လူသားတွေအနေနဲ့ ကမ္ဘာကြီးမှာ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြတာ မှန်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကိုလည်း တက်နိုင်ခဲ့ကြသလို သမုဒ္ဒရာအောက် အနက်ရှိုင်းဆုံးနေရာကိုလည်း ရောက်နိုင်ခဲ့ကြပါပြီ။ ဒါပေမဲ့ လူသားတွေ မလွန်ဆန်နိုင်တဲ့ သဘာဝရဲ့ ကပ်ဘေးဆိုးကြီးတွေက ကမ္ဘာပေါ်က သက်ရှိသတ္တဝါတွေကို ပုံစံအမျိုးမျိုးနဲ့ သုတ်သင်နေကြပါတယ်။ ရေကြီးတာတွေ၊ မုန်တိုင်းတွေ၊ မီးတောင်တွေ၊ လေဆင်နှာမောင်းတွေနဲ့ ငလျင်ဆိုတဲ့ ဘေးဆိုးတွေကို ရှောင်လွှဲနိုင်ခွင့် လူသားတွေမှာ မရှိသေးပါဘူး။ သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ သဘာဝပတ်ဝန်းကျင်ကြောင့်ရော လူသားတွေ ပြုလုပ်တဲ့ ဖျက်ဆီးမှုတွေကြောင့်ပါ မကြာတော့မယ့် အနာဂတ်အတွင်း လုံးဝ ပျောက်ကွယ်သွားတော့မယ့် အဓိက မြို့ကြီး (၆) မြို့ရှိပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့
သမုဒ္ဒရာ မျက်နှာပြင် အဆက်မပြတ် မြင့်တက်လာနေတဲ့အတွက် မကြာခင်မှာ နစ်မြုပ်တော့မယ့် မြို့ဖြစ်ပါတယ်။ နောက်တစ်ချက်က မြို့ရဲ့ အောက်ခြေမှာ သောက်ရေအတွက် လှိုဏ်ခေါင်းတူးဖော်ထားတဲ့အတွက် မြို့ရဲ့ အောက်ခံဖောင်ဒေးရှင်းက တဖြည်းဖြည်း အင်အားလျော့နည်းလာတာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့
အမေရိကန် ပြည်ထောင်စုရဲ့ ပျော်စရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်တဲ့ ဆန်ဖရန်စစ္စကိုမြို့ဟာ အဓိက ငလျင်ကြောကြီးတစ်ခုရဲ့ တည့်တည့်ပေါ်မှာရှိနေပြီး အရမ်းကို ပမာဏကြီးမားတဲ့ ငလျင်ကြီးတစ်ခုက ဒီရာစုနှစ် မကုန်ခင်မှာ လှုပ်ဖို့ ၇၅ ရာခိုင်နှုန်းရှိတာကို ပညာရှင်များက တွေ့ရှိထားပါတယ်။
အီတလီနိုင်ငံ၊ ဗင်းနစ်မြို့
လှပတဲ့ မြို့တော်အဖြစ်နာမည်ကြီးပြီး မြို့တစ်ခွင်လုံးကလမ်းတွေက မြေလမ်းတွေထက် ရေကြောင်းလမ်းတွေက ပိုများတာကို တွေ့ရမှာပါ။ ဒါပေမဲ့ ရေကြီးရေလျှံမှုတွေ ပုံမှန်ဖြစ်တတ်သလို ဘန်ကောက်မြို့လိုပဲ သမုဒ္ဒရာမျက်နှာပြင် မြင့်တက်လာမှုကြောင့် နစ်မြုပ်သွားမှာဖြစ်ပါတယ်။
မက္ကဆီကိုနိုင်ငံ မက္ကဆီကို မြို့တော်

မက္ကဆီကိုမြို့တော်ရဲ့နေရာအများစုက ရေခန်းခြောက်နေတဲ့ ရေအိုင်ကြီးတွေပေါ်မှာ တည်ဆောက်ထားတာဖြစ်တဲ့အတွက် အောက်ခံဖောင်ဒေးရှင်းက မခိုင်ခံဘူးလို့ ဆိုရမှာပါ။ ဒီအကြောင်းကြောင့်ပဲ နှစ်စဉ် ၄ လက်မလောက် နိမ့်ကျလာလျက်ရှိပြီး နှစ် ၄၀ အတွင်း ၁၀ မီတာကျော် နိမ့်ကျလာပြီဖြစ်ပါတယ်။
အာဖရိကတိုက် ဘန်ဂျူးမြို့
သမုဒ္ဒရာ အစပ်မှာရှိတဲ့ မြို့ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ရေတိုက်စားလာတဲ့အတွက် ကမ်းခြေနဲ့ မြို့ရဲ့ အဓိက ကုန်းမြေက ၂ ကီလိုမီတာ အကွာအဝေးပဲ ရှိတော့တဲ့ မြို့ဖြစ်ပါတယ်။
အီတလီနိုင်ငံ နေပယ်မြို့

သမိုင်းဝင် ရှေးအကျဆုံးမြို့ တစ်မြို့ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ အလှပဆုံး မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ နေပယ်မြို့က မောင့်ဗီဆူးဗီးယပ်စ်မီးတောင်ရဲ့ ကပ်လျက်မာရှိတဲ့ မြို့ဖြစ်ပြီး အဲ့ဒီမီးတောင်က အေဒီ ၇၉ က ပွန်ပေမြို့တော်ကြီးကို ဖျက်စီးပစ်ခဲ့တဲ့ မီးတောင်ကြီးဖြစ်ပြီး အခုထိ ရှင်သန်နေဆဲ မီးတောင်တစ်ခုဖြစ်ပြီး ပေါက်ကွဲနိုင်ချေများလာတဲ့အတွက် နေပယ်မြို့က မကြာခင် ပျက်စီးမယ့်အလားအလာရှိနေပါတယ်။
Ref:higherperspectives
TrendMyanmar

သကြားပါဝင်မှုများတဲ့ အစားအသောက်တွေစားရင် အရေပြားကို ထိခိုက်စေပါတယ်။
ကိုယ်ထဲကဆဲလ် တွေ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ သကြားပမာဏထက် များနေရင်
ပိုနေတဲ့ သကြားမော်လီကျု (sugar molecules) တွေက ပရိုတင်းတွေနဲ့ ပေါင်းပြီး
နောက်ဆုံးရလဒ်အဖြစ် ဓာတ်ပစ္စည်းတခု (advanced glycation end products)
ထွက်ပေါ်လာပါတယ်။ အဲဒီဓာတ်ပစ္စည်းက အရေပြားကို တင်းရင်းနုပျိုစေတဲ့
ကိုလက်ဂျင် (collagen) ဆိုတဲ့ ပရိုတင်းကို ထိခိုက်ပျက်ဆီးစေပါတယ်။
အချိုစားတာများရင် ပြုံးအလှပိုင်ရှင် မဖြစ်နိုင်ဘူး ဆိုတာကတော့ အံ့သြစရာ
မဟုတ်ပါဘူး။ သကြားတွေ သွားမှာကပ်နေရင် ဘတ်တီးရီးယားတွေ ပေါက်ဖို့
အားပေးရာရောက်ပြီး သွားပိုးစားတာ ဖြစ်တတ်ပါတယ်။ သွားတွေ ဖြူဖွေးလှပမှာ
မဟုတ်တော့ပါဘူး။ ဒါ့ကြောင့် အချိုစားပြီး တိုင်းဆားရေနွေးနဲ့
အာလုတ်ကျင်းပြီး သွားမှာကပ်နေတာတွေကို ဖယ်ရှားသင့်ပါတယ်။
အသည်းကျန်းမာရေးကောင်းမှ အရေပြားရဲ့ ကျန်းမာရေးကောင်းနိုင်ပါမယ်။ အသည်းက
သူ့လုပ်ငန်းတွေကို ကောင်းကောင်းလုပ်နိုင်နေရင် အရေပြားကို ထိခိုက်နိုင်မယ့်
အဆိပ်အတောက်တွေကို အသည်းက ဖယ်ရှားရှင်းထုတ် နိုင်ပါတယ်။ အသည်းမကောင်းလို့
ကိုယ်ထဲမှာ အဆိပ်တွေ စုပုံနေရင်တော့ အရေပြားမှာ ဝက်ခြံ၊ ပါးရေတွန့်တာတွေ
ထွက်လာနိုင်သလို အရမ်းဆိုးလာရင်တော့ ပင့်ကူပုံအနီစက်တွေ ထွက်လာနိုင်ပါတယ်။
သွားကျန်းမာရေးကို ထိခိုက်စေတဲ့ ဝိုင်ဖြူကလဲ နုပျိုချင်သူတွေ
ရှောင်ကြဉ်ရမယ့် အရာတခုပါ။ ဝိုင်ဖြူမှာပါတဲ့ အက်ဆစ်ဓာတ်က သွားရဲ့အပေါ်ယံလွှာ
ကြွေသားကို ထိခိုက်ပျက်စီးစေပြီး သွားမှာအရောင်တွေ တာရှည်စွန်းထင်း
စေပါတယ်။ ဒါ့ကြောင့်ညတိုင်း ဝိုင်ဖြူတခွက်လောက် သောက်ပြီးမှ အိပ်တဲ့သူတွေ
အနေနဲ့ မနက်ခင်းမှာ ကော်ဖီသောက်ရင် သွားမှာကော်ဖီရောင်တွေ
စွန်းထင်းကျန်ခဲ့တာကို တွေ့ကြုံရပါလိမ့်မယ်။
အသားကင်မှာဖြစ်ဖြစ် ဟမ်ဘာဂါမှာပါတဲ့ အသားပြားမှာဖြစ်ဖြစ် တူးနေတဲ့
အမည်းဖတ်တွေကို ဖယ်ရှားဖို့ လိုပါတယ်။ မီးသွေးလို ကျွမ်းနေတဲ့
အမည်းဖတ်တွေမှာ ရောင်ရမ်းမှုကို အားပေးတဲ့ ဟိုက်ဒရိုကာဗွန် ပါဝင်နေပါတယ်။
ရောင်ရမ်းမှုတွေ ဖြစ်လာတာနဲ့ အရေပြားဆဲလ်တွေ ပျက်စီးမှု ပိုမိုများ
ပြားလာတာကို ကြုံတွေ့ရပါမယ်။ အသားကင်ကို လုံးဝရှောင်ရမယ်လို့
ဆိုလိုတာမဟုတ်ပါဘူး။ အကင်မှာပါတဲ့ အမည်းဖတ်တွေကို ဖယ်ပြီးစားဖို့လိုတာ
ဖြစ်ပါတယ်။
ဟင်းချက်တဲ့အခါ ဆား(ဆိုဒီယမ်ဓာတ်) မသုံးရင်တောင်မှ (ဗမာပြည်မှာတော့
မဖြစ်နိုင်လောက်ပါဘူး) အစားအသောက်ထဲမှာ အငန်ဓာတ်ပါဝင်မှု နည်းမယ်လို့
တထစ်ချယူဆလို့ မရပါဘူး။ ကြာရှည်ခံအောင် လုပ်ထားတဲ့ စည်သွပ်ဗူးတွေမှာ
ဆိုဒီယမ်ဓာတ် အများအပြား ပါဝင်ပါတယ်။ ဆိုဒီယမ်ဓာတ်ဟာ သွေးကြောထဲမှာ
ရေတွေဝင်ရောက် ခိုအောင်းနေစေတာကြောင့် မျက်နှာကို ဖောသွပ်သွပ်ပုံ ပေါက်စေပါ
တယ်။ မျက်နှာဖောနေတာအောင် လတ်တလောအရေးပေါ် သက်သာစေမယ့် နည်းကတော့
ကဖင်းပါတဲ့ မွိုက်ရှာရိုက်ဇာ (moisturizer) ကိုသုံးဖို့ပါပဲ။
ဝက်အူချောင်း၊ ဝက်ပေါင်ခြောက်တွေမှာ တာရှည်အထားခံဖို့ ထည့်ထားတဲ့ ဆာဖိုက်
(sulfites)နဲ့ တခြားဓာတ်ပစ္စည်းတွေဟာ အရေပြားဆဲလ်တွေကို ရောင်ရမ်းစေပြီး
အိုမင်းရင့်ရော်မှုကို အားပေးပါ တယ်။ ဆားပါဝင်မှုများတဲ့အတွက်
မျက်နှာကိုအန်းစေ၊ ဖောသွပ်သွပ်ဖြစ်စေပါတယ်။ အသင့်စားဖို့ လုပ်ထားတဲ့
အသားပြား (deli meat) အစားလတ်တလောလုပ်ထားတဲ့ ကြက်သား၊ ကြက်ဆင်သားတို့ကို
အသားညှပ်ပေါင်မုန့် (sandwich)ထဲမှာ ထည့်စားသင့်ပါတယ်။ အသားလုံးဝ
မစားရတော့ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ ဝက်ပေါင်ခြောက်၊ ဝက်အူချောင်း
အစားအသီးအရွက်တွေ ပိုစားသင့်ပါတယ်။
အပူအစပ်စားတဲ့ အမျိုးသမီးတွေ သွေးဆုံးချိန်ရောက်ရင်
ပိုပြီးအိုမင်းရင့်ရော် တတ်ပါတယ်။ အရေပြားက သွေးကြောတွေကို ကျယ်စေတဲ့အတွက်
သွေးဆုံးပြီး အမျိုးသမီးတွေရဲ့ အရေပြားဟာ ပွရောင်းရောင်း ဖြစ်နေတတ်ပြီး
နုပျိုလန်းဆန်းမှု ကင်းမဲ့နေ တတ်ပါတယ်။ ရံဖန်ရံခါစားတာ ကိစ္စမရှိပေမယ့်
နေ့စဉ်နေ့တိုင်း အပူအစပ်တွေ စားနေရင်တော့ ပင့်ကူပုံ သွေးကြောထုံးတွေ၊
အရေပြားတလျှောက် နီရဲပြီး ဖောသွပ်သွပ် ဖြစ်နေတတ်ပါတယ်။ အိမ်မှာစားရင်
အပူအစပ်လျှော့စားဖို့ လိုသလိုဆိုင်မှာ ထွက်စားရင် လဲအစပ်လျှော့ခိုင်းဖို့
မမေ့ပါနဲ့။
ဝက်သား၊ အမဲသားလို အနီရဲရဲအသားတွေမှာ အဆီပါဝင်မှုများပါတယ်။ ဆီများတဲ့
အသားမှာ ဖရီးရယ်ဒီကယ် (free radical) ဆိုတဲ့ ဆဲလ်တွေကို
ထိခိုက်ပျက်စီးစေတဲ့ ဓာတ်ပစ္စည်း ပါဝင်နေပါတယ်။ ဖရီးရယ်ဒီကယ်တွေ
ကိုယ်ထဲမှာများလာရင် အရေပြားဆဲလ်အပါအဝင် ဆဲလ်တွေရဲ့ အိုမင်းရင့်ရော်မှု
ပိုမြန်လာစေပါတယ်။
အားဖြည့်အချိုရည် သောက်လိုက်ရင် လန်းဆန်းသွားလို့ ကလေးတုန်းက
လိုနုပျိုရွှင်လန်းမှုတွေ ရရှိတယ်လို့ ခံစားရနိုင်ပါတယ်။ တကယ်တမ်းကတော့
အားဖြည့်အချိုရည်တွေဟာ သွားရဲ့ အပေါ်ယံကြွှေလွှာကို တခြားဖျော်ရည်တွေထက်
ပိုမိုထိခိုက်စေပါတယ်။ ဒါ့အပြင် အက်ဆစ် ပါဝင်မှုများတဲ့အတွက် သွားမှာ
ကော်ဖီရောင် စွန်းကျန်ခဲ့တာ၊ ဆေးလိပ်အစီခံရောင် စွန်းကျန်ခဲ့တာမျိုးကို
ပိုပြီးဖြစ်စေလို့ နုပျိုရွှင်လန်းတဲ့ အပြုံးမျိုးရဖို့
အနှောင့်အယှက်ဖြစ်ပါတယ်။
ကဖင်းပါတဲ့ လက်ဖက်ရည်၊ကော်ဖီ၊ ရေနွေကြမ်းစတာတွေဟာ ဆီးဆေးတွေလိုပဲ
ဆီးသွားများစေပါတယ်။ ဆီးသွားများရင် ရေဓာတ်ခန်းခြောက်စေတဲ့အတွက် အရေပြားရဲ့
စွတ်စိုတောက်ပမှုကို ကျဆင်းစေပါတယ်။ လူကိုကြည့်ရတာ
လန်းဆန်းရွှင်လန်းမနေပဲရှိတဲ့ အသက်ထက်ပိုပြီး ရင့်ရော်တယ်လို့
အထင်ခံရတတ်ပါတယ်။ လက်ဖက်ရည်၊ ကော်ဖီကြိုက်တဲ့ သူတွေအနေနဲ့
ကိုယ်ကြိုက်တာကိုလဲ မဖြတ်ချင်၊ ရုပ်လဲမရင့်ချင်ဘူးဆိုရင်တော့
မွိုက်ရှာရွိုက်ဇာ (moisturizer) သုံးပေးဖို့ လိုပါတယ်။







