Wednesday, 16 September 2015

အကြီးအကဲမန်နေဂျာတစ်တစ်ယောက်အတွက် အကျိုးမရှိတဲ့အလေ့အကျင့် (၇)မျိုး


 

၁။ ကတိမတည်တဲ့အကျင့်
- စကားတစ်ခုပြော၊ ကတိတစ်ခုပေးပြီး ပြောတဲ့အတိုင်းမလုပ်တဲ့အခါမှာ ကိုယ်ကအကြီးအကဲဖြစ်နေတော့ လက်အောက်ငယ်သားတွေက မလေးမစားဖြစ်လာနိုင်ပါတယ်။ ကိုယ့်လက်အောက်က၀န်ထမ်းတွေက ကိုယ့်ကိုယုံကြည်မှုတွေလျော့နည်းလာတဲ့အခါမှာ တဖြည်းဖြည်းနဲ.အလုပ်မှာ အကျိုးဖြစ်ထွန်းမှုလည်းနည်းသထက်နည်းလာနိုင်ပါတယ်။

၂။ လက်အောက်က၀န်ထမ်းတွေကို အများသိအောင် ဒဏ်ပေး အရှက်ရအောင်လုပ်တဲ့ပြောတဲ့အကျင့်
- ဘယ်သူကမှကိုယ်အရှက်ကွဲမှာကိုမလိုလားကြပါဘူး။ ပိုဆိုးတာက ကိုယ်အမှားတစ်ခုခုလုပ်မိတာကို လူအများရှေ.များအပြစ်တင်ပြောဆိုပြီး အရှက်ခွဲတာမျိုးကိုဆိုပိုလို.တောင်ကြောက်ကြပါတယ်။ အကြီးအကဲတစ်ယောက်အနေနဲ. ကိုယ့်ဝန်ထမ်းကဒီအမှားကို မတော်တဆလုပ်မိတာလား ? အလျင်လိုလို. လွဲချော်သွားတာမျိုးလားစသဖြင့် ကျိုးကြောင်းဆင်ခြင်ပြီးမှ ဆုံးမပြောဆိုဆွေးနွေးသင့်ပါတယ်။ တကယ်လို. ကိုယ်ကအရှက်ခွဲပြောဆိုမိလိုက်တဲ့အခါမှာ နောက်ပိုင်းကိုယ့်ဝန်ထမ်းက ကိုယ့်ကိုသည်းမခံနိုင်လွန်းပြီးပြန်စော်ကားပြောဆိုတာမျိုး မလိုလားအပ်တာတွေပါဖြစ်လာနိုင်ပါတယ်။

၃။ မျက်စိဒေါက်ထောက်ကြည့်ပြီး ကိုယ့်ပိုင်လွတ်လပ်ခွင့်မပေးတဲ့အကျင့်
- အကြီးအကဲတိုင်းကတော့ ကိုယ့်လက်အောက်ဝန်ထမ်းတွေအကြောင်း
 ကောင်းကောင်းသိနားလည်ထားရအောင် လေ့လာအကဲခတ်လေ့ရှိကြတာပါပဲ။ ဒါပေမယ့် လိုတာထက်ပိုပြီး ဘာလုပ်လုပ်ဘာကိုင်ကိုင်စောင့်ကြည့်စပ်စုနေတာမျိုး၊ ကိုယ်ပိုင် လွတ်လပ်ခွင့်ကိုပါကျော်ပြီး ၀င်စွက်ဖက်အကဲခတ်နေတာမျိုးကတော့ လုံးဝမလုပ်သင့်ပါဘူး။ အဲ့လိုလုပ်တာကြာလာရင် ၀န်ထမ်းက အလုပ်မှာနေရတာ သက်တောင့်သက်သာမရှိ၊ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါး အလုပ်လုပ်ရတဲ့ခံစားမှုမျိုးမရတော့ဘဲ ငါတို.မန်နေဂျာကတစ်မျိုးကြီးပဲ လို.တွေးထင်စိတ်ရှုပ်သွားနိုင်ပါတယ်။

၎။ ချီးမွမ်းအသိအမှတ်မပြုတဲ့အကျင့်
- အကောင်းဆုံးတွေလုပ်ဆောင်အကောင်အထည်ဖော်ပြနေတာတောင် ၀န်ထမ်းကို အကောင်းမပြော အသိအမှတ်ပြုမှုမပြတဲ့အခါမှာ ၀န်ထမ်းအနေနဲ.လည်း အကောင်းဆုံးပဲစွမ်းဆောင်ပြပြ၊ အလုပ်ကြိုးစားမှုပဲလျော့ကျနေနေဘာမှမထူးခြားလာလောက်ပါဘူးဆိုပြီး အလုပ်အပေါ်ကြိုးစားချင်စိတ်တွေလျော့ကျလာနိုင်ပါတယ်။

၅။ အကုန်သိအကုန်တတ်လုပ်လွန်းတဲ့အကျင့်
- ဘယ်လောက်မြင့်တဲ့နေရာမှာရှိတဲ့ အကြီးအကဲပဲဖြစ်နေပါစေ၊ အရေးကိစ္စအကုန်လုံးတော့မဆောင်ရွက်နိုင်ပါဘူး။ တခါတလေ ကိုယ်မသိတဲ့ကိစ္စအချို. ကိုယ့်လက်အောက်ဝန်ထမ်းက သိနေတဲ့အခါမျိုးမှာ မေးမြန်းရမှာကိုရှက်နေကြောက်နေပြီး ကိုယ်ကပဲအတော်ဆုံးအတတ်ဆုံး ကိုယ်ကပဲအရာအားလုံးကိုလုပ်နိုင်ကိုင်နိုင် သိကျွမ်းတတ်မြောက်သလိုဖြစ်ချင်နေတဲ့အခါ အလုပ်မတွင်ကျယ်တော့ပါဘူး။ အဲ့လိုဖြစ်နေတော့ တချို.လုပ်ငန်းဆောင်တာတွေမှာ သိကျွမ်းနားလည်တဲ့ ကိုယ့်လက်အောက်ငယ်သားကို ကိုယ်ကတာဝန်ခွဲပေးတာမျိုးမရှိတော့ဘဲ ၀န်ထမ်းကလည်း ငါလုပ်နိုင်တယ် ဒါပေမယ့်ငါ့ကိုမလုပ်ခိုင်းတဲ့အတွက် လုပ်မပေးတော့ဘူး။ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် ငါနဲ.လည်းမဆိုင်တော့ဘူးလို. လက်လွတ်စပယ်နေတတ်သွားပါမယ်။

၆။ အရင်နားမထောင်ဘဲပြောချင်တာပဲအရင်ပြောတဲ့အကျင့်
- လက်အောက်က၀န်ထမ်းတွေပြောတဲ့စကားကိုအရင်နားထောင်မပေးဘဲ သူတို.တွေမှာလုပ်စရာအလုပ်တွေရှိတယ်။ အဲ့တော့ငါပြောတာပဲသူတို.နားထောင်၊ ပြီးရင်သူတို.အလုပ်သူတို.ပြီးအောင်ဆက်လုပ်ကြရမယ်လို. တဖက်သတ်ကြီးစည်းကမ်းချမှတ်လိုက်ပါတယ်။ အဲ့လိုလုပ်လိုက်တော့ လုပ်ငန်းပိုင်းမှာ ပိုတိုးတက်ကောင်းမွန်လာတာမရှိတော့ဘဲ အကျိုးဖြစ်ထွန်းမှုက ဒီနေရာတစ်ခုထဲမှာပဲတန်.နေပါတော့တယ်။ ပိုတိုးတက်ကောင်းမွန်အောင်ပြင်ဆင်လုပ်ဆောင်ဖို. ၀န်ထမ်းတွေရဲ.ပြသနာအကြောင်းအရာတွေကို နားထောင်ပေးခြင်းမှ မရှိတဲ့အခါမှာ ၀န်ထမ်းတွေကလည်းကျေနပ်ပျော်ရွှင်မှုမရှိတော့ပါဘူး။

၇။ စည်းကမ်းကောင်းကောင်းချမပေးတဲ့အကျင့်
- အခက်ခဲဆုံးနဲ. အရေးအကြီးဆုံးကိစ္စကတော့ စည်းကမ်းချမှတ်ပေးရတာပါပဲ။ ကိုယ့်လက်အောက်က ၀န်ထမ်းအမျိုးအစားအားလုံး လိုက်နာဆောင်ရွက်ရမယ့် စည်းကမ်းမျိုးချမှတ်နိုင်ဖို.ကအဓိကကျပါတယ်။ စည်းကမ်းကို မလိုက်နာတဲ့သူရှိနေတာကိုသိလျက်နဲ. ကိုယ့်ဘက်ကတင်းတင်းကြပ်ကြပ် ကိုင်တွယ်ဖြေရှင်းတာမျိုးမရှိရင် ဒီလုပ်ငန်းကြီးကဘယ်လိုမှအကျိုးမဖြစ်ထွန်း စည်းစနစ်မကျနိုင်တော့ပါဘူး။

Credit: Wilson Chan (YK)

Tuesday, 15 September 2015

ကုသိုလ်(၅)မျိုး

 http://api.ning.com/files/PS*e*xZUAHn33hO3Sr-KiUWkOZekU5vnzUgTkR*-r-T1xXS33H2x4l6KSolsjPPoCN7cW9He0qdGqWW--jAQFvHBSUX1uvIT/374296_372736006169546_2050670411_n.jpg
ကုသိုလ်(၅)မျိုးက ဒါနရယ်, သီလရယ်, ဂုဏ်တော်ရယ်, မေတ္တာရယ်, ၀ိပဿနာရယ်ပါ။
အဲဒီကုသိုလ် (၅)မျိုးကို နေ့စဉ်ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ်သွားဖို့ပါပဲ။

  ဒါနဆိုတဲ့နေရာမှာ 
ရှင်တစ်သောင်းတွေပြုမှ၊ ကျောင်းကြီးတွေ ဆောက်လှူမှ ဒါနမဟုတ်ပါဘူး၊ အိမ်မှာရှိတဲ့ဘုရားကို ရေချမ်းကပ်လိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ၊ နောက် ကိုယ်ထမင်းချက်မယ့်ဆန်ထဲက လက်တစ်ဆုပ်စာလောက်နှိုက်ပြီး အိမ်ရှေ့မှာ စာကလေးတွေ၊ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ၊ ဆန်လက်တစ်ဆုပ်စာလောက်တော့ မိသားစုထမင်းဝိုင်းအတွက် သိပ်ပြီးလည်း မထိခိုက်လောက်ပါဘူး၊ နေ့စဉ် ဆန်လက်တစ်ဆုပ်စာ ငှက်ကလေးတွေကို ကျွေးနေမယ်ဆိုရင်လည်း ကိုယ့်ဝန်ကိုယ့်အားနဲ့ညီမျှတဲ့ ဒါန ဖြစ်နေတာပါ။

 ဒုတိယက သီလပါ။
 သီလမှာလည်း လောကီထဲမှာနေတဲ့ လူတစ်ယောက်အတွက် ငါးပါးသီလလောက်ကို လုံလုံခြုံခြုံလေး စောင့်ထိန်းနိုင်လိုက်တယ်ဆိုရင်ပဲ တော်တော်လုံလောက်သွားပါပြီ၊ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပေါ့၊ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်ပါလိမ့်မယ်။

 တတိယက ဂုဏ်တော်ပါ။
ဂုဏ်တော်(၉)ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။
အရဟံဂုဏ်တော်ကိုပဲ
အရဟံ – ပူဇော်အထူးကို ခံယူတော်မူသော မြတ်စွာဘုရား၊
အရဟံ – ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
အရဟံ – ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရားလို့ ပွားလို့ ရပါတယ်။
အရဟံဆိုတဲ့ ပါဠိလေးရယ်၊ အရဟံရဲ့ အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့ အနက်ကလေးပါ။ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်ကသူ့သတ္တိအားလျော်၍ ပြန်စောင့်ရှောက်နေပါလိမ့်မယ်။


စတုတ္တက မေတ္တာပါ
မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီးသန့်အကျယ်ကို ရှိပါတယ်၊ စာရေးသူရဲ့ `မေတ္တာအတွေးများ စာအုပ်´ မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။

ပဉ္စမက ၀ိပဿနာပါ
ဝိပဿနာကတော့ ကိုယ်အားထုတ်ဖူးတဲ့နည်းအတိုင်း မှတ်လို့ရပါတယ်။

ကဲ … စာဖတ်သူ စိတ်ကူးနဲ့ပဲ ကုသိုလ် (၅)မျိုး စမ်းကြည့်ရအောင်ပါ။

မနက်အိပ်ရာကထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစုကိစ္စကို ဘာမှ မလုပ်ပါနဲ့ဦး၊ ဘုရားခန်းကို အရင်သွားပါ၊ ဘုရားသောက်တော်ရေကို အရင်ကပ်လိုက်ပါ၊ ကပ်ပြီးရင် ငါးပါးသီလ ခံယူလိုက်ပါ၊ အဲဒီနှစ်မျိုးပြီးတော့မှ ဂုဏ်တော်ကို ငါးမိနစ်ပွားပါ၊ မေတ္တာကို ငါးမိနစ်၊ ၀ိပဿနာကို ငါးမိနစ်ပွားပါ၊ ဆယ့်ငါးမိနစ်လောက်တော့ အားလုံးလုပ်နိုင်လောက်မယ် ထင်ပါတယ်။ ဘ၀တစ်နေ့တာရဲ့အစကို ကုသိုလ်(၅)မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေရှိသွားသလဲ၊ မနက်အိပ်ရာထမှပဲ ကုသိုလ်ငါးမျိုးက ရနေပါပြီ။

 ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်-အင်းမ)

အသက်ရှည်ကြောင်း ကုသိုလ်တွေ

http://31.media.tumblr.com/tumblr_lmyz2bHahK1qk44ulo1_500.jpg

1. ရေစစ်လှူပါ၊
2.နာမကျန်းဖြစ်နေတဲ့ရဟန်းတွေကို ဆေးလှူပါ၊
3. ဟောင်းနွမ်းဆွေးမြည့်နေတဲ့ ကျောင်းဟောင်းစေတီဟောင်းတွေကို ပြုပြင်ပါ၊
4. ငါးပါးသီလကို နေ့စဉ် စောင့်ထိန်းပါ၊
5,6.ရှစ်ရက်ဥပုသ်၊ ဆယ့်ငါးရက်ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ၊ ကိုးပါးသီလကို စောင့်ထိန်းပါ၊

  ရေစစ်, ဆေး ကျောင်း အဟောင်းပြုပြင်၊
  ပဉ္စင်အဋ္ဌ သီလဖြူစင်
  သက်ရှည်ကြောင်းစု
  ကောင်းမှုခြောက်အင်၊
  အခွင့်စိုက် ပြုလိုက်ထာဝစဉ်။

အခက်အခဲတွေ အမြန်ဆုံး ပြေလည်နိုင်မယ့် နည်း လမ်း

 http://www.proago.hr/main/wp-content/uploads/problem1.jpg
လက်ရှိ အဆင်မပြေမှုတွေ ဖြစ်နေတယ်ဆိုရင် ဦးဆုံး သင့်ရဲ့ မှားနေတဲ့ အမှန်တွေကို ပြန်ကြည့်ပါ..

၁။ မနက်စောစောထခြင်း
မနက်စောစောထပြီး အလုပ်လုပ်တာက ပတ်ဝန်းကျင် အနှောင့်ယှက်ကင်းတာကြောင့် အေးအေးဆေးဆေးစဉ်းစားပြီး လုပ်နိုင်ပါတယ်။ အမေရိကန် ဒေါ်လာ ၁၀၀ တန်မှာပါတဲ့ Benjamin Franklin ဟာ မနက်စောထပြီး အလုပ်လုပ်သူအဖြစ် ထင်ရှားပါတယ်။

၂။ စိတ်ထဲပေါ်လာရင် ချက်ချင်းချရေး
ခေါင်းထဲမှာပေါ်လာတဲ့ ဘယ်လိုအကြံဥာဏ်ပဲဖြစ်ဖြစ် ချက်ချင်းရေးမှတ်ထားပါ. ပြန်ဖတ်တတ်တဲ့ အကျင့်ကိုမွေးပါ။ အလွယ်တကူ ပြန်ဖတ်ရှုနိုင်တဲ့ မှတ်စု (သို့) ဖုန်းကိုသွားလေရာဆောင်ထားပါ။

၃။ လမ်းလျှောက်ခြင်း
အိမ်မှ ရုံးအသွား လမ်းလျှောက်တာမျိုးမဟုတ်ပဲ လေကောင်းလေသန့်ရတဲ့ ပတ်ဝန်ကျင်းမှာ လမ်းလျှောက်မယ်ဆိုရင် စိတ်ကို ကြည်လင်ပေါ့ပါးစေပါတယ်။ နံနက်ခင်းမှာ လမ်းလျှောက်တဲ့အကျင့် ကိုပြုလုပ်သူဟာ အကြံကောင်းဥာဏ်ကောင်း တွေပိုရလာမှာ အမှန်ပါ။

၎။ အချိန်တိုင်းတိတိကျကျ လုပ်ကိုင်ခြင်း
အောင်မြင်မှု ပိုင်ဆိုင်ထားတဲ့ သူတွေဟာ အလုပ်ကို အချိန်တိတိကျကျ လုပ်လေ့ရှိပါတယ်။ တစ်နေ့ကိုဘယ်နှစ်နာရီဘယ်လောက်ထိလုပ်မယ်ဆိုတာကို သေသေချာချာဇယားချပြီး လုပ်မယ်ဆိုရင် အချိန်ကိုအသုံးချတဲ့နေရာမှာ ထူးချွန်လာပြီးအောင်မြင်ခြင်းကို ပိုင်ဆိုင်နိုင်မှာ မလွဲဧကန်ပါ ။

၅။ အရေးကြီးတဲ့ အလုပ်နဲ့ သာမန်အလုပ်ကိုခွဲခြားဆုံးဖြတ်နိုင်ခြင်း
အောင်မြင်တဲ့ သူတွေဟာ အရေးကြီးတဲ့အလုပ်ကို ချက်ချင်းလုပ်ပြီး နောက်မှလုပ်လို့ရတဲ့ အရာကိုအချိန်ရွှေ့ လုပ်တက်ကြတယ်။

ဘာကြောင့် ဝလာတာလဲ

 
ဘာဖြစ်လို့ ဝလာတာလဲ။ ဘာကြောင့်လဲဆိုတာကို စဉ်းစားကြည့်လိုက်ရအောင်။
အဓိကကတော့ အစားအသောက်နဲ့ဆိုင်ပါတယ်။ များသောအားဖြင့် ဝိတ်မကျတာက နေထိုင်စားသောက်ပုံက လိုအပ်လို့ပဲဖြစ်ပါတယ်။ ဒါကြောင့် ဘာကြောင့် ဝလွယ်တာလဲဆိုတာကို ရှင်းပြမယ်နော်။ ဘယ်နှစ်ချက် ကိုယ်နဲ့ကိုက်ညီလဲဆိုတာကို ကြည့်ရအောင်နော်။

★ အပြင်စာတွေစားတာများခြင်း
အိမ်မှာ ချက်စားတာထက် အပြင်မှာ ဝယ်စားတာများနေရင်တော့ ဝလွယ်နိုင်ပါတယ်။ ဆိုင်မှာစားရင်ကယ်လိုရီက များတတ်ပါတယ်။ ဒါကြောင့် နေတိုင်း အပြင်မှာစားနေရင်တော့ တစ်နေ့စားရမယ့် ကယ်လိုရီကို ကျော်လွန်သွားတတ်ပါတယ်။ ဆီများတဲ့အစာ၊ အချိုတွေချည်းပဲစားနေရင် အစာကျေရန်လည်း မလွယ်ပါ။ သွေးလည်ပတ်မှုကို နှေးစေသလို အဆီတက်စေနိုင်တဲ့ အဓိက အကြောင်းရင်းသာ ဖြစ်ပါတယ်။ ဖြစ်နိုင်ရင် အပြင်စာကို လျှော့ပြီး အိမ်မှာ ဟင်းလေးတွေကို စားကြည့်ပါ။

★ အိပ်ချိန်နည်းခြင်း
ဝလွယ်တာက အိပ်ချိန်နည်းတာလဲ အကြောင်းရင်းတခုပါ။ အိပ်ချိန်နည်းရင် နည်းသလောက် ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အခြေခံစွမ်းအင်တွေ နည်းပါးလာပါလိမ့်မယ်။ ကိုယ်ခံအားကျဆင်းတဲ့အတွက် အဆီတွေ လောင်ကျွမ်းစေနိုင်ဖို့ရန်လည်း ခက်ခဲပါလိမ့်မယ်။်အနည်းဆုံး ၇ နာရီလောက် အိပ်သင့်ပါတယ်။
ဘယ်လောက်ပဲ အလုပ်များပါစေ။ အိပ်ချိန်ကို ရအောင်ယူထားသင့်ပါတယ်။ အကောင်းဆုံးကတော့ ည ၁၀ နာရီကနေ မနက် ၂ နာရီအတွင်း အိပ်နိုင်အောင် ကြိုးစားပါ။ ဒီအချိန်မှာ ကိုယ်ခန္ဓာ ထွားကျိုင်းစေနိုင်သော ဟိုမုန်းက အလုပ်လုပ်တဲ့အချိန်ဖြစ်တာကြောင့်ပါ။

★ အားကစား အားနည်းခြင်း
လူကြီးဖြစ်လာတဲ့အခါ အားကစားလုပ်ချိန်ကလည်း နည်းလားပါလိမ့်မယ်။ အားကစားမလုပ်တဲ့အတွက် ကြွက်သားတွေလည်း အားနည်းလာပါလိမ့်မယ်။ ဒီအတွက် အကျိုးကတော့ ကိုယ်ခံစွမ်းအားကျဆင်းလာပါလိမ့်မယ်။ ကိုယ်ခံအားကျလာတဲ့အတွက် အစာချေတဲ့အချိန်မှာ သာမန်ထက်အချိန်ကြာလာတဲ့အတွက် ကိုယ်ခန္ဓာမှာ အဆီပိုများလာတတ်ပါတယ်။ အားကစားလုပ်ရတာကို မကြိုက်တာတောင် နေ့တိုင်း လမ်းလျှောက်တာပဲဖြစ်ဖြစ်၊ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေ လုပ်သင့်ပါတယ်။ အားကစားလုပ်တာကြောင့် ကြွက်သားတွေ ပြန်လည် ကျန်းမာလာတာနဲ့အတူ မလိုအပ်တဲ့အဆီတွေကိုလည်း ကျဆင်းစေမှာပါ။ ဒါကြောင့် နေ့တိုင်း အားကစား နည်းနည်းလုပ်သင့်ပါတယ်။

★ ရေဓါတ်နည်းခြင်း
ဝနေသောသူရဲ့ ကိုယ်ခန္ဓာအတွင်းမှာ ကျန်းမာရေးအတွက် အနှောက်အယှက်ဖြစ်စေသော အဆိပ်အတောက်တွေများနေပါလိမ့်မယ်။ ဒီအဆိပ်အတောက်တွေကို လျှော့နည်းသွားစေဖို့ရန် ရေများများသောက်ရန်လိုအပ်ပါတယ်။ တစ်နေ့အတွက် ၁လီတာကနေ ၁.၅ လီတာ လောက် ရေကို သောက်သင့်ပါတယ်။

★ မနက်စာ မစားခြင်း
မနက်ဆို အရမ်းကို အလုပ်ရှုပ်နေတတ်တာကြောင့် မနက်စာ စာဖို့ရန် ပျင်းနေတာ မဟုတ်လား။ မနက်စာဟာ တနေ့တာအတွက် လိုအပ်တဲ့ အင်အားတွေကို ဖြည့်တင်းပေးခြင်းနဲ့အတူ အစားများသွားတာကိုလည်း ထိန်းပေးနိုင်ပါတယ်။ မနက်စာကို သေသေချာချာ စားသင့်ပါတယ်။ မစားရင် ဝလာပါလိမ့်မယ်။

★ ထမင်းစားချိန် မမှန်ခြင်း
မနက်၊ နေ့လည်၊ ညစာကို အချိန်နဲ့မစားရင်တော့ ဝလာမှာ အမှန်ပါ။ နေ့လည်စာက နောက်ကျတော့ ညစာလည်း နောက်ကျသွားမှာပါ။ ညစာနောက်ကျတော့ အစာကြေစေဖို့ရန် ခက်ခဲပြီး ဝလာပါလိမ့်မယ်။ ဒါကြောင့် ညစာကို တတ်နိုင်သလောက် စောစောစားသင့်ပါတယ်။

ကဲ ဘယ်လိုလဲ။ ကိုယ်နဲ့ ဘယ်နှစ်ချက်ကိုက်နေသလဲဆိုတာကို သိပြီးဖြစ်မှာပေါ့။ အချိန်ယူပြီး နေ့စဉ်နေထိုင်ပုံကို နည်းနည်းခြင်းဆီ ပြောင်းလဲယူရမှာပါ။
ChelmoTeam

ပိုက်ဆံကို သုံးသင့်တဲ့နေရာ(၅)မျိုးနဲ့ မသုံးသင့်တဲ့နေရာ(၅)မျိုး

 
ပိုက်ဆံဟာ ကျွန်တော်တို့နေ့စဉ်ဘဝအတွက် မရှိမဖြစ်အရာပါ။ အမြဲတမ်းသုံးစွဲနေရတဲ့ ဒီပိုက်ဆံကို မှန်မှန်ကန်ကန် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ပေါ်သမျှအသစ်အသစ်သော အရာတွေကို ဝယ်ယူရင်း သင်ဟာ ငွေကြေးဆိုင်ရာ သောက တွေများလာရမှာ ဧကန်ပါပဲ။ ဒီတော့ ကျွန်တော်တို့ရဲ့ ပိုက်ဆံတွေကို ဘယ်နေရာမှာ သုံးသင့်ပြီး ဘယ်နေရာမှာ မသုံးသင့်ဘူးလဲ။

ပိုက်ဆံကို အရမ်းမသုံးသင့်တဲ့နေရာ(၅)မျိုးကတော့

၁။ အီလက်ထရောနစ် ပစ္စည်းများ
ယနေ့အခါ အီလက်ထရောနစ်ပစ္စည်းတွေဟာ ကျွန်တော်တို့ဘဝတွေအတွက် မရှိမဖြစ်အရာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီပစ္စည်းတွေကို လိုအပ်တာထက် ပိုပြီး မဝယ်ယူသင့်ပါဘူး။ နေ့တိုင်းနေ့တိုင်း အသစ်အသစ်တွေ ထွက်ရှိလာတာကြောင့်ပဲဖြစ်ပါတယ်။ ဒီတော့ အသစ်တွေထွက်တိုင်း မဝယ်ယူပဲ သင့်တော်တဲ့ပစ္စည်းတွေကို ဝယ်ယူရင်း အချိန်တစ်ခုထိသုံးသင့်ပါတယ်။

၂။ အိမ်အလှဆင် ပစ္စည်းများ
လူတိုင်းကတော့ကိုယ်အိမ်လေးကိုလှချင်ကြတာပါပဲ။ ဒါပေမယ့်အခြားသူတွေရဲ့အပြင်အဆင်တွေကိုတွေ့တိုင်း၊ စာအုပ်တွေထဲမှာမြင်ရတိုင်း လိုက်လံပြောင်းလဲဖို့တော့ မကြိုးစားသင့်ပါဘူး။ တော်ရုံပဲ အသုံးပြုသင့်ပါတယ်။

၃။ Fancy လက်ဝတ်ရတနာများ
လက်ပတ်နာရီနဲ့အခြား Fancy လက်ဝတ်ရတနာတွေဟာ လည်းနေ့စဉ်ဘဝအတွက် လိုအပ်ပါတယ်။ ဒါပေမယ့် ဒီအရာတွေကိုလည်း ချင့်ချိန်ပြီးမှ ဝယ်ယူသင့်ပါတယ်။

၎။ အသစ်အသစ်သော fashion ပစ္စည်းများ
အရာအရာတိုင်းအသစ်အသစ်တွေထွက်နေသလိုဒီ fashion အသုံးအဆောင်တွေဟာလည်းပိုလို့တောင်ထွက်ရှိနေပါသေးတယ်။သဘောကျတိုင်း၊အသစ်ထွက်တိုင်း အလွန်အမင်း ဝယ်ယူဖို့ မသင့်ပါဘူး။

၅။ ကားများ
ကားတွေဟာလည်းအလွန်အမင်းဝယ်ယူသင့်တဲ့အရာထဲမှာမပါပါဘူး။ဒီနေ့ဝယ်လိုက်တဲ့ကားဟာမနက်ဖြန်မှာမော်ဒယ်အောက်သွားပါပြီ။ ကိုယ်ဝယ်စဉ်ကဈေးကြီးကြီးပေးဝယ်ခဲ့တဲ့ဒီအရာတွေဟာမစီးချင်လို့ပြန်ရောင်းတဲ့အခါမှာအလွန်အမင်းဈေးကျသွားတာ အားလုံးသိတဲ့အတိုင်းပါပဲ။ ဒါကြောင့် ဒီအရာတွေအတွက်လည်း ငွေအရမ်းကြီး မသုံးသင့်ပါဘူး

ပိုက်ဆံသုံးသင့်တဲ့အရာ(၅)မျိုးကတော့

၁။ ပညာရေး
ကျွန်တော်တို့ဘဝတွေ တစ်ဆင့်ကနေ တစ်ဆင့်တိုးတက်ဖို့ အတွက် ကိုယ်နဲ့သက်ဆိုင်တဲ့ပညာ အသီးသီးကို ကျွန်တော်တို့လိုအပ်ကြပါတယ်။ တစ်ချို့သင်တန်းတွေဟာ ဈေးကြီးတယ်လို့ ထင်ရပေမယ့် ကိုယ့်အတွက်လိုအပ်တယ်ဆိုရင်တက်သင့်ပါတယ်။ ဒီနေရာမှာတော့ ပိုက်ဆံကိုချွေတာနေဖို့မလိုအပ်ပါဘူး။

၂။ ခရီးသွားခြင်း

ခရီးတစ်ခုသွားရင် ပိုက်ဆံတော်တော်ကုန်တတ်ပါတယ်။ ဒါပေမယ့် ဒီလိုခရီးထွက်ခြင်းက စိတ်ကိုအပန်းပြေစေတဲ့အပြင် ကုန်သွားတဲ့ပိုက်ဆံထက်ပိုပြီး တန်ဖိုးရှိတဲ့ လွတ်လပ်လန်းဆန်းခြင်းနဲ့ ဒေသန္တရ ဗဟုသုတတွေ၊အတွေးအခေါ်သစ်တွေကိုပါ ရရှိစေနိုင်တဲ့အတွက်ဒီနေရာမှာလည်း ပိုက်ဆံကိုသုံးဖို့လိုအပ်ပါတယ်။

၃။ ဂီတ
ဂီတဆိုင်ရာတူရိယာ တစ်ခုခုတီးဖို့ သင်ကြားဖို့ပဲဖြစ်ဖြစ်၊သီချင်းခွေနဲ့အခြားဂီတဆိုင်ရာ ပစ္စည်းတွေ ဝယ်တဲ့နေရာမှာတော့ ပိုက်ဆံကိုသုံးသင့်ပါတယ်။ ကျွန်တော်တို့တတွေ အမြဲတမ်းအလုပ်ချည်းပဲ လုပ်နေလို့ မဖြစ်နိုင်ပါဘူး။ တစ်ခါတစ်ရံမှာတော့ စိတ်အပန်းပြေစေဖို့အတွက် ဂီတဟာ မရှိမဖြစ်လိုအပ်တဲ့အတွက်ကြောင့် ဒီနေရာမှာလည်း သင့်ပိုက်ဆံကို သုံးလိုက်ပါ။

၎။ စာအုပ်များ
စာအုပ်တွေဟာ ရတနာတွေထက် ပိုပြီးတန်ဖိုးရှိပါတယ်။ဒီစာအုပ်တွေထဲကနေ ကျွန်တော်တို့အတွက် အဖိုးမဖြတ်နိုင်တဲ့ သုတ ရသ တွေကိုရရှိနိုင်တဲ့အတွက်ကြောင့်ပါ။ ဒါ့ကြောင့် တန်ဖိုးရှိတဲ့ စာအုပ်တွေဝယ်ဖို့အတွက်သင့်ရဲ့ငွေကိုသုံးလိုက်ပါ။

၅။ ကျန်းမာရေး
ကျန်းမာရေးဟာ ကျွန်တော်တို့ဘဝအတွက် အရေးကြီးဆုံးအရာပဲဖြစ်ပါတယ်။ အဲ့ဒီတော့ ကျန်းမာရေးနဲ့ပါတ်သတ်တဲ့ သင်တန်းတစ်ခုခုတက်တာပဲဖြစ်ဖြစ်၊ဆေးဝါးနဲ့အခြားကျန်းမာစေမယ့် အစားအစာတွေစားတာပဲဖြစ်ဖြစ် ဝယ်ယူတဲ့နေရာမှာလည်း ပိုက်ဆံကိုအသုံးချသင့်ပါတယ်။

Credit: Ayesay

သင့်ကိုယ်သင်နေ့စဉ်ပြန်မေးသင့်သောမေးခွန်း (၅)ခု

 
စီးပွားရေးလုပ်ငန်းတွေမှာအောင်ချင်သူတွေအတွက်တော့ အခုအောက်မှာဖော်ပြထားတဲ့ မေးခွန်း(၅)ခုကို ကိုယ့်ကိုယ်ကိုပြန်မေးကြည့်သင့်ပါတယ်။ ဘ၀မှာအောင်မြင်တဲ့သူတွေက သူတို့တိုးတက်ဖို့ ပြန်ဆန်းစစ်တတ်ကြပါတယ်။ အကယ်၍သင်ဟာ ကုမ္ပဏီတစ်ခုကိုဦးစီးနေသူ၊ အဖွဲ့တစ်ခုကိုဦးစီးနေသူဆိုရင်တော့ ပိုပြီးတော့တောင် သင့်တော်ပါတယ်။

(၁) ဒီနေ့ငါ့ရည်မှန်းချက်အတွက် အလုပ်လုပ်ခဲ့ရဲ့လား?
သင်ရည်မှန်းထားတဲ့ရည်မှန်းချက်တစ်ခုအတွက် ယနေ့သင်ဘာလုပ်ခဲ့ပါသလဲ? သင်ရည်မှန်းချက်ထား တာကတော့ဟုတ်ပါပြီ။ ဒါပေမယ့် ရည်မှန်းချက်အတွက် သင်ပုံမှန်အားထုတ်မှုရှိရဲ့လား အရေးကြီးပါတယ်။ သင့်ရဲ့ရည်မှန်းချက်တွေကို စိတ်ထဲမှာတစိုက်မတ်မတ်နဲ့ သတိရနေခြင်းက သင့်ကိုပိုကြိုးစားဖို့အားတွေဖြစ်စေပါတယ်။

(၂) ရပ်တန့်ဖို့လိုအပ်တဲ့ ဘာမကောင်းတဲ့အကျင့်တွေ ငါ့မှာရှိနေလဲ?
အကျင့်ဆိုးတွေကတော့ လူတိုင်းမှာရှိနေတတ်ပါတယ်။ သင့်မှာလည်းရှိတယ်၊ ကျွန်တော့်မှာလည်း ရှိတယ်။ လူတိုင်းမှာရှိပါတယ်။ ဒါပေမယ့် အဲ့ဒိအကျင့်ဆိုးတွေက သူများတွေကိုအနှောင့်အယှက်ပေး တတ်တယ်ဆိုရင်တော့ သင်ရပ်တန့်ဖို့ကြိုးစားသင့်ပါတယ်။ ဥပမာ သင်ကသူများစကားပြောရင် ဆုံးအောင်နားမထောင်တတ်တဲ့သူဆိုရင်တော့ ဒါဟာသူများအတွက်အနှောက်အယှက်ဖြစ်နိုင်ပါတယ်။ ဒါကြောင့်သူများကို စိတ်အနှောက်အယှက်ပေးနိုင်တဲ့ အကျင့်ဆိုးတွေကိုဖျောက်ဖျက်ပါ။

(၃) ဒီနေ့ဘယ်အရာက ငါ့ကိုအလုပ်လုပ်ဖို့ခွန်အားပေးခဲ့တာလဲ?
သင်လိုချင်တဲ့ ပန်းတိုင်ဆီကိုရောက်ဖို့ဆိုတာ စိတ်ဓာတ်ခွန်အားလိုပါတယ်။ သင်ရဲ့အလုပ်လုပ်ချင်စိတ် ကိုဖြစ်ပေါ်စေတာဘယ်လိုအရာမျိုးလဲ? မိသားစုလား၊ ချစ်သူလား၊ ညီမလေးလား၊ ဒါမှမဟုတ် အောင်မြင်ချင်တဲ့စိတ်လား? ဘယ်လိုအရာမျိုးပဲဖြစ်ဖြစ် သင့်ကိုစိတ်အားတက်ကြွစေတဲ့အရာတွေကို ပြန်စဉ်းစားပါ။မှတ်သားထားပါ။

(၄) ငါဖြစ်ချင်ခဲ့တဲ့ လူတစ်ယောက်ပုံစံ ဖြစ်နေပြီလား?
ဥပမာ သင်ကကြင်နာပြီး၊သည်းခံတတ်တဲ့သူတစ်ယောက်ဖြစ်ချင်တယ်ဆိုပါစို့။ သင်တကယ်ရော ကြင်နာမိရဲ့လား၊ သည်းခံမိရဲ့လား? ပြန်စဉ်းစားသင့်ပါတယ်။ သင်ဖြစ်ချင်တဲ့လူတစ်ယောက်ရဲ့ပုံစံ ဖြစ်လာဖို့ သင့်ကိုယ်သင်အမြဲဆန်းစစ်သင့်ပါတယ်။

(၅) ဒီနေ့ငါဘာအမှားလုပ်ခဲ့လဲ? အဲ့ဒိအမှားကနေ ငါဘာသင်ယူနိင်လဲ?
ကျွန်တော်တို့အားလုံး အမှားတွေ၊ကျရှုံးမှုတွေကြုံဖူးကြပါတယ်။ ဒါပေမယ့် အဲ့ဒိကျရှုံးမှုတွေ၊အမှားတွေ ကို ဘယ်လိုတုန့်ပြန်လဲဆိုတာပဲ ကွာခြားကြပါတယ်။ ဒါ့ကြောင့်သင့်အမှားတွေကို သင့်အောင်မြင်မှုဆီ သွားဖို့လှေကားများအဖြစ်ပြန်လည်အသုံးချပါ။

ကဲဒီနေ့ကစပြီး အိပ်ရာဝင်ခါနီးတိုင်းဒီမေးခွန်းလေးတွေ ကိုယ့်ကိုယ်ကိုပြန်မေးကြရအောင်။

မိုးရှင်း (I.M.T)