Sunday 7 August 2016

အိမ်ခင်း၊ အိမ်ကာရန် ကုန်ကျမည့် ပျဉ်တွက်နည်း

 

ပျဉ်တွက်နည်းမှာ အလျားပေကို တည်၍တစ်ပေရှိ ၁၂ လက်မနှင့် မြှောက်ပြီးလျှင်၊ ခင်းမည့်ပျဉ်ချပ်၏
လက်မနှင့်စားခြင်းဖြင့် ရလဒ်သည် ပျဉ်ချပ်ဦးရေပင်ဖြစ်သည်။

ပျဉ်ချပ်ဦးရေကို အိမ်၏ အနံပေနှင့်ထပ်မြှောက်ခြင်းဖြင့် လိုသည့်ပျဉ်ချပ်ပေရှည်ကို ထပ်၍သိရှိနိုင်သည်။
တွက်နည်းပုံစံ
ဥပမာ- အလျား ၂၈ ပေ၊ အနံ ၂၀ ပေရှိသောအိမ်၏ကြမ်းပြင်ကို ၄x၁ လက်မ လျှာထိုးခင်းလိုလျှင်
ပျဉ်ချပ်ပေါင်းမည်မျှကုန်မည်ကို တွက်သောအခါ …
(၂၈ x ၁၂ ) / (၄ x ၁) = ၈၄ ပျဉ်ချပ်ပေါင်း
လိုအပ်သည့်ပျဉ်ချပ်ပေရှည်ကို တွက်မယ်ဆိုရင် ပျဉ်ချပ်ဦးရေကို အိမ်၏ အနံပေနှင့်မြှောက်ပါ။
၈၄ x ၂၀ = ၁၆၈၀ ပေရှည်
ထိုကြောင့်လိုအပ်သော ပျဉ်ချပ်အရှည်မှာ ၁၆၈၀ ပေဖြစ်သည်။

Credit : Winningland.org

No comments:

Post a Comment