီချီရိုတိုယိုဒါက သူ့တိုယိုဒါကားတွေအတွက် အမှတ်တံဆိပ်ရေးဆွဲ ပြိုင်ပွဲ ကျင်းပ ခဲ့ပါတယ်။ လူဦးရေ ၂၀၀၀ ကျော်ပါဝင်ပြိုင်ခဲ့ရာမှာ အမှတ်တံဆိပ်ကို စုတ်ချက် ရှစ်ချက်နဲ့ အပြီးရေးဆွဲလို့ရတဲ့ တိုယိုတာအမှတ် တံဆိပ်ကို ရွေးချယ်ခဲ့ပြီး ကားအမှတ်တံဆိပ်ကိုလဲ မူလတိုယိုဒါကနေ တိုယိုတာလို့ ပြောင်းခေါ်ခဲ့ပါတယ်။ ဂျပန်လူမျိုးတွေအတွက် ၈ ဆိုတာ ကံကောင်းစေတဲ့ ကိန်းဂဏန်းဖြစ်ပါတယ်။

Maserati 
http://logodatabases.com/wp-content/uploads/2012/03/maserati-logo-2012.jpg
ကားတွေကို အီတလီနိုင်ငံ ဘလုံညာမြို့က မဆယ်ရာတီ ညီအစ်ကိုများကုမ္ပဏီက ထုတ်လုပ်တာဖြစ်ပါ တယ်။ အမှတ် တံဆိပ်ကိုလဲ ဘလုံညာမြို့ ဗဟိုရင်ပြင်က နက်ပကျွန်းနတ်ရုပ်တုကို ထုပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။

Subaru 
http://bravuraauto.com/mills_james/Subaru%20Logo/Vert_4c_med_REV.jpg
ဂျပန်နိုင်ငံထုတ် ဆူဘာရူကားတွေရဲ့ အမှတ်တံဆိပ်ကတော့ ခြောက်မြှောင့်ကြယ်ဖြစ်ပါတယ်။ ဒါပေမဲ့ ရိုးရိုးခြောက်မြှောင့်တော့ မဟုတ်ပါဘူး၊ လေးမြှောင့်ကြယ်ကို အရှည်ဆွဲဆန့်လိုက်တဲ့ပုံပါ။ အဲဒါ တကယ်တော့ Taurus ကြယ်တာရာ ရဲ့ ပုံကို ထုတ်ထားတာဖြစ်ပါတယ်။ ထူးထူးခြားခြားကြည့်လိုက်ရင် ကြယ်ခြောက်ပွင့်ပေါ်နေပါလိမ့်မယ်။ အဲဒါ ဆူဘာရူရဲ့ ပင်ရင်း ကုမ္ပဏီ Fuji Heavy Industries ရဲ့ အဖွဲ့ဝင် ကုမ္ပဏီ ခြောက်ခုကို ကိုယ်စားပြုပါတယ်။

Hyundai 
http://jamesdeakin.ph/wp-content/uploads/2015/07/hyundai-logo-960x623.jpg
ကို ရီးယားကားကုမ္ပဏီရဲ့ အဓိပ္ပာယ်က “ခေတ်မီ”ဖြစ်ပါတယ်။ ကုမ္ပဏီဝန်ထမ်းနဲ့ ဈေးဝယ်ယူသူ လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံကို H ပုံစံဖော်ထားတဲ့ ကုမ္ပဏီရဲ့ အမည်အစားလုံးနဲ့လဲ တူတဲ့ ပါးနပ်တဲ့ အမှတ်တံဆိပ်ဒီဇိုင်းလေးပါ။


Porche  
 http://logok.org/wp-content/uploads/2014/07/porsche-logo-and-wordmark-1024x768.png
ကားတွေကို မြောက်အမေရိကမှာ Porche Cars ကုမ္ပဏီက ၁၉၅၁ ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့ပါတယ်။ Porche ကားဒီဇိုင်းရေးဆွဲသူ Ferdinand Porche နဲ့ ၁၉၅၁ ခုနှစ်က နယူးယောက်မြို့ စားသောက်ဆိုင်တစ်ဆိုင်မှာ စားပွဲတင် လက်သုတ် ပ၀ါပေါ် ရေးဆွဲခဲ့ပြီး အတည်ပြုရွေးချယ်ခဲ့တာဖြစ်ပါတယ်။

Rolls-Royce 
 https://s-media-cache-ak0.pinimg.com/236x/58/d5/fe/58d5fefb63e4b7e584afc090649b03ec.jpg
ကားကို အင်္ဂလန်နိုင်ငံမှာ ထုတ်လုပ်ပါတယ်။ အသုံးပြုနေတဲ့ အမှတ်တံဆိပ်ကို ၁၉၁၁ ခုနှစ်မှာ ချာလီစကိုင်း ဆိုသူက ရေးဆွဲခဲ့ပါတယ်။ Rolls-Royce  ရဲ့ အစစားလုံး နှစ်လုံးကို ထပ်ပူးပြီး ရေးဆွဲထားပြီးတော့ ကုမ္ပဏီရဲ့ စည်းလုံး ညီညွတ်မှု ကို ကိုယ်စားပြုပါတယ်လို့ လေ့လာရေးသားလိုက်ရပါတယ်။

Writer : TMK
Source : ရတနာပုံ

No comments:

Post a Comment