Tuesday, 19 May 2015

ပိုမို နှစ်ခြိုက်စွာ အိပ်ပျော်စေမယ့် နည်းလမ်း (၇) သွယ်


အိပ်စက်ခြင်းနဲ့ ကိုယ်အလေးချိန်တက်တာ အခိုင်အမာ ဆက်စပ်မှုရှိနေပါတယ်။ သာမန်အရွယ် ရောက်ပြီးသူ တစ်ဦးမှာ အကြံအိုက်ပြီး ဆုံးဖြတ်ချက် မှားမှားယွင်းယွင်းတွေ မရှိရလေအောင် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ နဲ့ ဦးနှောက်ပုံမှန် အလုပ်နိုင်ဖို့ ညတိုင်း အိပ်ချိန် ၇ နာရီကနေ ၈ နာရီလိုအပ်ပါတယ်။ လုံလောက်တဲ့အနားယူမှုမရှိတာနဲ့ ကိုယ်ခန္ဓာလည်ပတ်လှုပ်ရှားမှု ပြောင်းလဲတော့တာပါပဲ။ စိတ်ဖိစီးမှုဖြစ်စေတဲ့ Cortisol ဟော်မုန်း ပမာဏများစွာ ထုတ်လုပ်ပြီး ကယ်လိုရီတွေ ပိုစားဖို့ လိုအပ်လာပါတယ်။

ဒါ့ကြောင့် ကောင်းကောင်းမွန်မွန် အိပ်ပျော်စေမယ့် နည်းလမ်း ၇ ချက်ကို ပြောပြပေးချင်ပါတယ်။ အဲ့ဒါတွေကတော့

၁။ ပုံမှန်အိပ်တတ်တဲ့အကျင့် ထူထောင်ပါ။

၂။ အပန်းဖြေ စိတ်ပြေလက်ပျောက်ဖြစ်စေဖို့ မအိပ်မီ နာရီဝက် အချိန်ယူပါ။

၃။ သင့်အိပ်ခန်းကို မှောင်မည်းတိတ်ဆိတ်အောင် လုပ်ပါ။

၎။ အိပ်ယာမဝင်ခင် အရက် မသောက်ပါနဲ့။

၅။ မအိပ်ခင် လေးပင်တဲ့ အစားအစာတစ်ခုမှ မစားပါနဲ့။

၆။ နှိုးစက်ကို ဝေးဝေးသိမ်းထားပါ။

၇။ အားဖြည့်ဖို့ လိုအပ်တယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆာပြေတွေကိုသာ ရွေးချယ်စားသုံးပါ။

Sunday, 17 May 2015

တရားထိုင်ခြင်းဟာ သင့်ရဲ့နေ့စဉ်ဘ၀ကို ဘယ်လိုအကျိုးပြုနိုင်ပါသလဲ


Friday, 15 May 2015

ထမင်းစားပြီးပြီး ချင်းမှာ မလုပ်သင့်တဲ့ အရာများ

သင် ဟာ အသက်ရှင်ခြင်းရဲ့ အခြေခံလိုအပ်ချက် အတွက် ၊ အာဟာရ ရရှိဖို့အတွက် အချိန်တန်ရင် ထမင်းစားရပါတယ်။ ထမင်းစားပြီးရင် ဗိုက်ပြည့်ပြီ။ လုပ်ချင်တာ ပြန်လုပ်မယ်ဆိုပြီးတွေးထားရင်တော့ ဘာ အာဟာရ မှ ရမှာ မဟုတ်ပါဘူး။ ထမင်းစားပြီးပြီးချင်းမှာ ရှောင်ကြဉ်သင့်တာလေးတွေရှိပါတယ်။ အဲဒါတွေကတော့

၁။ လက်ဖက်ရည် မသောက်ပါနဲ့

လက်ဖက်ရည်မှာပါဝင်တဲ့ ပိုလီဖနော တွေဟာ သင်စားလိုက်တဲ့ အစားအစာတွေမှာ ပါဝင်တဲ့ သံဓါတ်တွေကို ရယူနိုင်ဖို့ ခက်ခဲစေပါတယ်။ ဒါ့အပြင် လက်ဖက်ရည်မှာ ပါဝင်တဲ့ အက်ဆစ် အမျိုးမျိုးတို့ဟာ ထမင်းစားချိန်တုန်းက ရရှိထားတဲ့ ပရိုတိန်းတွေကို နှောင့်ယှက်လိုက်တဲ့အတွက် ထမင်းစားပြီး လက်ဖက်ရည်သောက် ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

၂။ ရေမချိုးပါနဲ့

သင့်ရဲ့ အစာအိမ်ထဲက အစာတွေကို ကောင်းမွန်စွာ ချေဖျက်နိုင်ဖို့အတွက် သင့်ရဲ့ အစာအိမ်ကို သွားတဲ့ သွေးလည်ပတ်မှု တွေကို လှုံ့ဆော်ပေးဖို့လိုပါတယ်။ ရေချိုးလိုက်ခြင်းဟာ သင့်ရဲ့ ခြေထောက်နဲ့ လက် မှာ ရှိတဲ့ သွေးလည်ပတ်မှု တွေကို ပြောင်းပြန်ပြုလုပ်လိုက်တဲ့အတွက် ထမင်းစားပြီး နာရီဝက်ခန့် ကြာမှသာ ရေချိုးသင့်ပါတယ်။

၃။ မအိပ်ပါနဲ့

ဒါကတော့ ကမ္ဘာကြီးရဲ့ ဆွဲငင်အားနဲ့ ဆိုင်ပါတယ်။ သင်ဟာ လဲလျောင်းလိုက်တဲ့အခါမှာ သင့်ရဲ့ အစာအိမ် အတွင်းက အစာချေဖျက်ပေးမယ့် အရည်တွေဟာ ပျောက်ဆုံးသွားတဲ့အတွက် အစာစားပြီးပြီး ချင်းလဲလျောင်း အိပ်စက်တာ ဟာ မကောင်းပါဘူး။

၎။ လမ်းမလျှောက်ပါနဲ့

လမ်းလျှောက်ခြင်းဟာ သင့်ရဲ့ စွမ်းအင်တွေကို လောင်ကျွမ်းစေနိုင်ပါတယ်။ စွမ်းအင်တွေ လောင်ကျွမ်းသွား တဲ့အခါမှာ သင့်ရဲ့ အစာအိမ်အတွင်းက အစာချေဖျက်တဲ့ အရည်တွေဟာ အစားအစာမှာ ပါတဲ့ အာဟာရတွေကို ရယူနိုင်စွမ်းမရှိတော့ပါဘူး။

၅။ သစ်သီးတွေမစားပါနဲ့

အချိုတည်းတယ်လို့ လူတွေပြောကြပေမယ့်လည်း ထမင်းစားပြီးပြီးချင်း သစ်သီးစားခြင်းက ဘာအကျိုးကျေးဇူးမှ မရပါဘူး။ သစ်သီးတွေမှာပါတဲ့ သကြားဓါတ်ဟာ အစာအိမ်အတွင်းက အစာချေဖျက်တဲ့ အရည်တွေရဲ့ စုပ်ယူမှုကို ခံလိုက်ရတဲ့အတွက် သင့်ရဲ့ ခန္ဓာကိုယ်အတွင်း သကြားဓါတ် ပိုမိုရောက်ရှိသွားမှာပါ။

Friday, 8 May 2015

ဂရန်အိမ်ခြံမြေ ရောင်းကြ၀ယ်ကြတဲ့အခါ

ဂရန်အိမ်ခြံမြေ ရောင်းကြ၀ယ်ကြတဲ့အခါမှာ ဂရန်ရဲ့သက်တမ်းက ကုန်နေပြီဆိုရင် ပိုင်ဆိုင်ခွင့်မရှိတော့ပဲ အသိမ်းခံရမှာမို့ သတိပြုသင့်တယ်လို့ သိရပါတယ်။

မြေပိုင်ဆိုင်မှု အမျိုးအစားမှာ ဂရန်၊ ပါမစ် နဲ့ ဘိုးဘွားပိုင် ဆိုပြီး ရှိပါတယ်။ ဂရန်အမျိုးအစားက အစိုးရကနေ အငှားချထားတာ ဖြစ်ပါတယ်။

ဂရန်မှာ သက်တမ်းရှိတာကြောင့် သက်တမ်းကုန်နေတာတွေကို မသိပဲ ရောင်းကြ၀ယ်ကြတာတွေက တရားမ၀င်ဘူးလို့ သိရပါတယ်။

ကိုယ့်လက်ထဲမှာရှိတဲ့ ဂရန်ကို သက်တမ်းဘယ်တော့ ကုန်မှာဆိုတာမသိပဲ ကိုင်ထားကြတာတွေရှိတယ်။ အကျိုးဆောင်ရှေ့နေ ဦးမောင်မောင်က “ဂရန်က သက်တမ်းကုန်တာနဲ့ မတိုးဘူးဆိုရင် အစိုးရက နို့တစ်စာ ထုတ်စရာမလိုဘဲ သိမ်းခွင့်ရှိတယ်၊ သက်တမ်းပြည့်တာနဲ့ မပိုင်တော့ဘူး “လို့ ရှင်းပြထားပါတယ်။

ဂရန်သက်တမ်းတိုးတဲ့အခါ အမည်ပေါက်က သေဆုံးပြီးဖြစ်ရင် အမွေဆက်ခံသူအစုံက သဘောတူညီမှု ပါရပါမယ်။ အမှုဖြစ်ပွားနေတဲ့အခါမှာ သက်တမ်းမတိုးဖြစ်ရင် အမှုပြီးမှ သက်တမ်းတိုးရင် တိုးခွင့်ပြုထားတယ်လို့ သိရပါတယ်။

ဂရန်သက်တမ်းတိုးမယ်ဆိုရင်

သက်တမ်းကုန်ဆုံးတဲ့ မြေငှားစာချုပ်ကို လျှောက်မယ်ဆိုရင် အမည်ပေါက် ဒါမှမဟုတ် မှတ်ပုံတင်စာချုပ်အဆင့်ဆင့်နဲ့ ၀ယ်ယူထားတဲ့ နောက်ဆုံးပိုင်ဆိုင်သူ၊ ပိုင်ဆိုင်မှုနဲ့ ဆိုင်တဲ့ တရားရုံးစီရင်ချက်နဲ့ ဒီဂရီရယူထားသူတွေကသာ လျှောက်ထားခွင့်ရှိပါတယ်။

သတ်မှတ်ထားတဲ့ ပုံစံနဲ့အတူ နိုင်ငံသားစိစစ်ရေးကဒ်၊ ပိုင်ဆိုင်မှု စာချုပ်စာတမ်းတွေ၊ နောက်ဆုံးပေးဆောင်ထားတဲ့ မြေခွန်ပြေစာ တင်ပေးရပါမယ်။ ဌာနက စိစစ်တာမှန်ကန်မှုရှိပြီး ကန့်ကွက်မှုမရှိရင် ကော်မတီရဲ့အတည်ပြုချက် ရယူရမယ်။ အတည်ပြုချက်ယူပြီးရင် သတ်မှတ်ထားတဲ့ ၀န်ဆောင်ခ ပေးသွင်းပြီး မြေငှားဂရန်ထုတ်ပေးမှာ ဖြစ်ပါတယ်။

မူရင်းဆွဲ ဂရန်နှစ်ဆောင်ကို ဌာနမှ မှတ်တမ်းအဖြစ် ထားရှိမှာပါ။ သက်တမ်းကုန်ဆုံးတဲ့ ဂရန်ကို ပြန်အပ်ရမှာ ဖြစ်ပါတယ်။

အောင်မြင်မူ့မှာ အရူးံ၉၉%ပါတယ်

ကိုယ်တွင်းအဆိပ်အတောက်တွေရှင်းချင်တယ်ဆိုရင်

Monday, 4 May 2015

ငလျင် လှုပ်ရင်................


အခုအချိန်မှာ...သဘာဝဘေးအန္တရာယ် တွေဟာ နေရာတိုင်းမှာ ဖြစ်ပေါ်နေကြတာကို စာဖတ်သူတိုင်း သိရှိကြမှာပါ.....

တကယ့်ကိုယ်တွေ့ကြုံလာတဲ့ အချိန်....ပျာယာမခတ် ပဲ လုပ်ဆောင်သင့် သည်များကိုအချိန်မှီ လုပ်ဆောင်နိုင်ဖို့အတွက် ဒီဆောင်းပါးလေး ကို ပြန်လည်ဝေမျှလိုက်ပါတယ်........

- ငလျင် လှုပ်ရင် စားပွဲ အောက် မှာ နေပါတို့၊ တံခါး ကျည်းဘောင် အောက် မှာ နေပါတို့ အစရှိသဖြင့်အရပ်ပြော စကားတွေရှိကြတာကို ကြားဖူး ကြမှာပါ။ အဲဒါတွေ အားလုံးကို ခေါင်းထဲက ထုတ်ပစ် လိုက်ပါတော့။ အခု ဆောင်းပါး ကို ဖတ်ပြီးတဲ့နောက်မှာ စာဖတ် ပရိသတ် တွေရဲ့ အတွေး အခေါ် ပောာင်း သွား နိုင်ပြီး တစ်နေ့နေ့မှာ သင်တို့ရဲ့ အသက်တွေကို ကယ်တင်နိုင်ဖို့ အထောက် အကူဖြစ် ပါလိမ့်မယ်။ (Doug Copp ၏ "The Triangle of life ဆောင်းပါး ကို ဘာသာပြန်ဆိုပါသည်။)

ကျွန်တော့်နာမည်ကဒေါက်ဂ် ကော့ပ်ပါ။ ကျွန်တော်ဟာ ကမ္ဘာပေါ်မှာ အတွေ့ အကြုံ အရင့်ဆုံး ကယ်ဆယ်ရေးအဖွဲ့အစည်းဖြစ်တဲ့ အမေရိကန် အပြည်ပြည်ဆိုင်ရာ ကယ်ဆယ်ရေး အဖွဲ့ ARTI ရဲ့ကယ်ဆယ်ရေး အကြီး အကဲနှင့် သဘာဝ ဘေး အန္တရာယ် စီခံခန့်ခွဲ ရေးမှူး ရာထူးကို ရရှိထား သူပါ။

ကျွန်တော်ဟာ ပြိုကျနေတဲ့ အဆောက်အအုံ (၈၇၅)ခုထဲကို တွားသွား ဝင်ရောက် ခဲ့ဖူးပါတယ်။ ကမ္ဘာ့ နိုင်ငံပေါင်း(၆၀)ကျော်က ကယ်ဆယ် ရေး အဖွဲ့အစည်းတွေနဲ့ တွဲဖက်လုပ် ဆောင်ခဲ့ဖူးပြီး အချို့နိုင်ငံတွေမှာ ဆိုရင် ကယ်ဆယ်ရေးအဖွဲ့တွေကို တောင် တည်ထောင်ပေးခဲ့ဖူးပါတယ်။

၁၉၈၅ ခုနှစ်နောက်ပိုင်းမှာ ကမ္ဘာပေါ် မှာဖြစ်ပျက်သမျှ အကြီးစား သဘာဝ ဘေး အန္တရာယ်တိုင်းမှာ ဝင်ရောက် တာဝန် ထမ်းဆောင်ဖူး ပါတယ်။ ၁၉၈၅ ခုနှစ်၊ မက္ကဆီကိုစီးတီး ငလျင်ဖြစ်ပြီးတဲ့နောက်မှာ ကျွန်တော် ကျောင်း တစ်ကျောင်း ထဲကို အရင်ဆုံး တွားသွားဝင်ရောက်တဲ့အခါမှာ ကျောင်းသား ကလေးငယ် အားလုံး သူတို့တွေရဲ့ စာသင်စားပွဲတွေအောက် မှာရှိနေတဲ့ မြင်ကွင်းပါပဲ။ ဒါပေမဲ့ ကလေးတွေအားလုံး အရိုးတွေ စိစိ ညက်ညက်ကြေတဲ့အထိ ပိမိနေကြ တာကို စိတ်မချမ်း မြေ့ဖွယ်မြင်တွေ့ ခဲ့ရပါတယ်။

တကယ်လို့သာ ကလေး ငယ်တွေဟာ အခန်းအလယ်လျှောက် လမ်းထဲက သူတို့တွေရဲ့စာသင်ခုံ တွေနဲ့ ဘေးကပ်လျက်လဲလျောင်း နေခဲ့ကြမယ် ဆိုရင်တောင် အသက်ဆုံးရှုံးချင်မှ ဆုံးရှုံးကြရမှာပါ။

အရှင်းဆုံးပြောပါမယ်။

အ ဆောက်အအုံတစ်ခု ပြိုကျတဲ့အခါ မျက်နှာကြက်တွေရဲ့အလေးချိန်ဟာ ပရိဘောဂတွေရဲ့ အပေါ်တည့်တည့်ကို သက်ရောက်တာကြောင့် အောက် တည့်တည့် မှာရှိတဲ့ အရာဝတ္ထု အားလုံး ကြေမွသွားကြပါတယ်။ ဒါပေမဲ့ အဲဒီအပျက်အစီးပုံရဲ့ဘေးနေ ရာလေးတွေကတော့ ဂလိုင်များအ ဖြစ်ကျန်ခဲ့ ပါတယ်။ အဲဒီနေရာလွတ် ကို ကျွန်တော်က "အသက်ကယ်တြိဂံ" လို့ အမည်ပေးထားပါတယ်။

အရာဝတ္ထုတစ်ခုဟာကြီးမား တောင့်တင်းလေ ပိုမိုခိုင်ခံ့လေ ဖြစ်လို့ သူတို့ရဲ့ဘေးက ကွက်လပ်ဟာလည်းပိုပြီးကြီးမားနိုင်ပါတယ်။ ဒီတော့ လူသားတွေအနေနဲ့ အဲဒီနေရာလွတ် ထဲမှာ ဘေးမသီ ရန်မခနေ ထိုင်နိုင်ဖို့

အခွင့်သာသွားစေပါတယ်။

ငလျင် ကြောင့်ပြိုပျက်နေတဲ့ အဆောက် အအုံပုံတွေကို တီဗွီမှာ တွေ့ရတဲ့အခါအသက်ကယ်တြိဂံတွေ ကို လိုက်ပြီး ရေတွက်ကြည့်ပါ။ ပြိုပျက် နေတဲ့ အဆောက် အအုံတစ်ခု အထဲမှာ အတွေ့ရအများဆုံး ဂျီဩမေတြီ ပုံသဏ္ဌာန်ကတော့ တြိဂံဖြစ်ပြီး နေရာ တကာမှာ တွေ့ရပါလိမ့်မယ်။

ဘေးရန်ကင်းဖို့ လက်တို့ အညွန်း

၁။ ငလျင်လှုပ်လို့ အဆောက်အအုံ တစ်ခုပြိုတော့မလို ဟန်ပြင်နေရင် လူ တော်တော်များများဟာ တစ်ခုခု အောက်ထဲ ဝင်ပုန်းဖို့လောက်ပဲ သိကြလို့ အဆောက်အအုံပိသေ ကြရပါတယ်။ စာရေးစားပွဲတွေ၊ ကား တွေအစရှိတဲ့ အရာတွေအောက်ဝင် ပုန်းသူတွေဟာ အဖြစ်ဆိုးနဲ့ ကြုံတွေ့ ကြရပါတယ်။

၂။ ခွေးတွေကြောင်တွေနဲ့ကလေးငယ် တွေဟာ သန္ဓေသားလောင်းပုံစံ အတိုင်း ခွေအိပ်လေ့ရှိတာကို မြင်ဖူး ကြမှာပါ။ ငလျင်လှုပ်ပြီ ဆိုရင်လည်း အဲဒီလိုအနေအထားနဲ့ မြေကြီးပေါ်မှာ လဲလျောင်းနေသင့်ပါတယ်။ ဒါဟာ သဘာဝကပေးတဲ့ ဘေးကင်းလုံခြု ရေးအသိပညာပါပဲ။ ခွေခေါက်နေခြင်း အားဖြင့် နေရာလွတ်သေးသေးလေး ထဲမှာ အသက်ရှင်ရက်ကျန်ရှိဖို့ အခွင့် သာသွားစေပါတယ်။ အလွယ်တကူ ပြားချပ်မသွားနိုင်တဲ့ ဆိုဖာထိုင်ခုံ၊ ခုတင်အစရှိတဲ့ထုထည်ကြီးကြီးအရာ တွေဘေးမှာ ခွေခေါက်နေလို့ရမယ့် နေရာလွတ်မျိုးရှိတတ်ပါတယ်။

၃။ ငလျင်လှုပ်နေစဉ်ကာလအတွင်း မှာ ပျဉ်ထောင်အိမ်တွေဟာ အလုံခြုံ ဆုံးပါပဲ။ သစ်သားဟာ ကွေးလွယ် ညွတ်လွယ်လို့ ငလျင်လှိုင်းတွေနဲ့ အတူ အလိုက်သင့်လှုပ်ရှားနိုင် ပါတယ်။ ပျဉ်ထောင်အိမ်တစ်လုံး ပြိုကျတယ်ဆိုစေ ဦးတော၊့ နေရာလွတ်တွေအများကြီးချန်ထား ခဲ့ပါလိမ့်မယ်။ ဒါ့အပြင် ပျဉ်ထောင် အိမ်တွေဟာပြိုကျရင်ပိမယ့်အလေး ချိန်လည်းနည်းပါး ပါတယ်။ အုတ် တိုက်တွေကတော့ ငလျင်လှုပ်ရင် အုတ်ချပ်တွေအဖြစ်တစ်စစီပြိုကွဲကျသွား တတ်လို့ အောက်မှာရှိနေမယ့်လူတွေ အတွက်အန္တရာယ်ရှိပါတယ်။

၎။ ညအချိန်ငလျင်လှုပ်တဲ့အခါခုတင် ပေါ်မှာတိုက်တိုက်ဆိုင် ဆို င်ရောက် နေ ရင် ခုတင်ဘေးကိုသာလှိမ့်ချလိုက် ပါ။ ငလျင်လှုပ်ရင် ခုတင်ဘေးလိမ့်ဆင်းဖို့အကြံပြုချက်တွေကိုသာခုတင် ခြေရင်းမြင်သာတဲ့နေရာမှာ ကပ်ထား ပေးနိုင်မယ်ဆိုရင် လူအသေအပျောက် နည်းသွားနိုင်ပါတယ်။

၅။ ငလျင်လှုပ်ချိန်မှာ တံခါး၊ ဒါမှ မဟုတ် ပြတင်းပေါက်ကနေပြေးထွက် ဖို့အချိန်မရတော့ဘူးဆိုရင် ဆိုဖာကြီး ကြီးဒါမှမဟုတ် ဗီရိုကြီးကြီးဘေးမှာခွေခေါက်ပြီးနေလိုက်ပါ။

၆။ တံခါးကျည်းဘောင်အောက်မှာ ဝင်ပုန်းတဲ့သူတွေဟာ သေဆုံးကြရပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငလျင်လှုပ်လို့  ကျည်းဘောင်ပြုတ်ထွက်သွား ချိန်မှာ အပေါ်ကအုတ်၊ အင်္ဂတေအစ ရှိတာတွေ ပြိုကျလာနိုင်လို့အခန် မသင့်ရင် ခန္ဓာကိုယ်နှစ်ပိုင်းပြတ်သွားနိုင်ပါတယ်။

၇။ လှေကားခွင်ထဲမှာ ဘယ်တော့မှမ နေပါနဲ့။ လှေကားတွေဟာ ပင်မအ ဆောက်အအုံနဲ့ တစ်ဆက်တည်းမရှိ တတ်ဘဲ ပုခက်လွှဲသလို ယိမ်းခါနေ အောင် တည်ဆောက်ထားတတ်တာ မို့ ငလျင် လှုပ်ပြီ ဆိုရင် ပြုတ်ကျလာပြီး အောက်မှာရှိတဲ့သူတွေကို လှေကား ထစ်တွေက အပိုင်းပိုင်း ခုတ်ဖြတ်ပစ် တတ်ပါတယ်။ အဆောက်အအုံပြို မကျနိုင်ဘူး ဆိုရင်တောင် ထွက်ပြေးနေတဲ့သူတွေနဲ့ လှေကားပြည့်သွားပြီး ပြုတ်ထွက် သွားနိုင်တဲ့ အန္တရာယ်ရှိလို့ လှေကားကြံ့ခိုင်မှုကို မပြတ်စစ်ဆေး သင့်ပါတယ်။

၈။ နံရံတွေရဲ့အတွင်းဘက်ထက် အ ပြင်ဘက်မှာရောက်နေစေဖို့ကြိုးစား ပါ။ အတွင်းဘက်မှာ ရောက်နေလို့ အဆောက်အအုံပြိုကျခဲ့ရင် ထွက်ပေါက် ရှာမရဖြစ်တတ်ပါတယ်။

၉။ ငလျင်လှုပ်ချိန်မှာမော်တော်ယာဉ်တွေအတွင်း ဝင်ရောက်ပုန်းအောင်းသူတွေ

ဟာ ပြင်ပကအရာတွေသူတို့ အပေါ်ပိတဲ့အခါထွက်ပြေးလို့မရဘဲ ပိသေကြရပါတယ်။ တကယ်လို့သာ ကားထဲကထွက်လာပြီးကားဘေးနား ကပ်လျက် ခွေခေါက်အိပ်နေရင်တောင် အသက်ရှင်သန်မှုအခွင့်အရေး ပိုရှိနေပါသေးတယ်။ ကားတွေဟာ ဘယ်လောက်ပဲပိပိ သူတို့ရဲ့ဘေးကပ် လျက်မှာ သုံးပေလောက်ကွက်လပ် ကျန်ခဲ့တတ်ပါတယ်။ ဒီကွက်လပ် လေးဟာ အသက်ကယ်တြိဂံပါပဲ။

၁၀။ ပြိုကျပျက်စီးနေတဲ့သတင်းစာ တိုက်တွေနဲ့စာရွက်အသုံးများတဲ့ အ ခြားရုံးတွေကိုဝင်ရောက် ကြည့်ရှုဖူး တဲ့အတွေ့အကြုံအရ စက္ကူတွေဟာ လွယ်လွယ်နဲ့ပြားကပ်မသွားတတ်တာ ကိုတွေ့ရပါတယ်။ စက္ကူပုံကြီးဘေး နားမှာဆိုရင်တော့ နေရာလွတ်ကြီး ကြီးမားမားကျန်တတ်ပါတယ်။ ဒီအချက်တွေကို ၁၉၉၆ခုနှစ် မှာလက်တွေ့စမ်းသပ်ကြည့်ပြီးသား ဖြစ်ပြီး တူရကီအစိုးရ၊ အစ္စတန်ဘူလ်မြို့အုပ်ချုပ်ရေးအဖွဲ့နဲ့ ARTI ပူးပေါင်းလုပ်ဆောင်ခဲ့တဲ့ စမ်းသပ် ချက်မှာ သိပ္ပံနည်းကျအဖြေထွက် ခဲ့ပါတယ်။

ကျွန်တော်တို့ပူးပေါင်းအဖွဲ့ ဟာ လူသားတို့ရဲ့ခံစားမှုအတိုင်းသိရှိ ခံစားနိုင်တဲ့ လူတူစက်ရုပ် (၂၀) ကို ကျောင်းတစ်ကျောင်းနဲ့ နေအိမ် တစ်လုံးထဲထည့်ပြီး အဆောက်အအုံ တွေကို ဖြိုချကြည့်ခဲ့ပါတယ်။ စက် ရုပ်(၁၀)ရုပ်ကို အောက်ထဲပြေးဝင်ပုန်း တဲ့စနစ်အတိုင်း နေရာချထားခဲ့ပြီး ကျန်တဲ့စက်ရုပ်(၁၀)ရုပ်ကိုတော့ ကျွန်တော့်ရဲ့ အသက်ကယ်တြိဂံနည်း စနစ်အတိုင်း နေရာချထားခဲ့ပါတယ်။ အဆောက်အအုံတွေပြိုကျ သွားပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ပူးပေါင်းအဖွဲ့ဟာ အဆောက်အအုံ ပျက်ထဲဝင်ပြီး ဗီဒီယိုမှတ်တမ်းတင် ခဲ့ပါတယ်။

အဲဒီအခါမှာတစ်ခုခု အောက်ထဲပြေးဝင်ပုန်းတဲ့နည်းကို သုံးရင်အသက်ရှင်စရာလမ်းမမြင်တဲ့ အနေအထားတွေမှာ အသက်ကယ် တြိဂံနည်းစနစ်ကို သုံးတဲ့သူတွေဟာ အသက်အန္တရာယ်ကနေ လွတ်ငြိမ်း ချမ်းသာဖို့ ရာနှုန်းပြည့်ရှိနေတာကို တွေ့ခဲ့ရပါတော့တယ်။

ဒီဥပမာကို ကြည့်ခြင်းအားဖြင့် ငလျင်လှုပ်ပြီဆိုရင် ပျာယာခတ်မသွား ဘဲ အခိုင်အခံ့ပစ္စည်းတွေရှိတဲ့ နေရာ တွေဘေးကွေးကွေးကလေးဝင်ထိုင် နေတတ်ဖို့ လိုအပ်တယ်ဆိုတာ သိကြ မယ်လို့ထင်ပါတယ်။ ကမ္ဘာကြီးမှာ သဘာဝဘေး အန္တရာယ်တွေ ပိုမိုဖြစ်ပွားလာလို့ လူသားတွေရဲ့အသက်အန္တရာယ် ပိုမိုရှိလာတဲ့အတွက် တစ်ခုခုဖြစ်လာ ခဲ့လို့ရှိရင် အဆင်သင့်ဖြစ်နေစေဖို့ မိမိနေထိုင်ရာ အိမ်၊ ပတ်ဝန်းကျင်မှာ အသက်ကယ်ပစ္စည်းတွေများများစား စားထားရှိဖို့လိုအပ်ပါမယ်။

ကိုယ့်ပတ် ဝန်းကျင်မှာ အသက်ကယ်တြိဂံဘယ် နှစ်ခုရှိနိုင်တယ်ဆိုတာကို ကြိုတင်ရှာ ဖွေထားသင့်ပါတယ်လို့ အကြံပြုလိုက်ပါရစေ။