အသက်ရှူခြင်းဟာလူတစ်ယောက်ရဲ့ အသက်ရှည်ခြင်း တိုခြင်းနဲ့ ပတ်သတ်နေပါတယ်။ လူတစ်ယောက်အသက်ရှူခြင်းက ဒီနေ့နေထွက်ချိန်ကနေနောက်နေ့ နေဝင်ချိန်အထိ (၂၁၆၀၁)ကြိမ်ရှိပါတယ်။အသက်ကိုမြန်မြန်ရှူတာ၊ အသံထွက်အောင် ရှူတာ၊သက်ပြင်းချတာတွေပါလာခဲ့ရင် အပေါ် မှာပြောခဲ့တဲ့ အသက်ရှူခြင်းအကြိမ်အတိုင်းမဖြစ်တော့ပါဘူး။ဒါကြောင့်အသက် တိုခြင်းကိုဖြစ်စေတာပါ။ အသက်ကို
ဖြေးဖြေးနဲ့ပြင်းပြင်းရှူတာဟာ အသက်ရှည်စေပါတယ်။အသက်ရှူတိုင်းခွန်အားရစေတာဖြစ်လို့ အသက်ကို အဆုတ်ထဲအထိလေကို ရှူသွင်းခြင်းကအသက်ရှည်စေနိုင်ပါတယ်။
တိရစ္ဆာန် တွေဟာတစ်ကောင်နဲ့တစ်ကောင် အသက်ရှူတာမတူကြပါဘူး။မြွေတွေကခွေးထက် အသက်ရှူတာနှေးလို့ခွေးထက်မြွေကအသက်ရှည်ကြတယ်။ဒါကိုလေ့လာကြည့်ရင် အသက်ရှူနှေးတဲ့သတ္တဝါဟာ အသက်ရှူမြန်တဲ့သတ္တဝါထက် ပိုပြီးအသက်ရှည်တာကိုသိနိုင်တယ်။
ဟိမန္တာတောင်တွေဂူတွေမှာနေတဲ့ သစ်သီးစားလင်းနို့တွေဟာ တစ်ခါအိပ်ရင်တစ်လနှစ်လ အိပ်နေတက်တယ် ။အဲလိုအိပ်နေတဲ့ကာလအတွင်းမှာသူတို့ကအသက်မရှူကြပါဘူး။နှင်းတောင် မှာနေတဲ့ ဝက်ဝံတွေလည်းအိပ်နေတဲ့အခါ အသက်မရှူကြပါဘူး။အသက်မရှူပဲနေခြင်းက သေခြင်းနဲ့မသက်ဆိုင်ပါဘူးဆိုတာ ကို လက်တွေ့ပြပေးတဲ့ သတ္တ၀ါ လေးတွေပါ။သူတို့တွေတင်မဟုတ်ပါဘူး။ လူသားတွေ အသက်မရှူပဲနဲ့ အသက်ရှင်နိုင်ကြပါတယ်။ အိန္ဒိယတောင်တန်းတွေမှရှိတဲ့ ယောဂီကြီးတွေဟာခြေထောက်တစ်ချောင်းတည်းရပ်ပြီးလပေါင်းများစွာနေကြပါတယ်။ထိုင်ပြီးကျင်တဲ့ယောဂီတွေလည်းရှိပါတယ်။သူတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာသစ်ပင်၊ ဝါးပင်တွေ ပုရွက်တွေရှိပါတယ်။ပုရွက်ဆိတ်တွေ ခြတွေဟာသူတို့ရဲ့ မျက်စိတွေနားတွေထဲဝင်တာတောင် မလှုပ်ပဲနေကြပါတယ်။ဒါဟာလူသားတွေ အသက်မရှူပဲ နေနိုင်တယ်ဆိုတာ သက်သေပြတဲ့တစ်ချက်ပါပဲ။
ဒေါသကြီးသူတွေ၊စိတ်ကိုမချုပ်တီးနိုင်သူတွေနဲ့ အမြဲတစေစိတ်သောကရောက်နေသူတွေဟာ အသက်တိုတက်ပါတယ်။စိတ်ကိုချုပ်တည်းခြင်းဟာ စိတ်စွမ်းအင်တိုးပွားစေပါတယ်။ စိတ်စွမ်းအင်တိုးပွားလာရင်တန်ခိုး သိဒ္ဓိအမျိုးမျိုးနဲ့ အသက်ရှည်အောင်ပြုလိုက်နိုင်ပါတယ်။
Zenus
KCB Center
No comments:
Post a Comment