Friday 10 June 2016

ထမင်းကောင်းတစ်အိုးရဲ့ လျို့ဝှက်ချက်များ


 















၁ ။ ရှာလကာရည်
ထမင်းချက် ရာတွင် ရှာလကာရည် တစ်စက်နှစ်စက် ထည့်ပေးရုံဖြင့် အနံ့အရသာကို ပိုမိုထင်ပေါ်မွှေး ပျံ့စေသည့် အပြင်ရာသီဥတု အလွန်ပူပြင်း၍ ထမင်း သိုးခြင်းကို ကာကွယ်ပေးနိုင် ပါတယ်။
၂ ။ ဘီယာ
ဆန်ဟောင်းများ အထားကြာသွားပြီး ချက်ပြုတ်ရာမှာ အနံ့ အရသာ ဆန်သစ်လောက် မကောင်းတဲ့ချိန်မှာ
စိတ်ပူစရာ မလိုပါဘူး ၊ထမင်းချက်ချိန်မှာ ဘီယာ အနည်းငယ် သာထည့်ပေးလိုက်ပါပေါ်ဆန်းမွှေး ကဲ့သို့မွှေးပျံ့တဲ့ ထမင်းကိုရရှိ မှာဖြစ်ပါတယ်။
၃ ။ မြေပဲဆီ
ထမင်းချက်ရာမှာ ဆားအနည်းငယ် နဲ့မြေပဲဆီအနည်း ငယ်ထည့်ပြီး အသာမွှေပေး လိုက်ပါဆန်ဖွာခြင်း မရှိဘဲ ခံတွင်းတွေ့စေမယ့် ထမင်းကိုရရှိ မှာဖြစ်ပါတယ်။
၎ ။ ဆား
လက်ကျန် ထမင်းကိုပြန်နွှေးရာတွင် ဆားအနည်းငယ် ထည့်ပေးခြင်းဖြင့် အနံ့ဆိုးများကိုပျောက်စေမည့် အပြင်ထမင်းကိုလည်းနူး ညံ့စေ ပါတယ်။
၅ ။ ဆန်အရက် ( အရက်ဖြူ )
ထမင်းကြော်ရာတွင် အရက်သုံးလေးစက် အနည်းငယ်ထည့်ကြော်ပေး ပါကနတ်သုဒ္ဒါပမာ ထမင်းအရသာကို ရရှိစေမှာဖြစ် ပါတယ် အကယ်၍ ထမင်းကျက်တ၀က် မကျက်တ၀က် အခြေနေမျိုးတွေ့ ကြုံနေပါက ဆန်အရက် ဇွန်းနှစ်ဇွန်းစာ ထည့်ပြီးနွှေးပေးခြင်းဖြင့် ထမင်းကို လုံးဝကျက်စေ မှာဖြစ်ပါတယ်။
၆ ။ ရေကျက်အေး
ထမင်းချက်ရာတွင်ရေ ကျက်အေးဖြင့် ချက်ပေးပါက ဆန်မှာပါဝင်တဲ့ ဗီတာမင် B1 ဓာတ်ကို အပြည့် အ၀ ရရှိစေမှာဖြစ် ပါတယ်။
၇ ။ ကြက်သွန်မြိတ်
ထမင်းတူးသွားပါက ထမင်းကြားထဲကို ကြက် သွန်မြိတ် တစ်ပင်ခဏ ဖုံးအုပ်ထား လိုက်ပါတူးနံ့ များ ယူပစ် သလိုပျောက် သွားစေ ပါတယ်။
၈ ။ လက်ဖက်ရည် ကြမ်း
ရေနွေးကြမ်းကို ထမင်းချက်ရာမှာ ထည့်ပြီး သာမာန် အတိုင်း ထမင်းရေငှဲ့ချက်လျှင် ရရှိလာတဲ့ ထမင်းက အနံ့အရသာ ကိုပြည့်စုံစေရုံသာမက အဟာရလည်း အလွန်ဖြစ်စေပါတယ်။
၉ ။ သံလွင်ဆီ
ထမင်းချက်ရာတွင် သံလွင်ဆီအနည်းငယ် ထည့်ပေးပါက ဆန်ထဲရှိ သကြားဓာတ် တိုးမြှင့်မှုကိုထိန်းချုပ်နိုင်စေသည့် အပြင် အစာအိမ် ကိုလည်း ဥပါဒ်မဖြစ်စေ ပါဘူး။ဆီးချိုသမားများ အတွက်အထူးသင့်လျော် ပါတယ်။
* အိမ်ရှင်မများ အရသာပြည့်ဝတဲ့ မိသားစု ထမင်းဝိုင်းလေး ဖန်တီးနိုင်ကြပါစေ *

Source : နေ့စဉ်သတင်းထူးများ

No comments:

Post a Comment