ဒေးဗစ်ဟိသ်ဆိုတဲ့ ဓါတ်ပုံဆရာတစ်ဦးက မြန်မာပြည်မှာရှိတဲ့ သဘာဝအလှတရားတွေကို ဓါတ်ပုံမှတ်တမ်းတင်ပြီး စာအုပ်အဖြစ်ထုတ်ဝေလိုက်ပါတယ်။ အထူးသဖြင့် အနောက်တိုင်းသား ခရီးသွားတွေ ရောက်လေ့ရောက်ထမရှိတဲ့ မြန်မာပြည်က နေရာအချို့ကို အကောင်းဆုံးဓါတ်ပုံတွေနဲ့ မှတ်တမ်းတင်ထားတယ်လို့ စာအုပ်ထုတ်ဝေထားသူ ဓါတ်ပုံဆရာက ပြောထားပါတယ်။
အဆိုပါဓါတ်ပုံဆရာဟာလွန်ခဲ့တဲ့ခြောက်နှစ်လောက်ကတည်းက မြန်မာပြည်ကိုရောက်လာပြီး နိုင်ငံအနှံ့ခရီးထွက်ကာ ဓါတ်ပုံမှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။ Burma: An Enchanted Spirit လို့အမည်ပေးထားတဲ့ ဒီစာအုပ်ထုတ်နိုင်ဖို့အတွက် ဟိသ်တစ်ယောက် လေယာဉ် ၃၈ ကြိမ်စီးပြီး မြန်မာပြည်ကို ဗီဇာ ၁၀ ကြိမ်လျှောက်ခဲ့ရပါတယ်။ အထူးသဖြင့် ဒေသခံတွေရဲ့ နေထိုင်လှုပ်ရှားပုံတွေဟာလည်း အနောက်တိုင်းသားတွေအတွက် အဆန်းတကြယ်ဖြစ်စေတာကြောင့် မရောက်ဖူးသေးတဲ့ ခရီးသွားတွေကို တစ်ဖက်တလမ်းက လမ်းညွှန်မှုပေးထားတဲ့ စာအုပ်လည်းဖြစ်ပါတယ်။ အဓိကအားဖြင့်တော့ ရင်သပ်ရှုမောဖွယ် ဓါတ်ပုံတွေကိုသာ အသားပေးကြည့်ရမယ့်စာအုပ်ဖြစ်ပါတယ်။
ဓါတ်ပုံဆရာဟိသ်ကတော့ မြန်မာပြည်ဒေသခံတွေလောက် ဖော်ရွေရင်းနှီးပြီးသဘောကောင်းတဲ့သူမျိုး လုံးဝမတွေ့ဖူးဘူးလို့ ညွှန်းထားပါတယ်။
planet myanmar
No comments:
Post a Comment