Friday 8 April 2016

လူပျိုကြီး ဖြစ်၇ခြင်း အကြောင်း၇င်းများ

http://www.gstatic.com/tv/thumb/tvbanners/12343553/p12343553_b_v8_ab.jpg
တစ်ခါတလေ ကိုယ့်ရုပ်ကိုယ့်ရေနဲ့ ချစ်သူတစ်ယောက် ပိုင်ဆိုင်ထားသင့်ပါလျှက် ဘာကြောင့် မပိုင်ဆိုင်နိုင်သေးတာလဲဆိုပြီး သို့လောသို့လော ဖြစ်နေတဲ့ အမျိုးသားတွေ ရှိပါလိမ့်မယ်။ အမှန်တော့ အချစ်ဆိုတာ ရုပ်ရည်၊ ပစ္စည်းဥစ္စာကို အဓိက ထား ရွေးချယ်ကြတာမျိုး မဟုတ်ဘဲ၊ သင့်မှာ အခြား ချို့ယွင်းချက်တွေ ရှိနေရင်လည်း မိန်းကလေးတွေ နှစ်သက်ဖို့ အတော် ခက်ပါလိ့မ်မယ်။ ဒါကြောင့် ကျွန်တော်တို့ မသိနိုင်တဲ့ အားနည်းချက် (၈) ခုကို ဖော်ပြပေးလိုက်ပါတယ်။

(၁) သူငယ်ချင်းအပေါင်းအသင်း ခုံမင်လွန်းသူ
ချစ်သူတစ်ယောက်ကြောင့် သူငယ်ချင်းကို မစွန့်လွှတ်နိုင်ဘူးဆိုတာ သဘာကျပါတယ်။ အခုဟာလည်း သူငယ်ချင်းတွေကို စွန့်လွှတ်ဖို့ တိုက်တွန်းတာမဟုတ်ပါဘူး။ ဒါပေမယ့် သူတို့အတွက် ပေးတဲ့အချိန်နဲ့ ကောင်မလေးပေါ်မှာ ပေးတဲ့အချိန် ကွာဟချက်မှာ ကောင်မလေးဘက်ကို အနုတ်လက္ခဏာပြရင် သူက ဘယ် ချစ်ရဲမလဲ။

(၂) စိတ်တိုတတ်လို့

မိန်းကလေးအများစုဟာ နူးညံ့သိမ်မွေ့ကြပါတယ်၊ ဒီလိုပဲ သူတို့နဲ့ လက်တွဲမယ့်သူဟာလည်း သူတို့နဲ့ ထပ်တူကျနိုင်တဲ့ သဘောထားမျိုး ရှိဖို့လိုပါတယ်။ သင်ဟာ စိတ်လိုက်မာန်ပါ လုပ်တတ်သူတစ်ယောက် ဖြစ်နေရင် သူတို့ အနာဂတ်ရေးအတွက်လည်း စိုးရိမ်ဖွယ်ရာ ဖြစ်ပါတယ်။

(၃) ပါးစပ်ပိတ်ထားရမယ့်အချိန်ကို မသိခြင်း

သူတို့တစ်တွေ စိတ်ထဲမှာ လှိုက်လှိုက်လှဲလှဲ ခံစားနေရတဲ့အချိန် သင်က ပါးစပ်က ပူညံပူညံ လုပ်နေတာမျိုးတွေဟာလည်းသင့်ကို အမှတ်လျှော့စေပါတယ်။

(၄) ကျန်းမာရေး မကောင်းဘူး
အထူးသဖြင့် သူတို့ ယုံကြည်အားကိုးလို့ ဘ၀တစ်ခုလုံး ပုံအပ်ရမယ့် အမျိုးသားဟာ ရုပ်ပိုင်းရော စိတ်ပိုင်းပါ ကျန်းမာနေဖို့ လိုပါတယ်။ မဟုတ်ရင် လင်တစ်ယောက်ရတာသာ အဖတ်တင်ပြီး လူမမာလင်သည်ကြီး ပြန်လုပ်ကျွေးရမယ့် အနေအထားကို ဘယ်မိန်းမသားမှ သဘောမကျနိုင်ပါဘူး။

(၅) ဘာမှ ကမ်းလှမ်းမှု မလုပ်မိတာ

မိန်းကလေးတစ်ယောက်ကို သဘောကျနေရုံနဲ့ မပြီးပါဘူး။ သူတို့ ဘာတွေ သဘောကျသလဲ၊ ဘာလုပ်ပေးရင် စိတ်လှုပ်ရှားမှု ဖြစ်စေမလဲ၊ ဘယ်လို လက်ဆောင်ပေးရင် နှစ်သက်မလဲ-ဆိုတဲ့ လိုလိုလားလား လုပ်ဆောင်ပေးမှုတွေလုပ်ပေးမှကောင်မလေးတွေက အသိအမှတ်ပြုမှာပါ။

(၆) လိုအပ်ချက်တွေ များလွန်းတယ်

မိန်းကလေးတစ်ယောက် ယောက်ျားလေးအပေါ်မှာ တွက်ချက်ပုံက တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ ဒီတော့အခြေခံ ပြည့်စုံနေရမယ့် အချက်တွေကတော့ ကွဲပြားမှုတွေ ရှိပါလိ့မ်မယ်၊ ပညာ၊ ဥစ္စာ၊ ရုပ်အဆင်း၊ ကျန်းမာရေး၊ လူမှုဆက်ဆံရေး-စတာတွေမှာ သူတို့သဘောမကျတဲ့ လိုအပ်ချက်တွေ ရှိနေရင်လည်း ဖြစ်တတ်ပါတယ်။

(၇) အူကြောင်ကြောင် ဖြစ်နေလို့
ပျော်ပျော်နေတတ်တာနဲ့ အူကြောင်ကြောင် နေတာ မတူပါဘုး။ အူကြောင်ကြောင်က ဘယ်ကနေ လာသလဲဆိုရင် အူတူတူ ကနေ လာပါတယ်။ အတူတူက ဘယ်က လာသလဲဆိုရင် အတတကနေ လာပါတယ်။

(၈) ဆွဲဆောင်မှု မရှိဘူး
ဘယ်လောက်ပဲ ပုဂ္ဂိုလ်ရေး ပြည့်စုံနေပါစေ အပြင်ပန်း ဆွဲဆောင်မှုမရှိရင်လည်း ကောင်မလေးတွေက စိတ်မ၀င်စားတတ်ပါဘူး။ ဒီတော့ သင့်ရဲ့ ပြင်ပ အသွင်အပြင်ကိုလည်း ပြန်လည် စစ်ဆေးတာမျိုးတွေလည်း လုပ်ပေးရပါမယ်။

Credit - Lwin Pyin | လွင်ပြင် သတင်း

No comments:

Post a Comment