
ဓမ္မာသောက အင်းဝရာဇာ အိမ်ထောင်ဘက် မဖြစ်ရဘူးဆိုတဲ့ မွေးရက်တွေဆိုတာ ထေရ၀ါဒ ဗုဒ္ဓဘာသာမှာ မပါပါ။
ပါရမီဖြည့်ဘက်နဲ့ ပတ်သက်ပြီး မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ဟောတော်မူခဲ့တာက…
သမ္မာသတ္တ = တူညီသော ယုံကြည်မှု ရှိရမယ်…
သမ္မာစိတ္တ = တူညီသော စိတ်နှလုံး ရှိရမယ်…
သမ္မာသီလ = တူညီသော အကျင့်ဖြူစင်မှု ရှိရမယ်…
အဲဒီ ၃ မျိုး တူညီပြည့်စုံရင် ပါရမီဖြည့်ဘက် ဖြစ်ပြီတဲ့။
လောကမှာ လင်မယား ၄ မျိုးရှိတယ်။
နတ်သားနဲ့တူသော လင်၊ လူသေနဲ့ တူသော မယား
လူသေနဲ့တူသော လင်၊ နတ်သမီးနဲ့ တူသော မယား
လူသေနဲ့တူသော လင်၊ လူသေနဲ့ တူသော မယား
နတ်သားနဲ့တူသော လင်၊ နတ်သမီးနဲ့ တူသော မယား
နတ်သားနဲ့ တူသော လင်ဆိုတာ လင့်ဝတ္တရားတွေ ကျေပွန်ပြီး မယားအပေါ်မှာ စောင့်ရှောက် ဖေးမ ကြင်နာတဲ့ ယောကျာ်းကို ဆိုလိုတာပါ။
နတ်သမီးနဲ့တူသော မယားဆိုတာ မယားဝတ္တရားတွေ ကျေပွန်ပြီး ခင်ပွန်းအပေါ်မှာ ချစ်ခင် ကြင်နာ ဖြည့်ဆည်းပေးတဲ့ မိန်းမကို ဆိုလိုတာပါ။
လူသေဆိုတာကတော့ လူသေကောင်လိုပဲ ချစ်ခင် ကြင်နာမှုတွေ မရှိ၊ ဘာတစ်ခုမှ မလုပ်ချင် မကိုင်ချင်၊ အပျင်းတွေ တစ်ပြီး ၀တ္တရားတွေ လစ်ဟင်းနေတာမျိုးပါ။
ဒါကြောင့် လူသေလင်မယားမျိုး မဖြစ်စေပဲ နတ်သားနတ်သမီး လင်မယားမျိုးဖြစ်အောင် ကျင့်ကြံနေထိုင် အားထုတ်ရင်လည်း အိမ်ထောင်ဘက်ကောင်းတွေ ဖြစ်ကြမှာပါပဲ။
Credit : myanmarinsingapore
No comments:
Post a Comment