Friday 24 June 2016

မြန်မာ့ ကုန်သွယ်မှု ဘက်စုံလေ့လာ ဆန်းစစ်တဲ့ အစီရင်ခံစာ ထုတ်ပြန်

နေပြည်တော
ကမ္ဘာ့ဘဏ်က ရေးဆွဲထားပြီး မြန်မာနိုင်ငံ၏ ပို့ကုန်တိုးမြှင့်ရေးအတွက် အရေးကြီးသည့်
အကြံပြုချက်များ ပါဝင်သော ကုန်သွယ်မှု ဘက်စုံလေ့လာ ဆန်းစစ်ခြင်းအစီရင်ခံစာ
(Myanmar Diagnostic Trade Integration Study-DTIS) ကို မြန်မာနိုင်ငံအစိုးရနှင့်
ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းကာ နေပြည်တော်တွင် ဇွန် ၂၀ ရက်က တရားဝင် မိတ်ဆက်ခဲ့
သည်။အစီရင်ခံစာမှာ မြန်မာနိုင်ငံအတွက် အလွန်အရေးပါကြောင်း ဒုတိယသမ္မတ
ဦးမြင့်ဆွေက ပြောသည်။
နိုင်ငံတကာတွင် စီးပွားရေးနှေးကွေးလာနေပြီး မြန်မာနိုင်ငံ သည်
 နိုင်ငံတကာနှင့်ပေါင်းစည်းနိုင်ရန်ကြိုးပမ်းလျက်ရှိချိန်တွင် ကုန်သွယ်ရေးတိုးတက်ရန်အတွက် ပြုပြင်
ချက်များကို အစီ ရင်ခံစာတွင် ဖော်ပြထားသည်။

"ဘယ်နယ်ပယ်၊ ဘယ်လုပ်ငန်းတွေမှာ အတားအဆီးတွေရှိနေလဲ၊ ဘယ်လို နည်းပညာ
ပံ့ပိုးကူညီမှုတွေ လိုအပ်နေသလဲ၊ ဘယ်လိုမူဝါဒတွေ ပြောင်းလဲဖို့ လိုအပ်နေသလဲ စတဲ့ အချက်တွေကို လေ့လာသုံးသပ်ဖော်ထုတ်ပေးထားတာ ဖြစ်ပါတယ်"
ဟု ဦးမြင့်ဆွေက
ပြောသည်။


အစီရင်ခံစာတွင် မြန်မာနိုင်ငံအတွက် လိုအပ်သော အချက်များကို မီးမောင်းထိုးပြ ထားသည့်
အပြင် အားနည်းချက်များကိုမည်ကဲ့သို့ ပြုပြင်ကျော်လွှားရမည် ဆိုသည့် အချက်များကိုလည်း
ဖော်ထုတ် တင်ပြထား ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်
ဦးမင်းမင်းက မီဒီယာများကို ပြောကြားသည်။"ဒီအစီရင်ခံစာက နေပြီးတော့ စီမံချက်တွေ
 ထွက်လာမယ်။ ဒါတွေက ကောင်းတယ်။ ဒါပေမဲ့ အကောင် အထည်ဖော် ဆောင်ရွက်တာကလည်းအရေးကြီးတယ်။ မြန်မာနိုင်ငံအနေနဲ့
ဒီအစီရင်ခံစာပါ အချက်တွေထဲကအတိုင်း အကောင်အထည်ဖော်သွားရင်းနဲ့ ၀င်ငွေအလယ်
အလတ်ရှိတဲ့ နိုင်ငံအဆင့် ရောက်တဲ့အထိ အကောင်အထည်ဖော်သွားရမှာ ဖြစ်ပါတယ်"ဟု
၎င်းက ပြောသည်။

DTIS သော အစီရင်ခံစာသည် မြန်မာ နိုင်ငံအတွက် မရှိမဖြစ် အရေးပါပြီး အစီရင် ခံစာပါ
ရလဒ်များကို အသုံးချကာ ကုန်သွယ် ရေး တိုးတက်စေရန် ဆောင်ရွက်နိုင်ပါက ဆင်းရဲနွမ်းပါး
သူများ၊ နယ်စပ်ဒေသများတွင် နေထိုင်သူများအတွက် အလုပ်အကိုင်နှင့် ၀င်ငွေအခွင့်အလမ်းများ
ရရှိလာမည်ဖြစ် ကြောင်း Enhanced Integrated Frame work ၏ အမှုဆောင်ဒါရိုက်တာ
Dr Ratnakar Adhikari က ပြောကြားသည်။
"ရှေ့ ဆက်သွားမယ့် ရည်မှန်းချက်တွေချထားပြီး
ဖြစ်လို့ ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ အပိုင်း ကို ရိုးရှင်းအောင်သွားဖို့နဲ့ တိုးတက်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ဖော်ပြထားပါတယ်။ ဒါတွေကို အသုံးချနိုင်ရင် ကျိန်းသေ ပေါက်
အောင်မြင်မယ်လို့ မျှော်လင့်ထားပါတယ်"ဟုလည်း ၎င်းက ပြောသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာကိုယ် စားလှယ် Mr Abdoulaye Seck က အဆိုပါ အစီရင်ခံစာသည် မြန်မာနိုင်ငံအတွက် နိုင်ငံတကာစီးပွားရေး အသိုက်အ၀န်းထဲဝင်ဆံ့နိုင်အောင် လေ့လာအကြံပြုပေးထား ခြင်းဖြစ်ကြောင်း ပြောသည်။
အကြံပြုချက် အရ နိုင်ငံပြုပြင်ပြောင်းလဲရေး အရှိန် အဟုန်ကို ဆက်လက် ထိန်းထားနိုင်ရေး၊
သယံဇာတအပေါ် မှီခိုနေရမှုမှ အခြားသော ထုတ်ကုန်များ၊ ၀န်ဆောင်မှုများနှင့် ရေရှည်
တည်တံ့သော စိုက်ပျိုးရေးကို တွန်းအားပေးရေးနှင့် မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ
စသည့် အချက်သုံးချက် ပါဝင်သည်။




ယခုနှစ်အတွက် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို ၂ ဒသမ ၉ ရာခိုင်နှုန်း ခန့်မှန်းထား
ခဲ့သော်လည်း ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ လျော့ ကျသွားခဲ့သည်။ အဆိုပါအခြေအနေ
အရ နိုင်ငံများတွင် စီးပွားရေးမူဝါဒ ထိန်းညှိမှု ဆောင်ရွက်ချက်များကြောင့် အလိုက်သင့်
ပြုပြင်ပြောင်းလဲရန်လည်း လိုအပ်နေ ကြောင်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ပါရှိသည်။
ယင်းတို့အနက် အရှေ့တောင် အာရှနိုင်ငံများသည် ပို့ကုန်တင်ပို့သည့် နိုင်ငံများအဖြစ်
အခိုင်အမာ တိုးတက်နေ လျက်ရှိရာ မြန်မာနိုင်ငံမှာလည်း တစ်ကမ္ဘာလုံးနှင့် ပေါင်းစည်းမှု
အလျင်အမြန်မြင့်မား လာရေး၊ ကုန်သွယ်မှုများ မြန်မြန်ဆန်ဆန် ပေါင်းစည်းနိုင်ရန်တို့
အရေးကြီးကြောင်း ဦးမြင့်ဆွေက ပြောကြားသွားသည်။

ဒီနေ့ထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တွဲဖက်အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က အစိုးရရဲ့ စီးပွားရေးမူဝါဒတွေမှာ အစီရင်ခံစာပါ အချက်အလက် တွေကို ထည့်သွင်း စဉ်းစားနိုင်ဖို့နဲ့ အစိုးရနဲ့ ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်နိုင်ဖို့အတွက် များစွာအထောက်အကူ ဖြစ်တယ် လို့ အခမ်းအနား အပြီးမှာ မီဒီယာတွေကို ပြောဆိုပါတယ်။

“ဒီ Report က ၂၀၁၄ ကတည်းက စလုပ်ခဲ့တာ။ Sector အကုန်လုံးပါတယ်။ Stakeholder အကုန်လုံးကိုလည်း ကမ္ဘာ့ ဘဏ် က လိုက်မေးပြီးမှ ဒီ Report ကို ထုတ်တာ။ အခက်အခဲတွေ၊ အကြံဥာဏ်တွေ ဘယ်လိုဖြစ်သင့်လဲ၊ ဘာတွေဖြစ်ချင် လဲ ဆိုတာတွေကို အကုန်လုံး ပေါင်းစည်းပြီးတော့မှ ဒီအစီရင်ခံစာကို တင်ပြကြပါတယ်”လို့ ဒေါ်ခိုင်ခိုင်နွယ်က ဆိုပါတယ်။

အစီရင်ခံစာမှာ ရုပ်ပိုင်းဆိုင်ရာ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်ဖို့အပြင် ကုန်သွယ်ရေးအတွက် ဆောင်ရွက်နေတဲ့ ဌာနဆိုင်ရာတွေရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်သွားဖို့ (Soft Infrastructure) ကိုလည်း အလေးပေးပြီး ဆောင်ရွက် သွားဖို့ အကြံပြုထားသလို အသေးစား၊ အလတ်စား စီးပွားရေး(SME)လုပ်ငန်းတွေ ငွေကြေးအရင်းအနှီး ပိုမို ရရှိနိုင်အောင် လို့ တိုးမြှင့်ဆောင်ရွက်ပေးဖို့ အကြံပြုထားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အကြီးတန်း စီးပွားရေးပညာရှင် Sjamsu Rahardja က ပြောဆိုပါတယ်။

စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ဒေါက်တာ သန်းမြင့်က မြန်မာနိုင်ငံဟာ သဘာဝ သယံဇာတနဲ့ စိုက်ပျိုးရေး ဆိုင်ရာ အရင်းအမြစ်များ၊ လုပ်သားအင်အား၊ မဟာဗျူဟာ တည်နေရာ အနေအထားတို့အရ အားသာချက်ရှိတဲ့အပြင် ဒေသတွင်း ကမ္ဘာ့လူဦးရေ ၄၀ ရာခိုင်နှုန်းရဲ့ ဗဟိုချက်မှာ တည်ရှိနေတဲ့အတွက် ဈေးကွက်ကြီးတခုကိုလည်း ပိုင်ဆိုင် ထား ပေမယ့် စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တယ်လို့ ဒီအခမ်းအနားမှာ တင်ပြပြောဆိုပါတယ်။

ကုန်သွယ်မှုတွေအတွက် ကုန်ကျစရိတ် မြင့်မားနေတာ၊ ကုန်စည်များရဲ့ အရည်အသွေးနဲ့ စံချိန်စံညွှန်းဆိုင်ရာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးမှု မရှိသေးတာ၊ ကုန်သွယ်မှုကို မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားအဖြစ် အသုံးချနိုင်ဖို့ အစိုးရဌာနတွေအတွင်း မူဝါဒပိုင်းဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှု အားနည်းနေတာတွေ ရှိနေတယ်”လို့ ဒေါက်တာ သန်းမြင့်က ပြောပါတယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာ့ ကုန်သွယ်ရေး နိုင်ငံတခုဖြစ်ပြီး ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့ရဲ့ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကူအညီပေးတဲ့အစီအစဉ် “Enhanced Integrated Framework (EIF)” မှာ ၂၀၁၃ ခုနှစ် ဧပြီလမှာ စတင်ပါဝင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီ EIF အစီအစဉ်ဟာ ဖွံ့ဖြိုးမှုနည်းပါးတဲ့ နိုင်ငံတွေကို ကမ္ဘာ့ကုန်သွယ်မှုမှာ အကောင်းဆုံး ပါဝင်ဆောင်ရွက်နိုင်ပြီး အကျိုး အမြတ် ဖြစ်ထွန်းရေးအတွက် လိုအပ်တဲ့ နည်းပညာတွေ အကူအညီပေးတဲ့ အစီအစဉ်တခု ဖြစ်ပါတယ်။

ကုန်သွယ်မှုဆိုင်ရာ ဘက်စုံလေ့လာ ဆန်းစစ်မှု (Diagnostic Trade Integration Study – DTIS) ဟာ EIF အစီအစဉ်ရဲ့ အခြေခံ အုတ်မြစ်ဖြစ်ပြီး ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံအတွက် တာဝန်ယူပြုစုခဲ့ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

Report is not able to find. Sample of other countries reports are here.

No comments:

Post a Comment