Friday, 2 October 2015

စိန်

 http://www.whiteflash.com/articlefiles/about/Diamond-Sparkle.jpg
စိန်သည် ကြွယ်ဝချမ်းသာခြင်းနှင့် အောင်မြင်ခြင်း အမှတ်သင်္ကေတဟုလည်း ယူဆနိုင်ပြီး ကြွယ်ခြင်းကို ဖော်ပြရန် စိန်ကို ကိုဝတ်၏။ အောင်မြင်သူ တစ်ဦးဖြစ်ကြောင်း ကြွေးကြော် အောင်ပွဲခံသည့် အနေနှင့် စိန်ကိုဆင်မြန်းပြီး ဂုဏ်ယူသည်။
ကမ္ဘာတစ်ဝန်းရှိ ဂမ္ဘီရ ပညာရှင်များက စိန်သည် ချစ်ခြင်း မေတ္တာ၏ သင်္ကေတ (symbol of love) ဟု ယူဆသည်။ ထို့ကြောင့် ချစ်ရသော သူအား ချစ်သက်သေ အဖြစ် စိန် လက်ဝတ်ရတနာကို ဝယ်ယူ လက်ဆောင် ပေးပြီး အချစ်ကို ဖော်ကျူး မှတ်ကျောက်တင်၏။ လက်ထပ် လက်စွပ်ကို စိန်နှင့် ပြုလုပ်ကာ ဝတ်ဆင်စေ၏။ စိန်သည် symbol of wealth and success ကြွယ်ဝ ချမ်းသာခြင်းနှင့် အောင်မြင်ခြင်း အမှတ် သင်္ကေတဟု လည်း ယူဆနိုင်ပြီး ကြွယ်ဝခြင်းကို ဖော်ပြရန် စိန်ကိုဝတ်၏။ အောင်မြင်သူ တစ်ဦးဖြစ်ကြောင်း ကြွေးကြော် အောင်ပွဲခံသည့် အနေနှင့် စိန်ကို ဆင်းမြန်းပြီး ဂုဏ်ယူသည်။ ထိုထက်မက စိန် ဟူသော ရတနာသည် လူသားတို့အား ကျက်သရေ မင်္ဂလာ ထည်ဝါခြင်းနှင့် ကံကောင်းခြင်းကို သယ်ဆောင်ပေး သည်ဟူ၍ ယူဆကာ အဆောင်ကျောက် အဖြစ်ဝတ်ဆင်ကြကုန်၏။

ကမ္ဘာတစ်ဝန်းရှိ လူတို့သည် စိန် ကို ဝတ်ဆင် သုံးစွဲရန် ဝယ်ယူသောအခါ ဇန်နဝါရိလတွင် အဓိက ဝယ်ယူလေ့ ရှိသည်။ ဤလတွင် စတင် ပိုင်ဆိုင်သော စိန်သည် မိမိဘဝအတွက် ထူးခြားသော ကံကောင်းခြင်း၊ လာဘ်ပွင့် ခြင်း၊ အောင်မြင် ချမ်းသာခြင်းနှင့် ထင်ပေါ် ကျော်ကြားခြင်း ဓာတ်များ ခိုအောင်းနေသည်ဟူ၍ ယူဆလေ့ ရှိသည်။ ၎င်းအပြင် ဇန်နဝါရီလ မွေးသောသူ အားလုံးတို့၏ ရတနာလက်ဝတ် အဆောင့်ကျောက်သည် စိန် ဖြစ်သည်။

ဇန်နဝါရီ (January) ဟူသော လ၏ အမည်သည် JANUS အမည်ရှိသော အနောက်တိုင်း ဒဏ္ဍာရီမှ နတ်ဒေဝတာ၏ အမည်ကို စွဲယူ မှည့်ခေါ်ထားသည်။ JANUS နတ်ဒေဝတာသည် နှစ်ကာလ တစ်ခုကို စတင် ဖွင့်လှစ်ပေးသူ ဖြစ်သည်။ နှစ်ကာလတစ်ခု ဖွင့်လှစ်သည့် မုခ်ဦးကို စောင့်ရှောက်သော တံခါးမှူးကြီး ဖြစ်သည်။ ဦးခေါင်းနှစ်လုံး မျက်နှာနှစ်ဖက်ရှိပြီး တစ်ခုသော မျက်နှာသည် အတိတ်သို့ မျက်နှာမူကာ တစ်ခုသော မျက်နှာသည် အနာဂါတ်တို့ မျှော်ကြည့် မျက်နှာမူ၏။

အတိတ်ကာလတွင် ကောင်းခြင်း ပြုခဲ့သော သူည် အနာဂတ်တွင် ထူးခြားစွာ အောင်မြင်မှု တစ်စုံတစ်ရာ ရစေရန် အကြောင်းရှိသော် JANUS သည် အတိတ်၊ အနာဂတ်ကို မျက်နှာနှစ်ဖက် ခေါင်းနှစ်လုံးနှင့် လေ့လာပြီး နှစ်ဦးကာလ ၎င်းပိုင်ဆိုင်သော လ January တွင် စိန် ရတနာကို ပိုင်ဆိုင် ဝတ်ဆင်၏။ ထို စိန် ကို ပိုင်သူကား အနာဂတ်တွင် ဘုန်းကံကြီးခြင်းနှင့် အောင်မြင်ခြင်းကို ရစေသည် ဟူသော အယူအဆမှ သက်ဆင်းသည်။

စိန် ကို အကျိုးရှိရှိ ဝတ်ဆင်ပြီး စိန်ကြောင့် ဖြစ်ပေါ်လာသော ကံကောင်းခြင်းကို ရစေရန် နည်းစနစ်ကျန သေချာ ရန် လိုအပ်ပါ၏။

မည်သူမဆို စိန်ကို လက်စွပ်အဖြစ် ဝတ်ဆင်ပါက လက်ခလယ်တွင်သာ ဝတ်ဆင်ရမည်။ ခြွင်းချက်အဖြစ် လက်ထပ် လက်စွပ် ( wedding ring) ကို လက်သူကြွယ်တွင် ဝတ်ပါ။ လက်မတွင် ဝတ်ပါက နာမည်ပျက် ကံဆိုး၏။ လက်ညှိုးတွင် ဝတ်ပါက ဘေးရန် အန္တရာယ်များ၍ ကြေကွဲရမည်။ လက်ထပ် လက်စွပ်မဟုတ်သော အခြား စိန်လက်စွပ်ကို လက်သူကြွယ်တွင် ဝတ်ပါက မနာလိုသူ၊ ရန်သူပေါများမည်။ စကားတင်း ပြောဆို ခံရတတ်သည်။ လက်သန်းတွင် ဝတ်ပါက လာဘ်ပိတ်၊ ငွေမမြဲ၊ လုပ်သမျှ အခက်အခဲကြုံတတ်၏။ လက်ခလယ်တင် ဝတ်ပါက အလွန်ကောင်း၏။

စိန်ကို တန်းစီ၍ သော်လည်းကောင်း ဝန်းဝိုင်း၍ သော်လည်းကောင်း၊ အလုံးရေများစွာ သုံး၍ လက်ဝတ် ရတနာပြုသော် မ ဂဏန်းအရေးအတွက် ၁၊ ၃၊ ၅၊ ၇၊ ၉၊ ၁၁၊ ၁၃၊ ၁၅၊ ၁၇…… စသည့် အရေတွက်နှင့် ပြုလုပ်ရမည်။ စုံ ဂဏန်းပြုပါက ခိုက်တတ်၏။

စိန်ကို မဟူရာနှင့် တွဲ၍ လက်ဝတ် ရတနာ မပြုအပ်။ အခြားသော ရတနာ ကျောက်နှင့် တွဲ၍ ပြုနိုင်၏။ အခြား ရတနာတွဲပါက အခြားကျောက်ကို အလယ်ထားပြီး စိန်နှင့်ရံခြယ်ကာ ဝတ်ရမည်။ စိန် ကို အလယ်ထားပြိး အခြားကျောက်နှင့် ရံပါက ဝယ်သူတွင် ခိုက်တတ်သည်။

စိန်တွင်ရှိသော သိဒ္ဓိဓာတ်အား ကောင်းစေရန် စိန်ဝတ်ဆင်သော သူသည် စိန် ကို ဆေးကြော သန့်စင်ခြင်းပြုဖို့ အချိန် (၅) ချိန် ရှိပါသည်။

-ဝတ်ဆင်သူ၏ မွေးနေ့နံနက် ၇ နာရီမှ ၉ နာရီအတွင်း
- တနင်္ဂနွေနေ့ နံနက် ၆ နာရီမှ ၇း၃၀ နာရီအတွင်း
-တနင်္လာနေ့ နံနက် ၇း၃၀ နာရီ မှ ၉ နာရီအတွင်း
-ဗုဒ္ဓဟူးနေ့ နံနက် ၇ နာရီ မှ ၉ နာရီအတွင်း
-သောကြာနေ့ နံနက် ၇း၃၀ နာရီ မှ ၉ နာရီအတွင်း

ဖော်ပြပါ ငါးရက်မှ တစ်နေ့နေ့သည် လပြည့်နေ့နှင့် တိုက်ဆိုင်ပါက သတ်မှတ်ထားသော အချိန်တွင် စိန်ကိုသိဒ္ဓိဖွင့်ရပါမည်။ ဆိုလိုသည်မှာ အင်္ဂါနေ့ မွေးသော သူတစ်ဦးသည် ပြက္ခဒိန်တွင် အင်္ဂါနေ့နှင့် လပြည့်နေ့ တိုက်ဆိုင်သော နေ့၏ နံနက် ၇ နာရီမှ ၉ နာရီအတွင်း မိမိဝတ်ဆင်သော စိန်ကို ဆေးကြောသန့်စင်ခြင်း ပြုရမည်။ လပြည့်နေ့သည် တနင်္ဂနွေ၊ တနင်္လာ၊ဗုဒ္ဓဟူး၊ သောကြာနေ့တို့နှင့် တိုက်ဆိုင်ပါက ၎င်းနေ့ အသီးသီး၏ ပူးတွဲ ဖော်ပြပါ အချိန်အတွင်း သန့်စင်ခြင်း ပြုရမည်။
စိန်ကို ဆေးကြောသန့်စင်သော အခါတွင် နွားနို့စိမ်း စစ်စစ်နှင့် (၂၁) ကြိမ်ဆေးရမည်။ ၎င်းနောက် တရော်ကိုးထုံး၊ ကင်ပွန်းကိုးဆစ်နှင့် ပြုဆောင်ထားသော ရေတွင် (၂၁) ကြိမ်ဆေးပါ။ တရော်ကင်ပွန်း မရှိပါက သန့်စင်သော ရေတွင် အမွှေးနံ့သာ (ရေမွှေး) နှင့်ရော၍ ဆေးကြောရမည်။ ၎င်းနောက် စိန်ကို ကတ္တီပါ အနီပေါ်တွင် တင်ထားပြီး စိန် ရှေ့တွင် အမွှေးတိုင်သုံးတိုင်ထွန်းပါ။ ထို့နောက်မှ ဝတ်ဆင်ပါ။ စိန်၏ ထူးခြားသော တန်ခိုးအာနိသင်ကို ထင်ရှားစွာရရှိပါလိမ့်မည်။

အညွန်း – ဆရာစံ-ဇာဏီဘို၏ ကျောက်မျက်ရတနာကို ဘယ်လို ဆင်မြန်းမလဲ…. စာအုပ်မှ

တခါတလေ ကိုယ့်လက်ရှိဘဝလေးက ကိုယ်လိုချင်နေတဲ့ဘဝထက် ပိုကောင်းနေတယ်လေ

တခါတလေ ကိုယ့်လက်ရှိဘဝလေးက ကိုယ်လိုချင်နေတဲ့ဘဝထက် ပိုကောင်းနေတယ်လေ

မိမိ ကိုယ်ကိုယ်လေးစားတတ်ခြင်း

http://eatingasia.typepad.com/photos/uncategorized/dim_sum_steam_and_smile_1.jpg
 ပေါက်ဆီဆိုင်တစ်ဆိုင်ဟာ အရမ်းကိုရောင်းကောင်းပါတယ် ပေါက်စီက အလုံးကြီးသလို အဆာသွပ်ထားတာလည်းများပြီး အရသာ ကလည်းကောင်းတော့ အမြဲတမ်း ဆိုင်မှာ လာဝယ်တဲ့သူတွေ
ပေါင်းအိုးထဲက ထုတ်လာတဲ့ အငွေ့တထောင်းထောင်းနဲ့ မွေးကြိုင်ဖြူ အိနေတဲ့ ပေါက်စီ ပူပူနွေးနွေး တွေကို လာစောင့်ပြီး ဝယ်စားတဲ့သူတွေ နဲ့ ဆိုင်မှာ အမြဲ လူပြည့်နေတတ်ပါတယ် ဒီလိုနဲ့ တစ်နေ့ မှာ အဝတ်အစားစုတ်စုတ်ပြတ်ပြတ်နဲ့ သူတောင်းစားတစ်ယောက်ဟာ ဆိုင်တံခါး ဝမှာမဝံ့ မရဲ ပုံစံ နဲ့ လာရပ်တယ် ဈေးဝယ် တစ်ချို့ က နှခေါင်းရှုံပြီး သူ့ကို ကွင်းသွားကြတယ်… ဆိုင်အလုပ်သမားတစ်ယောက် ကထွက်လာပြီး သူတောင်းစားကို ဆဲလည်းဆဲ ဆိုင်ထဲ က လည်း မောင်းထုတ်တော့တယ် ဒါပေမဲ့ သူတောင်းစား က ကမန်းကတန်ူးရှင်းပြရှာတယ် “ကျွန်တော် လာတောင်း စား တာ မဟုတ်ပါဘူးခင်ဗျာ ပေါက်စီလာဝယ်တာပါ ” လို့ ကြောက်ကြောက်လန့်လန့် နဲ့ပြောရှာ ယင်း လက်ထဲ မှာဆုတ်ထားတဲ့ ပိုက်ဆံလေးတွေ ကိုဖြန့်ပြရှာတယ် ဆိုင်အလုပ်သမားက နားမထောင်ပဲ အမြင်ကတ်ကတ်နဲ့ သူတောင်းစားလက်ကို ပုတ်ထုတ်ပစ်တော့ ပိုက်ဆံတွေ ကြမ်းပြင်ပေါ်ပြန့် ကျဲကျသွားကုန်လေ ရော ကမန်းကတန်း နဲ့ အလန့်တကြားသူ့ပိုက်ဆံလေးတွေ ကိုပြန်လိုက်ကောက်ရှာတယ်…ဒါပေမဲ့သူ့ပိုက်ဆံ က ၅၀ တန်တစ်ရွက်လို နေရော အောက်အကျမှာ သူ့ငါးဆယ်ကျပ်တန်လေးတစ်ရွက်က ဆိုင်ထဲ လွင့်ပါသွားတာ သူဘယ်လို ကုန်း ရှာ၇ှာ မတွေ့ ဘူးဖြစ်နေရော..
အဲ့အချိန်မှာပဲ
.
“ဒါ သင့်ရဲ့ ပိုက်ဆံ ဟုတ်ပါသ လားခင်ဗျာ ”
.
သူမော့ကြည့်လိုက်တော့ ဆိုင်ပိုင်ရှင် ဦးလေး သဌေးကြီး ကိုယ်တိုင်ဖြစ်နေရော သူတောင်းစားလေးလဲ သာမှပြန်မပြောရဲတဲ့အပြင် သူ့ပိုက်ဆံ တောင်သူပြန် မယူရဲတော့ပဲ ဆိုင်ထဲ ကနေလှည့်ထွက်ပြေးမ လို့ပြင်ရှာတယ် ဒါပေမဲ့ သဌေးက သူ့ကို ရပ်ခိုင်းပြီး.
“ ဝမ်းသာကြို ဆိုပါတယ် ဘာ အဆာသွပ်ပေါက်ဆီများ ရချင်ပါသလဲ ခင်ဗျာ ” လို့ ချိသာပြုံးရွင်စွာနဲ့ ကြိုဆိုယင် ပြောတယ် ……
သူတောင်းစားလည်း အံ့သြစွာ နဲ့ကြောင်နေရှာရော ပြီးတော့မှမဝံ့မရဲနဲ့ “ ကျွန်တော် ဝက်သားပေါက်စီတစ်လုံးရချင်လို့ပါခင်ဗျာ ” လို့ပြောရော သဌေး ကြီးက.
“ အော်ရပါတယ် ခင်ဗျာ ခဏစောင့်ပါ ”ဆိုပြီ ပေါင်းအိုးထဲ ကပေါက်စီတစ်လုံးကို ယူပြီး သူတောင်းစားကို ထုတ်ပိုးပေးလိုက်ပါတယ် . ပြီးတော့မှ သူ့ရဲ့ အလုပ်သမားဖက်လှည့်ပြီးပြောတာ “ ဒါလား မင်းရဲ့ဖောက်သည်အပေါ် ဆက်ဆံ တဲ့ပုံစံ ???.
“ သူက သူတောင်းစား လေ ခင်ဗျာ ” “ သူ့ဖာသာသူတောင်းစားမက လို့ ဘာပဲဖြစ်ဖြစ် ပေါ့ ငါတို့ ဆိုင်လာဝယ်ရင်ငါတို့ ရဲ့ဧည့်သည် ဖောက်သည်ပဲ ကွ …မင်းကို ငါ အလုပ်ဖြုတ်တယ် ဆိုပြီး ..တန်းအလုပ်ထုတ်ပစ်ရော

အဲ့ဒီနောက်တော့ နောက်နေ့ တွေ မှာ ဆိုင်ကဖောက်သည်တွေ အံ့သြ လန့် ဖြန့်ကုန် စေတာကတော့ သဌေးကြီးဟာ အဲ့ဒီသူတောင်းစားလေးကို ဆိုင်အလုပ်သမားခန့်ထားလိုက်တာပါပဲ
.
ပြီးတော့ သူတောင်းစား လူငယ်လေးဟာ လည်း ဆံပင်မုတ်ဆိတ် တွေ ရှင်းပြီး သန့်သန့် ပြန်ပြန့်လေး ဝတ်စားဆင်ယင်လိုက်တော့ ခန့်ညား ကြည့်ကောင်းတဲ့ လူငယ်လေးဖြစ်နေယုံတင်မက ဘူး အရမ်းရိုးသားကြိုးစားပြီး ဆိုင်ရဲ့ အင်မတန်ကောင်းမွန်တဲ့ အလုပ်သမားဖြစ်နေတော့တာပါပဲ .. ဒါနဲ့ ဖောက်သည်တွေ က နောက်ကျတော့ ဆိုင်ရှင်သဌေးကြီးကိုမေးကြတာ “ ဒီကောင်လေး ဟာ ပတ္တမြားနွံနှစ် လေးပဲဖြစ်တယ် ဆိုတာ ခင်ဗျားဘယ်လိုလုပ်ပြီး အကဲဖြတ် တာလဲ ” မီးခဲပြာဖုံး ဆိုတာ ဘယ်လိုသိနေတာလည်း ? ဆိုတော့ သဌေးကပြောတာ
.
“တကယ်တမ်းတော့ အရမ်းကိုလွယ်ပါတယ် သူဟာပေါက်စီကို လာတောင်းစားတာမဟုတ်ဘူး ပိုက်ဆံတွေ ခက်ခက်ခဲခဲ စုလာပြီး ပိုက်ဆံရှိတော့မှ ငါ့ ပေါက်စီ ကို လာဝယ်စား ကတည်းက သူ့ကိုယ်သူ လေးစားတဲ့သူဖြစ်တယ် ဆိုတာ သိနေ နိုင်တာပါပဲ” တဲ့

တစ်ပါးသူကို လေးစားတတ်တာဟာ မိမိ ကိုယ်ကိုယ်လေးစားတတ်ခြင်းပါပဲ
ကိုယ့်ကိုယ် ကို လေးစားတဲ့ သူမျှ သာလျှင် ကိုယ်လုပ် တဲ့ အလုပ်ကိုလေးစားတတ်မှာပဲ ဖြစ်ပါတယ်
ခင်ဗျာ.



Credit: သုတရသ မျှဝေမယ်

သူဌေးလား ဝန်ထမ်းလား

 https://www.psimg.com/images/billionaire-club/ns/en/billionaire-club-header.jpg
ချမ်းသာသောသူနဲ့ ဆင်းရဲသောသူက လောကကြီးမှာ ဒွန်တွဲနေပင်မဲ့လည်း ပြောင်းလဲအောင်လုပ်ယူနိုင်တယ်လို့ ထင်ပါတယ်။
သူတို့နှစ်ယောက်မှာ အဓိက ကွာခြားချက်တွေရှိတယ်ဆိုတာကို မမေ့ပါနဲ့နော်။ ဒီကွာခြားချက်တွေကို ပြင်နိုင်ရင် ပြောင်းလဲလာပါလိမ့်မယ်။

★ လွယ်သောလမ်းကို လိုက်မလား၊ ခက်သောလမ်းကို လိုက်မလား
ခိုင်မြဲသောအလုပ်ကိုလုပ်နေခြင်း၊ တစ်ယောက်ယောက်ရဲ့ အမိန့်ကိုနာခံနေတာက ကိုယ်ပိုင်အလုပ်ထက် သက်သာကောင်းသက်သာပါလိမ့်မယ်။ သူဌေးတွေကတော့ ရည်ရွယ်ချက်ရှိရှိ ခက်သောအလုပ်ကို ရွေးပြီးလုပ်လေ့ရှိပါတယ်။ သူများမလုပ်တဲ့အလုပ်ကိုလုပ်နိုင်မှာသာလျှင် အောင်မြင်ရန်လမ်းနဲ့ နီးစပ်လာမှာ ဖြစ်ပါတယ်။ သူဌေးဖြစ်ချင်ရင်တော့ အခက်အခဲတွေ၊ပြသာနာတွေကို ရင်ဆိုင်ရဲသော သတ္တိရှိရင်လိုပါတယ်။ ကိုယ်ကဘာဖြစ်ချင်သလဲဆိုတာကို စဉ်းစာပါ။

★ လိုသည်ထက်ပိုပြီး သုံးနေသလား
သူဌေးတွေက အိမ်တွေ၊ ကားတွေ၊ ဝယ်ပြီးချက်ချင်းရှုံးသွားနိုင်သော အရာဝတ္တုကို မဝယ်ပါ။ ကိုယ့်အတွက် လိုအပ်မယ်လို့ထင်သော အရာကိုသာဝယ်လေ့၊ သုံးလေ့ရှိပါတယ်။ အချို့သူဌေးတွေဆိုရင် ကားတောင်အသစ်ဝယ်မစီးပါ။ ဝင်ငွေနီးပါး ငွေကို သုံးနေပြီ ဆိုရင်တော့ သတိထားပါ။
 
★ ဘယ်သူ့အတွက် အလုပ်လုပ်နေတာလဲ။ ကိုယ့်အတွက်လား။ သူတပါးအတွက်လား။
ဆင်းရဲသောသူဆိုသည်မှာ အမြဲတမ်း သူတပါးရဲ့ အမိန့်ကို နာခံလိုသူပါ။ သူဌေးဖြစ်ချင်သူကတော့ ကိုယ်ပိုင်အလုပ်ကို လုပ်နိုင်အောင် ကြိုးစားသူပါ။ သူ့လုပ်ငန်းကို ကြီးပွားလာအောင် အမြဲကြီးစားနေသူပါ။ နောက်ပြီး သူ့လုပ်ငန်းအောင်မြင်ပြီး ဝင်ငွေပိုမိုရရှိအောင် ဝန်ထမ်းတွေ လိုအပ်တယ်လို့ တွေးနေပါတယ်။

★ ဘယ်သူမဆို ပေါင်းမှာလား။ တော်သောသူကို ပေါင်းမှာလား။
အောင်မြင်အောင်ကြိုးစားနေသူဟာ သူ့ရဲ့ပတ်ဝန်းကျင်မှာလည်း အောင်မြင်နေသောသူများပါလိမ့်မယ်။ အောင်မြင်ချင်ရင်တော့ ကိုယ်နဲ့ ခံယူချက်တွေတူညီသောသူနဲ့ ပေါင်းသင်းဆက်ဆံရန် လိုအပ်ပါတယ်။ အောင်မြင်နေသောသူက ဘယ်လိုစဉ်းစားပြီး သူတို့လိုအောင်မြင်အောင် ကိုယ်လည်း ဘယ်လိုတွေးခေါ်ရမလဲဆိုတာကို စဉ်းစားရမှာ ဖြစ်ပါတယ်။

★ ဘယ်သူ့အတွက် အလုပ်လုပ်မှာလဲ
မအောင်မြင်သောသူဟာ လခသာကောင်းရင် အလုပ်ကို လွယ်လွယ်နဲ့ပြောင်းတတ်ပါတယ်။ သူဌေးတွေဟာ အလုပ်လုပ်နေတာဟာ ပိုက်ဆံအတွက်အဓိကမဟုတ်တာကို သိနေပါတယ်။ အနာဂတ်မှာ ကိုယ့်ရဲ့ရည်မှန်းချက်ကို အောင်မြင်ရန်အတွက် ငယ်စဉ်အချိန်ထဲက သတိထားပြီး လေ့လာ သင်ကြားရမှာပါ။ အရောင်းအဝယ်ကို စိတ်ဝင်စားသောသူက အရောင်းအဝယ်ကို ကြိုးစားပြီးလေ့လာရမှာဖြစ်သလို၊ ငွေရေးကြေးရေးကို စိတ်ဝင်စားသောသူကတော့ ဘဏ်မှာ အလုပ်လုပ်ပြီး ငွေလည်ပတ်မှုကို သင်ယူရမှာ ဖြစ်ပါတယ်။ အောင်မြင်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့စွမ်းရည်၊ အတွေ့အကြုံကို တိုးတက်အောင် လုပ်ရမှာပါ။

★ သုံးပြီးရင်းသုံးနေတာလား
ဆင်းရဲသောသူက ပိုက်ဆံက လက်ထဲရောက်ရင် ကားအကောင်းစားတွေ ဝယ်စီး၊ အိမ်ကြီးတွေဆောက်နဲ့ ပိုက်ဆံကို သုံးလေ့ရှိပါတယ်။ သူဌေးတွေကတော့ ပိုက်ဆံကို မသုံးပါ။ ငွေဟာ သုံးရင်သုံးသလောက် ကုန်မယ်ဆိုတာကို သူတို့နားလည်နေပါတယ်။ ကောင်းကောင်းနေနိုင်ရန်အတွက် ငွေကို ချွေတာပြီး သုံးလေ့ရှိပါတယ်။
 
★ ပိုက်ဆံပဲ စုမှာလား။ တိုးအောင်လုပ်မှာလား
ချွေတာတယ်ဆိုတာ အရေးကြီးပင်မဲ့လည်း ဝင်ငွေဆိုတာလည်း အမြဲရှိရင်လိုအပ်ပါတယ်။ အောင်မြင်ရန်အတွက်ဟာ ပိုက်ဆံရှာတတ်ရန်လည်း သိထားရမှာပါ။ စုထားနိုင်တာတခုတည်းမဟုတ်ပဲ ဝင်ငွေကို တိုးအောင်လည်း ကြိုးစားရမှာပါ။

★ ကိုယ်ကိုကိုယ် ထိန်းနိုင်လား
လူများဟာ ငွေနဲ့ပတ်သက်လာရင် တည်တည်ငြိမ်ငြိမ် စဉ်းစားဆုံးဖြတ်နိုင်တယ်ဆိုတာ ရှားပါတယ်။ တဖက်မှာတော့ သူဌေးတွေကတော့ ငွေနဲ့ပတ်သက်ပြီး အေးအေးဆေးဆေး စဉ်းစားဆုံးဖြတ်နိုင်သော အားသာချက်ရှိပါတယ်။

★ ဘယ်လိုအလုပ်ကို လုပ်မှာလဲ
သာမန်လူတစ်ယောက်ကတော့ ကိုယ်လုပ်နိုင်သလောက်ကိုပဲ လုပ်ပြီး ပျော်နေတတ်ပါတယ်။ သူဌေးတွေကတော့ မဖြစ်နိုင်ဘူးဆိုတာကို ဖြစ်အောင်လုပ်မယ်ဆိုသော ရည်မှန်းချက် ပန်းတိုင်က သူတို့ဆီမှာ ရှိပါတယ်။

★ အားလုံးကို တစ်ယောက်တည်းလုပ်မှာလား။ အကူအညီတောင်းမှာလား။
အောင်မြင်ရန်အတွက် ဇွဲ၊လုံ့လ၊ဝီရိယ ရှိရန်လိုပင်မဲ့လည်း တစ်ယောက်တည်းလုပ်နေရင်လည်း အောင်မြင်ရန်မလွယ်ကူပါ။ ကဏ္ဍအသီးသီးမှာ ကျွမ်းကျင်သော သူတွေရဲ့ ကူညီမှုက လိုအပ်ပါတယ်။

ဒါဆိုရင်တော့ သူဌေးဖြစ်ချင်သောသူက ဒီစာလေးကို ဖတ်ပြီး အထောက်အကူ ဖြစ်နိုင်ရင် အကောင်းဆုံးပါ။
Chelmo Team

စိတ်ဆင်းရဲခြင်းကနေ ရုန်းထွက်နိုင်မယ့်နည်း

 
နည်းမသိရင် စိတ်က ညစ်သည်ထက် ညစ်နေမှာ သေချာပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ စိတ်မကြည်လင်ဘဲ စိတ်အမှောင်ထဲမှာပဲ တ၀ဲဝဲလည်နေလို့ ဖြစ်တယ်။ စိတ်ကို သတိနဲ့ ထိန်းနိုင်ရမယ်။ စိတ်ဆင်းရဲရင် သတိနဲ့ထိန်းနိုင်အောင် လေ့ကျင့်ရမယ်။

- စိတ်ညစ်တာ
- ထိတ်လန့်တာ
- စိုးရိမ်ကြောင့်ကြတာ
- အားငယ်တာတွေ ပေါ်လာခဲ့ရင် ဆက်လက်ပြီး တွေးမနေဘဲ အတွေးကို ချက်ချင်းရပ်ပစ်ရမယ်။

မရပ်လို့ကတော့ စိတ်ညစ်တာကပဲ ပတ်ချာလည်နေမှာပဲ။
အဲဒီ မကောင်းတဲ့အာရုံအစား ပြောင်းလဲတွေးရမှာကတော့ ……….

- တည်ငြိမ်တာ
- သတ္တိရှိတာ
- ဇွဲရှိတာ
- ပျော်ရွှင်တာတွေ ဖြစ်တယ်။


စိတ်ဆင်းရဲတာကိုရပ်ပြီး ငါဟာ ယခုအချိန်ကစလို့ စိတ်တည်ငြိမ်စွာ လုပ်တော့မယ်လို့ ဆုံးဖြတ်ရမယ်။

(က) စိတ်တည်ငြိမ်စွာ ထားပါ။
(ခ) ဖြစ်သမျှအကြောင်း အကောင်းချည်းပဲဟု အောက်မေ့ပါ။
(ဂ) သတ္တိရှိပါ။ ဘာဖြစ်ဖြစ် မမှုဟု တွေးပါ။
(ဃ) ဇွဲရှိပါစေ။ ငါ မုချအောင်မြင်ရမည်ဟု ဆုံးဖြတ်ပါ။
(င) ပျော်ပျော်ရွှင်ရွှင်နေပါ။
(စ) စိတ်ကောင်းထားပါ။ သူတစ်ပါးအပေါ် ငြိုငြင်တဲ့စိတ် မဖြစ်ပါစေနဲ့။

စိတ်ဆင်းရဲရင် လိုက်နာဖို့ အဲဒီနည်းလေးကို သတိထားရမယ်။
သိရင် စိတ်ညစ်သက်သာမယ်။ စိတ်၏ ချမ်းသာခြင်းနဲ့ ဘ၀တက်လမ်းကို တွေ့မှာပါပဲ။

ကင်ဆာရှိနေပြီလားဆိုတာ သိနိုင်မယ့် အရိပ်လက္ခဏာများ

 http://www.ctvnews.ca/polopoly_fs/1.1841644.1401283993!/httpImage/image.jpg_gen/derivatives/landscape_960/image.jpg

ကင်ဆာရောဂါရဲ့ အရိပ်လက္ခဏာတွေကို ကြိုတင်သိရှိထားမယ်ဆိုရင် စောစောစီးစီးကုသမှုခံယူနိုင်ပြီး အသံအိုးကင်ဆာ၊သိုင်းရွက်ကင်ဆာလိုမျိုး တစ်ချို့ ကင်ဆာရောဂါတွေဟာ သင့်တော်တဲ့ကုသမှုခံယူမယ် ဆိုရင် ပျောက်ကင်းနိုင်ပါတယ်။ ကင်ဆာဟာ လူငယ်တွေမှာအဖြစ်နည်းတာကြောင့်၊ လူငယ်တွေဟာ ဒီကင်ဆာအရိပ်လက္ခဏာတွေကို တခြားသာမန်ဖျားနာမှုမျိုးရဲ့ လက္ခဏာတွေအဖြစ် မှားယွင်းသတ်မှတ်ကြလေ့ ရှိတယ်လို့ သိရပါတယ်။ ကင်ဆာရဲ့လက္ခဏာတွေဖြစ်နိုင်ပြီး လျစ်လျူမရှုသင့်တဲ့ ရောဂါလက္ခဏာတွေကတော့

၁။ နာကျင်ကိုက်ခဲခြင်း - အကိုက်အခဲပျောက်ဆေးတွေသောက်ရုံနဲ့ မပျောက်ကင်းတတ်တဲ့ နာကျင်ကိုက်ခဲမှုမျိုးကို သတိထားသင့်ပါတယ်။
 ၂။ အသားပို၊အဖုအထစ်များ - ခန္ဓာကိုယ်မှာ အသီးအဖုလေးတွေ တွေ့ ရပြီဆိုရင် ချက်ချင်းဆရာဝန်နဲ့ ပြသင့်ပါတယ်။
 ၃။ အလွန်အကျွံမောပန်းနွမ်းနယ်ခြင်း - နိုးနိုးကြားကြား မနေနိုင်လောက်အောင် ပင်ပန်းနွမ်းနယ် နေတတ်တာကလည်း ကင်ဆာရဲ့ နိမိတ်တစ်ခု ဖြစ်နိုင်ပါတယ်။
 ၄။ ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားခြင်း - ကိုယ်အလေးချိန် ပေါင်တော်တော်များများ ကျဆင်းသွားရင်လည်း စစ်ဆေးပြသသင့်ပါတယ်။
၅။ မှဲ့ တွေ ပြောင်းလဲသွားခြင်း - မှဲ့ တွေ အရောင် ဒါမှမဟုတ် အရွယ်အစားပြောင်းလဲသွားတယ် ဆိုရင် ချက်ချင်းဆရာဝန်နဲ့ ပြသသင့်ပါတယ်။

ကင်ဆာဖြစ်တဲ့ လူငယ် ၈၄ ရာခိုင်နှုန်းလောက်ဟာ ကင်ဆာပျောက်ကင်းခဲ့ပြီး၊ ဆယ်ကျော်သက်အရွယ် တွေဟာ ဦးနှောက်အကျိတ်ကင်ဆာမှာ ကလေးအရွယ်နဲ့ လူကြီးအရွယ်တွေထက် အသက်ရှင်ပျောက်ကင်းမှုနှုန်း ပိုများပါတယ်။
TrendMyanmar

မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလား

http://medimoon.com/wp-content/uploads/2012/11/PeakClimbing.jpg
ဂျပန်နိုင်ငံ Honda ကုမဏ္ဍီကို တည်ထောင်ခဲ့သူ Honda Soichiro က အလုပ်ဟာ အချစ်နဲ့ တူတယ်လို့ ဆိုပါတယ်။အလုပ်ကိုစိတ်ညစ်ဖို့ ကောင်းတယ်လို့ တွေးရင်စိတ်ညစ်စရာကောင်းပေမယ့် ပျော်တယ်လို့
 တွေးရင်တော့ အဆုံးမရှိ ပျော်ရွှင်ရပါတယ်တဲ့။ကမ္ဘာပေါ်မှာ အလုပ်လုပ်တဲ့ လူ နှစ်မျိုးနှစ်စား ရှိပါတယ်။ ပထမလူက .. “ မနက်မိုးလင်းပြီ။ အိပ်ရာမြန်မြန်ထပြီး လုပ်စရာရှိတာ မြန်မြန်လုပ်မှ.”ဆိုသူ ဒုတိယလူက.. မနက်မိုးလင်းပြန်ပြီလား။ မထချင်ဘူး စိတ်ညစ်ဖို့ ကောင်းလိုက်တာ.. ဆိုတဲ့ ထိုလူနှစ်မျိုး မှာ အောင်မြင်သူကတော့ ပထမလူဘဲ ဖြစ်မှာပါ။

  အောင်မြင်ချင်ရင် ဘယ်အလုပ်မျိုးကိုမဆို မြန်မြန်လုပ်၊ များများလုပ်၊ မရပ်မနားလုပ်၊ ဇွဲကြီးကြီးနဲ့ ပျော်ပျော်ပါးပါးလုပ်။ (သီတဂူဆရာတော်ကြီး)
   ယခု လုပ်နေတဲ့ အလုပ်ကို ဘာကြောင့်ပဲ လုပ်ရလုပ်ရ ကိုယ်လုပ်နေတဲ့ အလုပ်ကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင်သူက လူဖြစ်ရကျိုး နပ်သူ။ (အရှင်ဆန္ဒာဓိက)
   အရာရာဟာ ကိုယ်ပေါ်မှာ မူတည်နေတယ်။ တခြားသူများကို ယုံကြည်စေချင်ရင် ကိုယ့်ကိုကိုယ် ယုံကြည့်နိုင်သူ ဖြစ်အောင် ကြိုးစားရမယ်။
   ဒီကမ္ဘာပေါ်က ဘယ်သူကိုမှ မှီခိုဖို့ သင် မစဉ်းစားနဲ့။ ဘာဖြစ်လို့လဲဆို. သင် အမှောင်ထဲကို ရောက်နေတဲ့အချိန်မှာ သင့်ရဲ့အရိပ်တောင် သင့်အနားမှာ ရှိမှာမဟုတ်ဘူးဆိုတာ တစ်သက်သာလုံး မှတ်သားသွားပါ။ (နည်းစနစ်ကျကျ အတွေးအခေါ်)

   အကြောင်းတစ်ခုကြောင့် ဆုံးရှုံးမှု တစ်ခုကြောင့် အလုပ်တစ်ခု ရှေ့ဆက်ဖို့ ခက်နေပြီး မလုပ်နိုင်တော့ဘူးလို့ ယုံကြည်သွားတဲ့အခါ ကိုယ့်ကိုကိုယ်မေးကြည့်ပါ။ မဖြစ်နိုင်ဘူးဆိုတာ သေချာပြီလားလို့။ တကယ်တော့ ဘဝဆိုတာ ကိုယ်အရှုံးပေးမှ ရှုံးတာ။
 (ယမင်း)