စာအုပ်တွေ ရေစိုသွားတဲ့အခါ ပြန်အခြောက်ခံလို့ရပေမဲ့ စာရွက်သားတွေက
တွန့်ပြီး ပုံပျက်သွားပါတယ်။ ဒီလို တွန့်မသွားစေမယ့် နည်းတစ်နည်းတော့
ရှိပါတယ်။ ဂျပန်ဝက်ဘ်ဆိုက်တစ်ခုက ဖော်ပြထားတဲ့နည်းလေးဖြစ်ပြီး အလွန်လည်း
လွယ်ကူပါတယ်။
အဆင့် - ၁
စိုနေတဲ့ စာရွက်တွေကြားကို စာရွက်ခြောက်တစ်ခုခြင်းစီ ညှပ်ပါ။
အဆင့် - ၂
စာအုပ်အပေါ်ကနေ လေးလံတဲ့ အရာတစ်ခုနဲ့ ဖိထားပေးပါ။
အဆင့် - ၃
ကြားညှပ်ထားတဲ့ စာရွက်တွေက အရည်တွေကိုစုပ်ပြီး စိုသွားတဲ့အခါ အသစ်တစ်ရွက်လဲပေးဖို့လည်း လိုပါတယ်။
ဒီနည်းဟာ
စာအုပ်အများစုမှာ အသုံးဝင်ပေမဲ့ စာရွက်သား မကောင်းတာတွေနဲ့
စာအုပ်ကစိုရုံမကဘဲ ပျက်စီးသွားတာတွေအတွက်တော့ သိပ်ထိရောက်မှာ မဟုတ်ပါဘူး။
No comments:
Post a Comment