Sunday 7 August 2016

မြေမျိုးများနှင့် ယင်းတို.၏သင်္ကေတများ








ပထမအဆင့်အနေဖြင့် ကွင်းအလိုက် ကွင်းမြေပုံ အသုံးပြုကာ ဦးပိုင်တစ်ခုချင်း၏ စိုက်ပျိုးသော သီးနှံအမျိုးအစားပေါ် မူတည်၍ အစိုစိုက်၊ အခြောက်စိုက် ဧရိယာများ ခွဲခြားမှတ်သားရပါသည်။
နှစ်ရှည်သီးနှံစိုက် ဥယျာဉ်ခြံ သီးနှံစိုက်များ ခွဲခြားရပါသည်။ ထိုသို. ခွဲခြားရာမှ အစိုစိုက်မြေများတွင် ရေရယူ ဖန်တီး စိုက်ပျိုးရသည့် အနေအထားအရ ဆည်ရေသောက်လယ်၊ တန့်ဆည်ရေဝပ်၊ မိုးကောင်းစိုက်လယ်၊
ရေကျနောက်စိုက်၊ မုရင်း စသည်ဖြင့် လယ်မြေအမျိုးအစားများ ခွဲခြားပါသည်။
အခြောက်သီးနှံမြေများကို ယာမြေဟု သတ်မှတ်ပါသည်။
မိုးအခါ မြစ်ချောင်းရေအောက်သို့ ရောက်ရှိနေပြီး နွေ/ဆောင်း မှသာ စိုက်ပျိုးနိုင်သည့် ကုန်းမြေများ၊ နုံးတက်မြေများကို ကိုင်းမြေဟု သတ်မှတ်ပါသည်။
သစ်သီးသစ်ပင် စိုက်မြေများကို ဥယျာဉ်ခြံမြေဟု သတ်မှတ်ပါသည်။
ဒုတိယအဆင့်အနေဖြင့် ရေနေရေထား၊ မြေဆီလွှာအခြေအနေ၊ သီးနှံဖြစ်ထွန်းမှု၊ အထွက်နှုန်း ကောင်းမွန်မှု၊ စိုက်ပျိုးမှုပုံသဏ္ဍာန်အခြေအနေများကို စံကွက်များ ရိတ်သိမ်းခြင်း၊ ကျေးရွာ သမာဓိလူကြီးများနှင့်ညှိနှိုင်းခြင်း၊ စုံစမ်းလေ့လာမှုများပြုလုပ်၍ မြေအတန်းအစားများ ခွဲခြားရပါသည်။
မြေအမျိုးအစားအလိုက် ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်း၊ ပဉ္စမတန်း ဆိုသည့် Soil Class များ ရရှိလာပါသည်။ R1/ R2/ R3/ R4/ . . . စသည်ဖြင့် R7 အထိ ခွဲခြားရရှိတတ်ပါသည်။ ထို့အတူ ယာမြေများတွင်လည်း Y5 အထိ ခွဲခြားထားခြင်း ရှိပါသည်။Credit : Aung Pyay အိမ်ခြံမြေအကျိုးဆောင်

No comments:

Post a Comment