Wednesday 11 May 2016

ကိန်းဂဏန်းတွေက သင့်ဘဝကို အဆုံးအဖြတ်ပေးလိမ့်မယ်

http://journeywithdestiny.com/wp-content/uploads/2014/10/life-in-numbers.jpg

၁ သင်စုဆောင်းထားတဲ့ငွေကြေးများ
၂ သင့်ရဲ့အသက်
၃ ကျန်းမာရေးလေ့ကျင့်ခန်းပြုလုပ်သောအချိန်
၎ သင်ချမှတ်ထားသော ပန်းတိုင်အတွက် အသုံးပြုချိန်
၅ သင့်ပညာရေး ရလဒ်များ

တော်တော်များဟာ ဝင်ငွေတွေကိုသာ ရေတွက်ကြပြီး ထွက်ငွေတွေကျတော့ မသိချင်ယောင်ဆောင်ထားကြတယ်။
နေ့စဉ် ထွက်ငွေတွေကို အမျိုးအစားအလိုက် မှတ်သားသွားဖို့လိုတယ်။ လကုန်ရက် စာရင်းချုပ်ကြည့်ရင် အသုံးထက်အဖြုန်းများနေသလား၊ ဒီနေရာမှာ မသုံးဘဲ ဟိုနေရာလေးသုံးလိုက်ရင်ပိုကောင်းမလား၊ သုံးသပ်ပြီး နောက်လတွေအတွက် ပိုမိုကောင်းမွန်တဲ့ အစီအစဉ် တွေချနိုင်တာပေါ့။

သင့်ဘဝအောင်မြင်တိုးတက်ချင်ရင် ပန်းတိုင်တွေချမှတ်၊ ပန်းတိုင်အတွက် အစီအစဉ်တွေချမှတ်၊ အစီအစဉ်တွေအတွက်လိုအပ်တဲ့အချိန်တွေ မြှုပ်နှံရမယ်။
တစ်နေ့တာအချိန်တွေ ဘယ်လိုကုန်လို့ကုန်မှန်းမသိတဲ့သူအဖို့ ပန်းတိုင်တွေအလှမ်းဝေးနေဦးမှာပဲ။
ကျန်းမာရေးကိုလည်းမေ့ထားလို့မရပြန်ဘူး။ စိတ်သွားတိုင်းကိုယ်ပါနိုင်ဖို့ ကျန်းမာဖို့လိုတယ်။ တစ်နေကုန် ထိုင်ပြီးအလုပ်လုပ်နေရတာလား။ လှုပ်ရှားမှုတော့ရှိပါရဲ့ စိတ်ဖိစီးမှုတွေနဲ့လား။ ဒီလိုဆိုရင် ပိုကောင်းမွန်တဲ့ အစီအစဉ်လေးတွေတော့လိုနေပြီ။

သင့်ပညာရေးအတွက်ကရော ဘယ်လိုအစီအစဉ်တွေရှိသလဲ။ ညဘက်အိမ်ပြန်ရောက်ချိန်နောက်ကျလို့ ပင်ပန်းနေလို့ဆိုတဲ့ ဆင်ခြေတွေပေးနေမိလား။ facebook သုံးဖို့အချိန်ရှိသလား။ တနင်္ဂနွေနေ့ တွေလည်း ဒီတစ်ရက်လေးပဲနားရလို့ ဆင်ခြေပဲလား။ မနက် ၅နာရီထရင်ရော အိပ်ရေးပျက်လို့လား။ ညဥ့်နက်ထိ တီဗီကြည့်တာ မလုပ်လို့မရဘူးလား။ ဆင်ခြေတွေကပဲ နည်းလမ်းတွေကို အမှောင်ဖုံးစေတယ်။

ဒီတော့ ဘယ်လိုတွေလုပ်ရမလဲ

သင့် ကိန်းဂဏန်းတွေကိုစမှတ်ပါတော့။
ဝင်ငွေထွက်ငွေတွေစမှတ်မယ်။ ဘတ်ဂျတ်တွေသတ်မှတ်မယ်။ ပန်းတိုင်၊ အစီအစဉ်တွေအတွက် အသုံးပြုတဲ့ အချိန်တွေမှတ်မယ်။ လေ့ကျင့်ခန်းလုပ်ချိန်တွေမှတ်မယ်။ ပညာရေးအတွက်အသုံးပြုချိန်တွေမှတ်မယ်။
တစ်လတစ်ခါ ကိန်းဂဏန်းတွေကို သုံးသပ်လိုက်ရင် ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေချမှတ်ဆောင်ရွက်နိုင်ပါလိမ့်မယ်။
ကိန်းဂဏန်းတွေက သင့်ကိုမလိမ်ပါဘူး။ မှန်မှန်မှတ်သွားဖို့ပဲလိုတာပါ။

No comments:

Post a Comment