Saturday 9 April 2016

သင့် သွေးအမျိုးအစားက ဘာတွေ ပြောနိုင်ပါသလဲ


 
ဂျပန်ရိုးရာ ဓလေ့အရ လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ ကိုယ်ရည်ကိုယ်သွေးကို သူ့ရဲ့ သွေးအမျိုးအစားကနေ ပြောပြနိုင်တယ်လို့ ဆိုပါတယ်။ ဒါကို သိပ္ပံနည်းကျ အထောက်အထားတွေနဲ့လည်း သက်သေပြပြီး ဖြစ်ပါတယ်။

A သွေး
A သွေးအမျိုးအစားထဲမှာ စိတ်ဖိစီးမှု ဖြစ်စေတဲ့ ကော်တီစော ဟော်မုန်းဓာတ်များပြားတာတွေ့ရပါတယ်။ A သွေးပိုင်ရှင်တွေက B နဲ့ O သွေးပိုင်ရှင်တွေထက် အစာအိမ်ကင်ဆာ ဖြစ်နိုင်ချေ ၂၀% ပိုများသလို အခြား ကင်ဆာရောဂါ အမျိုးမျိုး ဖြစ်နိုင်ချေလည်း ပိုများတာ တွေ့ရပါတယ်။ စိတ်နေစိတ်ထားအနေနဲ့ကတော့ ရိုးသားတယ်၊ စိတ်ကူးယဉ်တတ်တယ်၊ အာရုံခံစားလွယ်ပြီး သည်းခံတတ်တတ်။ တာဝန်ယူတတ်တဲ့ သဘောထားတွေရှိပါတယ်။

B သွေး
O သွေးပိုင်ရှင်တွေထက် နှလုံးရောဂါ ဖြစ်နိုင်ချေ ၁၁% ပိုများပါတယ်။ ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ AB နဲ့ B သွေးပိုင်ရှင်တွေက သားအိမ်ကင်ဆာ ဖြစ်နိုင်ချေ ပိုများတာ တွေ့ရရှိရပါတယ်။ B သွေးပိုင်ရှင်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ကတော့ စိတ်ဆန္ဒပြင်းပြပြီး၊ တက်ကြွပြီး စိတ်ဓာတ် ခိုင်မာတယ်။ ဒါပေမဲ့ သူတို့က တကိုယ်ကောင်းဆန်ပြီး တာဝန်ယူလိုစိတ်မရှိတာ၊ ခွင့်မလွှတ်ပေးတတ်တာနဲ့ ကြိုတင် မှန်းဆထားလို့ မရနိုင်တဲ့ လူစားမျိုးတွေ ဖြစ်ပါတယ်။

AB သွေး
AB သွေးပိုင်ရှင်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ သွေးဖိအားနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်တတ်ပါတယ်။ AB သွေးပိုင်ရှင် ၈၂%က မှတ်ဥာဏ်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ရှိတတ်ပါတယ်။ မေ့တတ်တာမျိုး၊ ဘာသာစကား သင်ရာမှာ ခက်ခဲတတ်တာမျိုး၊ အာရုံစူးစိုက်မှု အားနည်းတာမျိုးတွေ ဖြစ်တတ်ပါတယ်။ AB သွေးပိုင်ရှင်တွေက ထိန်းချုပ်နိုင်တယ်။ အဆင်ပြေအောင် လိုက်လျောညီထွေ နေတတ်တယ်။ အာရုံခံစားလွယ်တယ်။ ဒါပေမဲ့ ဝေဖန်တတ်တယ်၊တွန့်ဆုတ်တယ်၊ အလေးမထားတတ်ဘူး။

O သွေး
O သွေးပိုင်ရှင်တွေက အူတွင်းနာနဲ့ အရွတ်ယောင်တဲ့ ရောဂါတွေ ဖြစ်နိုင်ချေ ပိုများတယ်။ ဝမ်းလျှောရောဂါ ဖြစ်နိုင်ချေလည်းများပေမဲ့ ငှက်ဖျားရောဂါ ဖြစ်နိုင်ချေ လျော့နည်းတာတွေ့ရပါတယ်။ သူတို့ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကတော့ ယုံကြည်မှုရှိတယ်၊ အလိုအလျောက် သိတဲ့စိတ်မျိုးရှိတယ်။စိတ်ဆန္ဒအားကောင်းပေမဲ့ အတ္တကြီးတယ်၊အေးစက်တယ်၊အမှားလုပ်မိလွယ်တဲ့ စိတ်ထားမျိုးတွေ ရှိပါတယ်။

Ref: :reldigezt

No comments:

Post a Comment