Sunday 25 September 2016
စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်ရှိ မြို့ကြီးများ အင်အားပြင်း မြေငလျင်အန္တရာယ်ရှိ
စစ်ကိုင်းပြတ်ရွေ့ တစ်လျှောက်ရှိ မြို့ကြီးများ ဖြစ်သည့် မြစ်ကြီးနား၊ တကောင်း၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ငူ၊ ဖြူးနှင့် ပဲခူးမြို့တို့သည် ချောက်မြေငလျင်ကဲ့သို့ အင်အားပြင်း မြေငလျင်ကြီးများ လှုပ်ခတ်ခဲ့ပါက ဘေးအန္တရာယ်ကြီးမားစွာ ကျရောက်နိုင်ပြီး အလားတူ လူဦးရေ ထူထပ်များပြားသည့် ရန်ကုန်မြို့သည်လည်း ဘေးအန္တရာယ်ကြီးစွာ ကျရောက်နိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေးချက် ထုတ်ပြန်သည်။
စစ်ကိုင်းပြတ်ရွေ့၏ အနောက်ဘက် ၃၅ ကီလိုမီတာ အကွာတွင် တည်ရှိနေသည့် ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးအချို့မှာ အင်အားပြင်း မြေငလျင်လှုပ်ခတ်မည့် အန္တရာယ် ရှိနေပြီး ငလျင်လှုပ်ခတ်ခဲ့ပါက အပျက်အစီး အဆုံးအရှုံး များနိုင်ကြောင်း မြေငလျင်ကျွမ်းကျင်ပညာရှင်များက ပြောကြားသည်။
“လေ့လာချက်တွေအရ စစ်ကိုင်းပြတ်ရွေ့က Active (လှုပ်ရှားမှု) ဖြစ်လာနေတဲ့အတွက် ဒီပြတ်ရွေ့တစ်လျှောက်မှာ ရှိတဲ့မြို့တွေက အန္တရာယ် ပိုများနေတယ်” ဟု ၎င်းက ဆိုသည်။
ယင်းကြောင့် မြန်မာနိုင်ငံ၏ အဓိက ပြတ်ရွေ့ကြောဖြစ်သည့် စစ်ကိုင်းပြတ်ရွေမှာ ဘေးတိုက်ပြတ်ရွေ့ ဖြစ်သည့်အတွက် ငလျင်လှုပ်ခတ်ခဲ့ပါက အထက်အောက် လှုပ်ရှားမှုမျိုးထက် ဘေးတိုက်လှုပ်ရှားမှုကို ပို၍ခံစားရနိုင်ပြီး ထိခိုက်ပျက်စီး ဆုံးရှုံးမှု များနိုင်ကြောင်း မြန်မာနိုင်ငံ မြေငလျင်ကော်မတီက သတိပေး ပြောဆိုသည်။
Credit: the voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment