ဇူလိုင်လ (၃၀)ရက်နေ့သည်
ဝါဆိုလပြည့်နေ့ဖြစ်သဖြင့် ရန်ကုန်တိုင်း တစ်ခုလုံးရှိ ဘုရားစေတီများတွင်
ဘုရားဖူးများ တိုးမပေါက်အောင် စည်ကားနေပါသည်။ သို့သော်လည်း
ကျောက်တန်းမြို့အနီး မှော်ဝန်းမြစ်အတွင်းရှိ ကျိုက်မှော်ဝန်း ရေလယ်ဘုရား
တွင် ဘုရားဖူးများ စည်ကားပုံမှာ အခြားဘုရားများနှင့် လုံးဝမတူညီဟု
ထင်မိပါသည်။
ဝါဆိုမိုးဖွဲများအောက်တွင် ကျိုက်မှော်ဝန်း ဘုရားဖူးရန် လာသူများသည် ကုန်းတစ်တန် ရေတစ်တန် လာခဲ့ရသူများ ဖြစ်ပါသည်။ ဘုရားဖူးများသည် ကျောက်တန်းမြို့ ကမ်းနားပိုင်းအထိ မော်တော်ကားများ၊ ဆိုင်ကယ်များဖြင့် လာပြီးနောက် ရေစပ်သို့ ဆင်းကာ လှေ သမ္ဗန်များဖြင့် မှော်ဝန်းမြစ်ပြင်ကို ဖြတ်ကူးနေကြပါသည်။

ဘုရားဖူးများသည် ရေလယ်ဘုရားကို ဖူးရန်အတွက် လှိုင်းမကြောက် လေမကြောက်ဘဲ မှော်ဝန်းမြစ်ကို ဖြတ်ကူးနေခြင်း ဖြစ်ပါသည်။
ဘုရားဖူးများ တင်ထားသည့် လှေသမ္ဗန်များ တစ်စင်းပြီး တစ်စင်း ထွက်နေသော်လည်း သောင်စပ်တွင် လှေစီးရန် စောင့်နေသော ဘုရားဖူးများ လျော့မသွားခဲ့ပါ။ သွားသူက သွားပြီး ပြန်သူက ပြန်လာနေပါသည်။ ဘုရားဖူးအားလုံးသည် မှော်ဝန်းမြစ်၏ လှိုင်းဂယက် များကို မေ့ထားကာ ရေလယ်ဘုရားကို လှမ်းမျှော်ကြည့်နေကြပြီးအချို့က ကမ်းစပ်တွင်ရပ်၍ လက်အုပ်ချီမိုး ရှိခိုးကန်တာ့နေကြပါ သည်။ ဗုဒ္ဓဘာသာဝင်များသည် ကုန်းရေဆက်နေသော ဘုရားများကို စိတ်ဝင်စားပြီး ကျိုက္ခမီ ရေလယ်ဘုရား၊ မော်တင်စွန်း ဆံတော် ရှင် နှင့် ကျိုက်မှော်ဝန်းစေတီတော်များကို သွားရောက်ဖူးမြှော်လေ့ရှိပြီး၊ ကျိုက်မှော်ဝန်းစေတီတော်သည် ရန်ကုန်မြို့နှင့် နီးသဖြင့် ပိုမိုစည်ကားကြောင်း ဆရာတော်ကြီးတစ်ပါး မိန့်ကြားခြင်းသည် လက်တွေ့ မှန်ကန်နေပါသည်။

ကျိုက်မှော်ဝန်းစေတီတော်သည်
မှော်ဝန်းမြစ်အတွင်းရှိ သဘာဝကျောက်ဆောင်ပေါ်တွင် တည်ထားခြင်းဖြစ်သဖြင့်
ရေမြေသဘာဝ ထူးခြားပြီး ဘုရားဖူးများ ဤမျှ စည်ကားစွာ လာရောက်ဖူးမြော်နေခြင်း
ဖြစ်နိုင်ပါသည်။ နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် အချို့ပင်
သမ္ဗန်စင်းလုံးငှားကာ ကျိုက်မှော်ဝန်းစေတီသို့ လေ့လာရေးသွားရင်း
ဘုရားဖူးလှေများကို ဓာတ်ပုံရိုက်ကူး မှတ်တမ်းတင်နေကြပါ သည်။ မြစ်ပြင်တွင်
လေဟုန်စီးကာ ပျံဝဲနေသော စင်ရော်ငှက်လေးများသည် မှော်ဝန်းမြစ်၏ သဘာဝအလှ
ဖြစ်ပြီး ဘုရားဖူးများကို ကြိုဆိုနေသယောင် ထင်မှတ်ရပါသည်။
ကျိုက်မှော်ဝန်းစေတီတော် တည်ထားသည့် ဒေသသည် ရှေးအခါက မွန်တိုင်းရင်းသားများ အခြေချ နေထိုင်ခဲ့သည့် ဒေသဖြစ်ပြီး ပါဒနိုင်ငံတော်ကြီး ထွန်းကားစည်ပင်ခဲ့သည့် သမိုင်းဝင် နေရာ ဖြစ်ပါသည်။ ပါဒနိုင်ငံတော်သည် ဗိဿနိုး၊ သရေခေတ္တရာ၊ ပျူခေတ် တို့နှင့် ခေတ်ပြိုင်ဖြစ်ပြီး တိဿဘောဂ သေနမင်းမှ နနိန္ဒမင်းအထိ ပါဒ မင်းဆက် (၃၄)ဆက်ရှိခဲ့ကြောင်း လည်း မှတ်သားရပါသည်။

မြန်မာ့သမိုင်းတွင် ပုဂံခေတ်၊ ပင်းယခေတ်၊
အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ဟူ၍ ခေတ်များ
ခွဲခြားထားသော်လည်း ပါဒခေတ်၊ ပါဒနိုင်ငံတော်ဟူ၍ ရှိခဲ့ကြောင်း
သမိုင်းဆရာများ မှတ်တမ်းမတင်ခဲ့ကြပါ။ သို့သော် လည်း နှောင်း ခေတ်
သမိုင်းဆရာ၊ စာရေးဆရာများက ပါဒခေတ်ကို ပစ်ပယ်မ ထားဘဲ
ကျိုက်မှော်ဝန်းစေတီတော် ကို ရှေးနှစ်ပေါင်း ၂ဝဝဝ ကျော် သီဟဒီပကျွန်း၊
ပါဒဘုရင်များလက်ထက်တွင် စတင်တည်ထားခဲ့သည်ဟု ရေးသားသဖြင့်စေတီ တော်၏
သမိုင်းနောက် ခံ ကို ဖော် ထုတ်နိုင်ခဲ့ကြပါသည်။
ပါဒနိုင်ငံတော်နှင့်ပတ်သက်သည့်
အခိုင်မာဆုံးသမိုင်းစာအုပ်မှာ ပြည်တော်သာ ဦးထွန်းရီ ရေးသားပြုစုသည့်
''ရန်ကုန်မြို့ အနီး နှစ်ပေါင်း ၂ဝဝဝ ကျော် ပျောက် ဆုံးနေခဲ့သော
ပါဒနိုင်ငံရာဇဝင်နှင့် ရုပ်ပွားတော်များသမိုင်း'' စာအုပ် ဖြစ်ပါသည်။
သက္ကရာဇ် ၁၃၁၉၊ ၁၃၃ဝ နှင့် ၁၃၃၉ ခုနှစ်များတွင် သုံးကြိမ်ထုတ်ဝေခဲ့ရသော
ထိုစာ အုပ်တွင် ရေးသားထားသော အချက်အလက်များသည် ပါဒ နိုင်ငံ၊
ပါဒမင်းဆက်များအတွက် အခိုင်မာဆုံးအထောက်အထားများ ဖြစ်နေပါသည်။ သာသနာသက္ကရာဇ်
၈၄ ခုနှစ်တွင် မဟာဗောဓိမှ ရဟန္တ(၇ဝဝ)ပင့်ဆောင်လာသော မြတ်စွာဘုရား၏
သွားတော်ဓာတ် ခုနစ်ဆူ၊ ဆံတော်ဓာတ် လေးဆူနှင့် ဓမ္မက ရိုဏ်တော် တစ်ဆူတို့ကို
ဌာပနာ၍ ဥာဏ်တော် ခုနစ်တောင် မြင့်သော စေတီတစ်ဆူကို မြစ်လယ်
ကျောက်ဆောင်ပေါ်တွင် ဇယသေ နမင်းတည်ထားပူဇော် သည်ဟု သိရပါသည်။
ကျောက်တန်းမြို့နယ် မှော်ဝန်းမြစ်လယ်တွင်
တည်ထားသည့် ကျိုက်မှော်ဝန်းစေတီတော်ကို ခေတ်အဆက်ဆက် သမိုင်းဆရာ များ
မေ့လျော့ ထားခဲ့သော်လည်း ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးများ က မေ့မထားခဲ့ပါ။
ပထမကမ္ဘာ စစ်၊ ဒုတိယကမ္ဘာစစ်၊ ပြည်တွင်း စစ်များနှင့် ကြုံခဲ့ဆုံခဲ့သော်လည်း
ကျိုက်မှော်ဝန်းစေတီတော်ကို ဦး ခိုက်ကန်တော့၍ လောကဓံရှစ်ပါး ကို
ကြံ့ကြံ့ခံခဲ့ကြောင်း ဒေသခံ များ က ပြောပြကြပါသည်။ နှစ်ပေါင်း ၂ဝဝဝ ကျော်က
ပါဒမင်းများ တည်ထားခဲ့သော ကျိုက်မှော်ဝန်း စေတီတော်၏ သမိုင်းကို စွမ်းနိုင်
သမျှလေ့လာသောအခါ ဥာဏ် တော် (၇) တောင်မြင့်သော စေတီ တော်တွင်
မြတ်စွာဘုရား၏ ဆံ တော် တစ်ဆူ၊ သွားတော်တစ်ဆူ ဓမ္မကရိုဏ် တစ်ဆူ ဌာပနာခြင်း သာ
တူညီကြပြီး သက္ကရာဇ်များ မင်းအမည်များကို ကွဲလွဲနေ ကြောင်း တွေ့ရပါသည်။
ပါဒမင်း ဆက် ၁၁ ဆက်မြောက် တုတ္တနာဂ မင်းလက်ထက်တွင် သီဟို၌ မှကြွလာသော ရဟန္တာ
ရှစ် ပါးပင့် ဆောင်လာသည့် ဆံတော် တစ်ဆူ နှင့် ဓာတ်တော် ခုနစ်ဆူရရှိသဖြင့်
ထပ်မံဌာပနာခဲ့ကြောင်း လည်းသိရ ပါသည်။
သာသနာသက္ကရာဇ် ၂၃၈ ခုနှစ်တွင်
ကျိုက်မှော်ဝန်းစေတီ တော်ကို ဘောဂသေနမင်းတည် ထားကိုးကွယ်သည်ဟု မှတ်တမ်း
များတွင်ရေးထားသဖြင့် ဇယသေန မင်း၊ ဘောဂသေနမင်းနှင့် တုတ္တ နာဂမင်းဟူ၍
မင်းသုံးပါး ပါဝင် လာပြီး လင်္ကာဒီပကျွန်းမှ ဇာတ် လမ်းများနှင့်
ပေါင်းစပ်လျှင် ရသေ့များ၊ ခြင်္သေ့များ၊ လူစွမ်းကောင်း များပါဝင်ကာ
ဇာတ်လမ်းအလွန် ရှုပ်ထွေးလာနိုင်ပါသည်။ ကျိုက် မှော်ဝင်စေတီတော်တည်ရာတွင်
ရဟန္တာအပါး ၇ဝဝ နှင့် ရဟန္တာ ရှစ်ပါးသည် အဓိကအခန်းမှပါဝင် ကြောင်း
မှတ်တမ်းတင် ရပါလိမ့် မည်။
(၁၁)ဆက်မြောက်ပါဒမင်း တုတ္တနာဂနှင့်
ပတ်သက်သော ထူး ခြားချက်မှာ ကမ္ဘာတည်မည့်အဓိ ဋ္ဌာန်သုံးချက်ကို အခိုင်အမာတိုင်
တည်ခဲ့ခြင်းဖြစ်ပါသည်။ တုတ္တနာ ဂမင်းက စေတီတော်တည်ပြီး နောက်
(၁) စေတီတော်၏ ရင်ပြင်ကို ဒီရေများ မလွှမ်းမိုးနိုင်ပါစေသ တည်း။
(၂) ဘုရားဖူးများအားလုံး ရင် ပြင်တော်ပေါ်တွင် နေလောက်ပါ စေတသည်း။
(၃) စေတီတော်ကို ပြုပြင် လှူဒါန်းသူသည်
ပစ္စုပ္ပန်ကာလ၌ ပင်လောကီစီးပွားများ တိုးပွားပါစေ သတည်း
ဟု အဓိဋ္ဌာန်ခဲ့ရာ
ထိုအဓိ ဋ္ဌာန်များသည် ယခုတိုင် မှန်ကန် နေပြီး နာဂစ်မုန်တိုင်း တိုက်ခတ်
ချိန်မှာပင် မှော်ဝန်းမြစ်ရေများ လှေ ကားထစ်အထိ သာ ရောက် ခဲ့
ကြောင်းသိရပါသည်။ ကျိုက်မှော် ဝန်းစေတီသို့ ဘုရားဖူးလာသူတိုင်း သည်
တုတ္တနာဂမင်း၏သစ္စာအဓိ ဌာန်သုံးချက်ကို စိတ်ဝင် စားကြပြီး
ထိုအဓိဋ္ဌာန်မှန်ကန်ကြောင်းလည်း အလေးအနက်ယုံကြည်နေကြပါ သည်။ ဘုရားပတ်ပတ်လည်
မှော် ဝန်းမြစ်ပြင်တွင် လှိုင်းလေများမည် မျှပြင်းထန်စေကာမူ ရင်ပြင်တော် ထိ
ရေမတက်ခြင်းမှာ ထူးခြား ကြောင်း လက်ခံထားကြပါသည်။
ယခုအချိန်တွင် ဘုရားဖူး အားလုံးက
ကျိုက်မှော်ဝန်းရေ လယ်ဘုရားဟုခေါ်တွင်နေသော်လည်း ဥာဏ်တော် (၇)တောင်ဖြင့်
စတင် တည်ထားစဉ် ကျိုက်မှော် ကလော့စေတီတော်ဟု မော်ကွန်း ထိုးခဲ့ကြောင်းလည်း
သိရပါသည်။ ကျိုက်မှော်ကလော့ (သို့မဟုတ်) ကျိုက်မှော်ဝန်းဟု
ဘွဲ့တော်တွင်ရာတွင် ကျိုက်-ဘုရား၊ မှော်-အစွန်း၊ ဝန်း-ဝဲ ဟူ၍
အဓိပ္ပာယ်ရသဖြင့် ဝဲအစွန်းတွင် တည်ထား သော ဘုရားဟုလည်း အဓိပ္ပာယ်
ဖွင့်ဆိုကြပါသည်။ မှော်ဝန်းမြစ် လယ်တွင်ရှိသော ကျောက်တန်း ကို အစွဲပြု၍
ကျောက်တန်းမြို့ ဖြစ်လာ သည့် နည်းတူ မှော်ဝန်း မြစ်ထဲတွင် တည်ထားသော စေတီ
ဖြစ်သဖြင့် ကျိုက်မှော်ဝန်းစေတီဟု ခေါ်တွင်ခြင်းလည်း ဖြစ်နိုင်ပါ သည်။
မှော်ဝန်းမြစ်သည် ရှေးယ ခင်ကပင် သဘာဝအလျောက်စီး ဆင်းနေသော မြစ်တစ်စင်းဖြစ်
သော်လည်း ရဟန္တာများနှင့် ပါဒ မင်းများ၏ ကောင်းမှုကုသိုလ် ကြောင့်
သာသနာ့သမိုင်းဝင်မြစ် ဖြစ်လာသည်ဟု ဆိုနိုင်ပါသည်။ ပါဒမင်းတုတ္တနာဂ၏ သစ္စာအဓိ
ဋ္ဌာန်သုံးချက် သည် ကျိုက်မှော်ဝန်း ရေလယ်ဘုရား ကမ္ဘာကျော်အောင်
စွမ်းဆောင်ပေးနိုင်ခဲ့သည်ဟု ယုံ ကြည်မိပါသည်။
ဘသန်းတင်
No comments:
Post a Comment