- သွေးက ခန္ဓာကိုယ်တစ်ခုလုံးကို လှည့်ပတ်သွားလာနေရပါတယ်။ သွေးရဲ့အမြင့်ဆုံး စီးဆင်းမှုက ပေ 30 ထုတ်လွှင့်ပေးနိုင်တာကြောင့် သွေးလည်ပတ်အောင် နှလုံးက ဖိအားကဲ့သို့ ဖန်တီးပေးပါတယ်။
- 25ရက်အတွင်းမှာ လည်ပတ်မှုအတွက် ခန္ဓာကိုယ်ကို ဖြတ်သန်းသွားလာတဲ့ သွေးပမာဏဟာ ခန့်မှန်းခြေအားဖြင့် ရေကူးကန်အလတ်စားတစ်ခုနဲ့ ညီမျှပါတယ်။
- လူတစ်ယောက်ဟာ သူတို့သွေးရဲ့ 40% ဆုံးရှုံးနိုင်ပြီး အသက်ရှင်နေသေးပါတယ်။ အချိန်မီ သွေးသွင်းဖို့ လိုအပ်ပါတယ်။
- လူတစ်ယောက်ဟာ သွေးခုန်နှုန်းမရှိဘဲ အသက်ရှင်နိုင်ပါတယ်။ 2012မှာ ဆရာဝန်များက အသက် 55နှစ်ရှိတဲ့ Craig Lewisရဲ့ခန္ဓာကိုယ်မှာ သွေးခုန်နှုန်းမရှိဘဲ သွေးတောက်လျှောက် လည်ပတ်စေတဲ့ device တစ်ခုကို install လုပ်ခဲ့ပါတယ်။
- Stan Larkin ဟာ အစားထိုးကုသမှုခံယူဖို့ စောင့်ဆိုင်းရင်း နှလုံးမရှိဘဲ ရက်ပေါင်း 555 ရက်နေထိုင်ခဲ့ပါတယ်။ သူ့ရဲ့ကိုယ်ပိုင်နှလုံးကို device တစ်ခုနဲ့ အစားထိုးခဲ့ပါတယ်။ ထို device ကိုသူ့ကျောပိုးအိတ်ထဲမှာထည့်ပြီး သွားလေရာ ယူဆောင်သွားရပါတယ်။ သူဟာ ဘက်စကတ်ဘောတောင် ကစားနေနိုင်ပါပြီ။
- heart attacks အားလုံးရဲ့ 21% ဟာ တနင်္လာနေ့မှာ ဖြစ်ပွားပါတယ်။ သိပ္ပံပညာရှင်များက ရက်သတ္တပတ်ရဲ့အစပိုင်းမှာ စိတ်ဖိစီးမှု ဟော်မုန်းတွေ “outpouring”ဖြစ်တဲ့အကြောင်းရင်းလို့ ယူဆပါတယ်။
- ကျွန်တော်တို့ရဲ့နှလုံးခုန်မှုက ကျွန်တော်တို့ရဲ့ခံစားချက်တွေကို သြဇာလွှမ်းမိုးပါတယ်။ သိပ္ပံပညာရှင်များက အမျိုးသားတစ်ယောက်ကို နှလုံးအသစ်တပ်ဆင်တဲ့အချိန်မှာ ဒီဖြစ်စဉ်ကို လေ့လာခဲ့ကြပါတယ်။ ခွဲစိတ်မှုပြီးနောက် သူ့ရဲ့စိတ်က ခံစားရပြီး လုပ်ဆောင်မှုတွေက ပုံမှန်မဟုတ်တဲ့ နည်းလမ်းများမှာ ပြောင်းလဲသွားပါတယ်။
- heart attack ကို လျှော့ချဖို့ မနက်ခင်းမှာ ဖြေးဖြေးနိုးထရပါမယ်။ ညနေပိုင်းမှာ လေ့ကျင့်ခန်းအပြင်းအထန်လုပ်ခြင်းကို လျှော့ချရပါမယ်။
- သူတို့ရဲ့အလားတူပေါင်းစပ်ဖွဲ့စည်းမှုကြောင့် အုန်းရေကို သွေးရည်ကြည် အစားထိုး ပေးနိုင်ပါတယ်။
- သွေးအုပ်စုများက ကွာရှင်းမှုအတွက် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ သိပ္ပံပညာရှင်များက အိမ်ထောင်ဖက်ရဲ့သွေး အမျိုးအစားနှင့် ကွာရှင်းမှုရာခိုင်နှုန်းအကြား ချိတ်ဆက်မှု ရှိတယ်ဆိုတာကို ရှာတွေ့ခဲ့ပါတယ်။ ခိုင်မာတဲ့ စုံတွဲတွေမှာ ၂ယောက်လုံးက အိုသွေးအမျိုးအစားရှိပါတယ်။ ကွာရှင်းဖို့ ဆုံးဖြတ်တဲ့ စုံတွဲတွေက အများအားဖြင့် A+O သို့ A+AB ပေါင်းစပ်မှုရှိတဲ့သူတွေဖြစ်ပါတယ်။
- သွေးအမျိုးအစားက ကျွှန်တော်တို့ရဲ့ ကျန်းမာရေးပေါ်မှာ သက်ရောက်မှုရှိပါတယ်။ အိုသွေးအမျိုးအစားရှိသူတွေဟာ နှလုံးသွေးကြောဆိုင်ရာရောဂါများ ကျရောက်မှာမဟုတ်ပမေယ့် အရေပြားကင်ဆာ၊ အဝလွန်ခြင်းတို့ အများဆုံးဖြစ်ပေါ်နိုင်ပါတယ်။
- A သွေးအမျိုးအစားရှိသူတွေဟာ သွေးထဲမှာ ကိုလက်စထရောအဆင့်ကို ဂရုစိုက်သင့်ပါတယ်။ သူတို့ဟာ နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားမှုအတွက် အန္တရာယ်ရှိပါတယ်။
- B သွေးအမျိုးအစားရှိသူတွေဟာ ဆီးချိုရောဂါနှင့် ပန်ကရိယကင်ဆာ ကျရောက်နိုင်ကြောင်း သတိရသင့်ပါတယ်။
- AB သွေးအမျိုးအစားရှိသူတွေဟာ တခြားသွေးအမျိုးအစားတွေထက် မှတ်ဥာဏ်ချို့ယွင်းတဲ့ အခွင့်အလမ်း ၈၂%ပိုမြင့်မားတာကြောင့် AB သွေးအမျိုးအစားရှိသူတွေဟာ မှတ်ဥာဏ်နှင့် အာရုံစုစည်းမှုကို ဂရုစိုက်သင့်ပါတယ်။
- Energy drinks တွေက နှလုံးခုန်စည်းချက်ကို ပြောင်းလဲစေပါတယ်။ energy drinks သောက်ပြီးနောက်မှာ ကဖိန်းဓါတ်ပမာဏက ကော်ဖီ၊ ဆိုဒါကဲ့သို့ တခြားကဖိန်းအချိုရည်ထက် ၃ဆပိုမြင့်မားတယ်လို့ သိပ္ပံပညာ၇ှင်တွေက တွေ့ရှိခဲ့ပါတယ်။ သူတို့က နှလုံးကို ထိခိုက်စေပြီး အသက်ဆုံးရှုံးမှုကိုတောင် ဖြစ်ပေါ်စေပါတယ်။
- သွေးအမျိုးအစား diets တွေက အလုပ်မဖြစ်ပါဘူး။ တိုရွန်တိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များက လူတစ်ဦးချင်းစီရဲ့ သွေးအမျိုးအစားအရ အထူး diets လုပ်ခြင်းက အမှားတစ်ခုဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။
- ဂျပန်မှာ သွေးအမျိုးအစားတစ်ခုစီအတွက် အစားအစာ၊ အလှကုန်ပစ္စည်းများနှင့် လူ့အသုံးအဆောင်ထုတ်ကုန်တွေကအစ အထူးကုန်စည်စက်ရုံတွေရှိပါတယ်။
- အားကစားစွမ်းဆောင်ရည်က လူတစ်ဦးရဲ့ သွေးအမျိုးအစားပေါ်မှာ မူတည်ပါတယ်။ 2017ခုနှစ်မှာကျင်းပတဲ့ လေ့လာမှုတစ်ခုမှာ အိုသွေးအမျိုးအစားရှိသူတွေဟာ တခြားအမျိုးအစားတွေထက် ပိုပြီးသက်လုံကောင်းတယ်လို့ ပြသခဲ့ပါတယ်။ သိပ္ပံပညာရှင်များက water polo ကစားသမားများအကြားမှာ အေဘီသွေးအမျိုးအစားရှိသူတွေကို ရှာတွေ့မှာ မဟုတ်ဘူးလို့ဆိုပါတယ်။ အိုသွေးအမျိုးအစားရဲ့ အားသာချက်က ပုံမှန်အလုပ်လုပ်တာပဲဖြစ်ပါတယ်။
- ကျွန်တော်တို့ရဲက အကျင့်စရိုက်က ကျွန်တော်တို့သွေးအမျိုးအစားပေါ်မှာ မူတည်ပါတယ်။ သိပ္ပံပညာရှင်များက charactersနှင့် သွေးအမျိုးအစားအကြား ချိတ်ဆက်မှုကို တွေ့ရှိခဲ့ပါတယ်။ ဂျပန်မှာ သွေးအမျိုးအစားက လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးစရိုက်များနှင့် personal relationships မှာ၊ အလုပ်မှာ သူတို့ရဲ အောင်မြင်မှုကို လွမ်းမိုးမှုရှိတယ်လို့ ယုံကြည်ကြပါတယ်။
Friday, 30 November 2018
လူ့ခန္ဓာကိုယ်က သွေးတွေရဲ့အကြောင်း
ကျွန်တော်တို့ရဲ့ သွေးsystem ဟာ တကယ်တော့ ရှုပ်ထွေးတယ်ဆိုတာ
ကျွန်တော်တို့အားလုံး သိကြပါတယ်။ သင့်နှလုံးကို ဘာ့ကြောင့်
ဂရုစိုက်ရမယ်ဆိုတာနှင့် သင့်သွေးအမျိုးအစားကဘာလဲဆိုတာ သိထားဖို့က
အရေးကြီးပါတယ်။ဒါ့ကြောင့်
ကျွန်တော်တို့သွေးအကြောင်းနှင့်ပတ်သတ်ပြီး သင်မသိသေးတာ ဖြစ်နိုင်တဲ့
သိပ္ပံနည်းကျအချက်အလက်များကို စုဆောင်းထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment