Saturday, 30 July 2016
အနာဂတ်အတွင်း ပျောက်ကွယ်သွားတော့မယ့် မြို့ကြီး(၆)မြို့
လူသားတွေအနေနဲ့ ကမ္ဘာကြီးမှာ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် အစွမ်းကုန် ကြိုးစားခဲ့ကြတာ မှန်ပါတယ်။ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ကိုလည်း တက်နိုင်ခဲ့ကြသလို သမုဒ္ဒရာအောက် အနက်ရှိုင်းဆုံးနေရာကိုလည်း ရောက်နိုင်ခဲ့ကြပါပြီ။ ဒါပေမဲ့ လူသားတွေ မလွန်ဆန်နိုင်တဲ့ သဘာဝရဲ့ ကပ်ဘေးဆိုးကြီးတွေက ကမ္ဘာပေါ်က သက်ရှိသတ္တဝါတွေကို ပုံစံအမျိုးမျိုးနဲ့ သုတ်သင်နေကြပါတယ်။ ရေကြီးတာတွေ၊ မုန်တိုင်းတွေ၊ မီးတောင်တွေ၊ လေဆင်နှာမောင်းတွေနဲ့ ငလျင်ဆိုတဲ့ ဘေးဆိုးတွေကို ရှောင်လွှဲနိုင်ခွင့် လူသားတွေမှာ မရှိသေးပါဘူး။ သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ သဘာဝပတ်ဝန်းကျင်ကြောင့်ရော လူသားတွေ ပြုလုပ်တဲ့ ဖျက်ဆီးမှုတွေကြောင့်ပါ မကြာတော့မယ့် အနာဂတ်အတွင်း လုံးဝ ပျောက်ကွယ်သွားတော့မယ့် အဓိက မြို့ကြီး (၆) မြို့ရှိပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့
သမုဒ္ဒရာ မျက်နှာပြင် အဆက်မပြတ် မြင့်တက်လာနေတဲ့အတွက် မကြာခင်မှာ နစ်မြုပ်တော့မယ့် မြို့ဖြစ်ပါတယ်။ နောက်တစ်ချက်က မြို့ရဲ့ အောက်ခြေမှာ သောက်ရေအတွက် လှိုဏ်ခေါင်းတူးဖော်ထားတဲ့အတွက် မြို့ရဲ့ အောက်ခံဖောင်ဒေးရှင်းက တဖြည်းဖြည်း အင်အားလျော့နည်းလာတာ ဖြစ်ပါတယ်။
ကယ်လီဖိုးနီးယား ပြည်နယ်၊ ဆန်ဖရန်စစ္စကိုမြို့
အမေရိကန် ပြည်ထောင်စုရဲ့ ပျော်စရာအကောင်းဆုံးနဲ့ စိတ်လှုပ်ရှားစရာ အကောင်းဆုံးဖြစ်တဲ့ ဆန်ဖရန်စစ္စကိုမြို့ဟာ အဓိက ငလျင်ကြောကြီးတစ်ခုရဲ့ တည့်တည့်ပေါ်မှာရှိနေပြီး အရမ်းကို ပမာဏကြီးမားတဲ့ ငလျင်ကြီးတစ်ခုက ဒီရာစုနှစ် မကုန်ခင်မှာ လှုပ်ဖို့ ၇၅ ရာခိုင်နှုန်းရှိတာကို ပညာရှင်များက တွေ့ရှိထားပါတယ်။
အီတလီနိုင်ငံ၊ ဗင်းနစ်မြို့
လှပတဲ့ မြို့တော်အဖြစ်နာမည်ကြီးပြီး မြို့တစ်ခွင်လုံးကလမ်းတွေက မြေလမ်းတွေထက် ရေကြောင်းလမ်းတွေက ပိုများတာကို တွေ့ရမှာပါ။ ဒါပေမဲ့ ရေကြီးရေလျှံမှုတွေ ပုံမှန်ဖြစ်တတ်သလို ဘန်ကောက်မြို့လိုပဲ သမုဒ္ဒရာမျက်နှာပြင် မြင့်တက်လာမှုကြောင့် နစ်မြုပ်သွားမှာဖြစ်ပါတယ်။
မက္ကဆီကိုနိုင်ငံ မက္ကဆီကို မြို့တော်
မက္ကဆီကိုမြို့တော်ရဲ့နေရာအများစုက ရေခန်းခြောက်နေတဲ့ ရေအိုင်ကြီးတွေပေါ်မှာ တည်ဆောက်ထားတာဖြစ်တဲ့အတွက် အောက်ခံဖောင်ဒေးရှင်းက မခိုင်ခံဘူးလို့ ဆိုရမှာပါ။ ဒီအကြောင်းကြောင့်ပဲ နှစ်စဉ် ၄ လက်မလောက် နိမ့်ကျလာလျက်ရှိပြီး နှစ် ၄၀ အတွင်း ၁၀ မီတာကျော် နိမ့်ကျလာပြီဖြစ်ပါတယ်။
အာဖရိကတိုက် ဘန်ဂျူးမြို့
သမုဒ္ဒရာ အစပ်မှာရှိတဲ့ မြို့ဖြစ်ပြီး တဖြည်းဖြည်းနဲ့ ရေတိုက်စားလာတဲ့အတွက် ကမ်းခြေနဲ့ မြို့ရဲ့ အဓိက ကုန်းမြေက ၂ ကီလိုမီတာ အကွာအဝေးပဲ ရှိတော့တဲ့ မြို့ဖြစ်ပါတယ်။
အီတလီနိုင်ငံ နေပယ်မြို့
သမိုင်းဝင် ရှေးအကျဆုံးမြို့ တစ်မြို့ ဖြစ်ပါတယ်။ကမ္ဘာပေါ်မှာ အလှပဆုံး မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ နေပယ်မြို့က မောင့်ဗီဆူးဗီးယပ်စ်မီးတောင်ရဲ့ ကပ်လျက်မာရှိတဲ့ မြို့ဖြစ်ပြီး အဲ့ဒီမီးတောင်က အေဒီ ၇၉ က ပွန်ပေမြို့တော်ကြီးကို ဖျက်စီးပစ်ခဲ့တဲ့ မီးတောင်ကြီးဖြစ်ပြီး အခုထိ ရှင်သန်နေဆဲ မီးတောင်တစ်ခုဖြစ်ပြီး ပေါက်ကွဲနိုင်ချေများလာတဲ့အတွက် နေပယ်မြို့က မကြာခင် ပျက်စီးမယ့်အလားအလာရှိနေပါတယ်။
Ref:higherperspectives
TrendMyanmar
ရက်ရှောင်၍ အတူနေနည်း
အမျိုးသား၏သုတ်သည် အမျိုးသမီး၏ မမျိုးဥနှင့် တွေ့ပါမှ သန္ဓေအောင်ခြင်း (ကလေးရခြင်း)ဖြစ်နိုင်ရာ မမျိုးဥ ကြွေနိုင်သည့် အချိန်များကို တွက်ချက်နိုင်သည်။
ရာသီသွေး မှန်မှန်ပေါ်သော အမျိုးသမီးများတွင် မမျိုးဥကြွေခြင်းသည် ရာသီစလာပြီးနောက် ၁၅ရက်နှင့် ၁၉ရက်အကြားတွင် ဖြစ်ပွားသည်ဟု မှတ်ယူနိုင်သည်။
ထိုရက်များအတွင်း အမျိုးသားနှင့်အတူနေပြီး အိမ်ထောင်မှုပြုပါက ကလေးရနိုင်သည်။ ထိုရက်များကို ရှောင်ကြဉ်ပါလျက် ကလေးရသူများလည်း ရှိသည်။ ထိုသူများမှာ ထိုရက်များမတိုင်မီ သုံးရက်လောက်က အမျိုးသားနှင့် အတူနေခဲ့ကြသူများဖြစ်သည်။အမျိုးသား၏သုတ်သည် သုံးရက်ကြာ အသက်ရှင်နေနိုင်သောကြောင့် မမျိုးဥ မကြွေသေးသည့်အချိန်ဟု စိတ်ချပြီးအတူနေခဲ့ပါက အမျိုးသား၏သုတ်သည် သားအိမ်တွင်း ကပ်ငြိအသက်ရှင်နေပြီး နောင်သုံးရက်အတွင်း မမျိုးဥကြွေသည့်အချိန်တွင် သန္ဓေအောင်သွားတတ်သည်။
အောက်ပါဇယားကို ကြည့်ပြီး မိမိ၏ရာသီခွင်ကို တွက်ချက်နိုင်သည်။ အောက်ဖော်ပြပါဇယားမှာ ရာသီလာစောခြင်း ၊ နောက်ကျခြင်းများမရှိဘဲ လစဉ် ထိုရက်တွင် ရာသီပေါ်လေ့ရှိသော ဓမ္မတာမှန်သည့် အမျိုးသမီးများအတွက်ဖြစ်သည်။ ရာသီပေါ်ရက်မမှန်ပါက မိမိနှင့်သင့်တော်သော သန္ဓေတားဆေးများကို သုံးစွဲသင့်သည်။
ရာသီပေါ်ပြီး နံပါတ် ၄ မှ ၁၁ သည် လင်မယားအတူနေရန် စိတ်ချရသော ရက်များဖြစ်၍ ဘာမှကာကွယ်စရာမလိုဘဲ သမရိုးကျ အိမ်ထောင်မှု ပြုနိုင်သည်။ စိတ်ပူတတ်သူများအဖို့ ထို(၈)ရက်မှ ပထမ(၇)ရက်အတွင်း အမျိုးသားနှင့် မည်သည့်အကာအကွယ်ပစ္စည်းမှ အသုံးမပြုဘဲ အတူနေနိုင်ကြသည်။
နံပါတ် ၁၂ မှ ၁၄ နေ့ရက်များတွင် အမျိုးသားနှင့် အကာအကွယ်မယူဘဲ အတူနေပါက အမျိုးသားကလွှတ်လိုက်သော သုတ်များမှ သုတ်အချို့ မသေဘဲ မိန်းမကိုယ်အတွင်း ကျန်ရစ်နေနိုင်သည်။ ထိုသုတ်များသည် မမျိုးဥကြွေနိုင်သော ရက်များဖြင့် နီးနေသောကြောင့် သန္ဓေအောင်နိုင်သည်။ တနည်း ကလေး ရရှိနိုင်သည်။ ထို့ကြောင့် နံပါတ် ၁၂ မှ ၂၀ အထိသော နေ့ရက်များတွင် အမျိုးသားနှင့် အတူအိမ်ထောင်မှု ပြုလိုပါက ရာဘာ(Condom)ကို အကာအကွယ်ယူ၍ အတူနေကြရမည်ဖြစ်သည်။
ထိုရက်များကို ကျော်လွန်ပါက နံပါတ် ၂၁ မှ ၃၀ရက်များသည် အကာအကွယ်မသုံးဘဲ အတူနေဖို့ စိတ်ချရသော ရက်များဖြစ်သည်။ စိတ်ပူတတ်သူများအဖို့ ထို(၁၀)ရက်မှ ပထမတစ်ရက်ဖြစ်သည့် နံပါတ်(၂၁)ရက်နေ့နှင့် နောက်ဆုံးတစ်ရက်ဖြစ်သည့် နံပါတ်(၃၀)ကို နှုတ်ပြီး ကျန်(၈)ရက်၌ အမျိုးသားနှင့် မည်သည့်အကာအကွယ်မှ မသုံးဘဲ အတူနေထိုင်နိုင်သည်။
Credit: Burmesehearts
Sunday, 24 July 2016
တရုတ်စီးပွားရေးဇုန်စီမံကိန်းကြောင့် ချင်းရွှေဟော် နယ်စပ် ကုန်သွယ်ရေးစခန်း မူဆယ်နှင့် အပြိုင်ဖြစ်လာနိုင်
တရုတ်နိုင်ငံနယ်စပ်တွင် ကုန်သွယ်ရေးဇုန် တစ်ခုတည်ထောင်နေပြီး အဆိုပါစီမံကိန်း
ပြီးစီးပါက မြန်မာနိုင်ငံဘက်ခြမ်းရှိ ချင်းရွှေဟော် နယ်စပ်နှင့် ကုန်သွယ်မှုများ တိုးမြှင့်နိုင်တော့
မည်ဖြစ်ကြောင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။
ရှမ်းပြည်နယ်အရှေ့မြောက်ဘက် ချင်းရွှေ ဟော် ကုန်သွယ်ရေးစခန်းနှင့် ကပ်လျက်ရှိသည့်
တရုတ်နိုင်ငံ ယူနန်ပြည်နယ်၊ လင်ချန်း နယ်စပ် စီးပွားရေးပူးပေါင်းမှုဇုန် ဆောက်လုပ်
နေမှုအပြင် တရုတ် - မြန်မာနယ်စပ် လမ်းမကြီး လည်း ဖောက်လုပ်မည်ဖြစ်သည်။
အဆိုပါလမ်းမှတစ်ဆင့် တရုတ်၊ မြန်မာ၊ ဘဂ်လားဒေ့ရှ် နှင့် အိန္ဒိယ လေးနိုင်ငံ ကူးသန်းရောင်းဝယ်မှု
များပြုလုပ်မည်ဖြစ်သည်။ ယင်းမှာ လင်ချန်း- ချင်းရွှေဟော် နယ်စပ် စစ်ဆေးရေးဂိတ်
မဟာဗျူဟာဖွံ့ဖြိုးရေးစီမံကိန်းဖြစ်သည်။
ကုန်သွယ်ရေးလမ်းကြောင်း ပွင့်လင်းလာပါက ချင်းရွှေဟော်သည် မြန်မာနိုင်ငံ၏အကြီးဆုံး နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ် ၁၀၅ မိုင်နှင့် အပြိုင်ဖြစ်လာနိုင်ကြောင်း ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း၏ ညွှန်ကြားရေးမှူးဦးသောင်းလွင်က ပြောသည်။ "ဒီစီမံကိန်းက ကုန်သွယ်မှု လုပ်ငန်းအတွက် အဓိကလိုအပ်တဲ့အခြေခံအဆောက် အအုံဆောက်လုပ်တာပဲ။ သူတို့နဲ့အတူ ဆက်စပ်ပါလာမယ့် အဓိကကတော့ လမ်းပန်းဆက်သွယ်ရေးပဲ။ လမ်းပန်းဆက်သွယ်ရေးကောင်းလာတာနဲ့အမျှ သွားရေးလာရေးက
တိုးတက်လာမှာပဲ"ဟု ၎င်းကပြောသည်။
တရုတ်-မြန်မာ နယ်စပ်ဆက်စပ်လမ်းမကြီးမှာ ၄ ဒသမ၃ကီလိုမီတာရှည်လျားသော ပစိတ်ဖိတ်သမုဒ္ဒရာ ထွက်ပေါက်အဖြစ် ကူမင်း-လင်းချန်း-ချင်းရွှေဟော်မှတစ်ဆင့် မြန်မာ နိုင်ငံကို ဖြတ်သန်းဖောက်လုပ်သွားမည်
ဖြစ်သည်။ ကူမင်းဪချင်းရွှေဟော်ဪကျောက်ဖြူ ရထားလမ်းစီမံကိန်းလည်းပါဝင်သည်။
လမ်းဖောက်လုပ်မှုကို ယခုနှစ်တွင် စတင် ပြီး အချိန် တစ်နှစ်ကြာမြင့်မည်ဖြစ်သည်။
ကွမ်းလုံးတံတားသစ် တည်ဆောက်ရေးပါဝင် ပြီး ရထားလမ်း၊ ကားလမ်း၊ လေကြောင်းလမ်း
သုံးခုစလုံး ဆောင်ရွက်နေခြင်း ဖြစ်သည်။ ကူမင်း-လင်းချန်း ရထားလမ်းပိုင်း ဖောက်လုပ်
ပြီးစီး၍ လက်ရှိတွင် လင်းချန်းဪချင်းရွှေဟော် လမ်းပိုင်း ဖောက်လုပ်လျက်ရှိရာ
၂၀၂၀ ပြည့်နှစ်တွင် ပြီးစီးမည်ဖြစ်သည်။ မူဆယ် ၁၀၅ မိုင်ပြီးလျှင် မြန်မာနိုင်ငံ ၏
နယ်စပ်ကုန်သွယ်ရေးစခန်းများအနက် ချင်းရွှေဟော်မှာ တတိယမြောက် ကုန်သွယ်မှု
အများဆုံး ပြုလုပ်ရာဖြစ်သည်။ လယ်ယာ ထွက်ကုန်၊ ပဲ၊ ပြောင်း၊ နှမ်းနှင့် ရေထွက်ပို့ကုန်
ငါးရှဥ့်တို့ကို တင်ပို့နေသည်။ တရုတ်နိုင်ငံဘက်က သွင်းကုန်ဝယ်ယူ ခြင်းထက် ပို့ကုန်ကိုသာ
အဓိကအားထား နေခြင်းဖြစ်သည်။ "တရုတ်ဘက်ကလည်း သူတို့အတွက် ရိက္ခာတင်သွင်းတဲ့
ဂိတ်ပေါက်လို့ သတ်မှတ် ထားတဲ့အတွက် မြန်မာပြည်ပစ္စည်းကို အဓိက ၀ယ်ဖို့အတွက်
ဖွင့်လှစ်တဲ့ဂိတ်ပဲ။ ဇုန်ပြီးရင်တော့ ပို့ကုန်ကမူဆယ်ဘက်က လိုရင်လိုလာမယ်။
လောလောဆယ်တော့ မြန်မာဘက်က ပို့ကုန်ပဲ ဦးစားပေးပြီးလုပ်နေတာ။
သွင်းကုန်က အဓိကမကျဘူး"ဟု ဦးသောင်းလွင်က ပြောသည်။
နယ်စပ်ကုန်သွယ်မှုတွင် ဒုတိယ အများ ဆုံးမှာ ထိုင်းနိုင်ငံနှင့်ဖြစ်ပြီး ကရင်ပြည်နယ်
မြ၀တီနှင့် တစ်ဘက်နိုင်ငံမဲဆောက် ကုန် သွယ်မှုမှာ ဒုတိယနေရာတွင် ရပ်တည်နေသည်။
၂၀၁၆-၁၇ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၈ ရက်အထိ မူဆယ်နယ်စပ်ကုန်သွယ်aရးမှ
ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ၁,၁၃၅ သန်းကျော်၊ မြ၀တီမှ ကန်ဒေါ်လာ ၂၀၆ သန်း
ကျော်ရှိပြီး ချင်းရွှေဟော်မှာ ကန်ဒေါ်လာ ၁၄၄ သန်းကျော်ရှိကြောင်း ၀န်ကြီးဌာန၏
ကုန်သွယ်မှုစာရင်းများတွင် ဖော်ပြထားသည်။
Saturday, 23 July 2016
ရုပ်ရင့်စေတဲ့ အစားအသောက်များ
|
အုပ်ချုပ်သူ လူညံ့ကို ရွေးမိတဲ့အခါ
အမတ်ကြီး ရာဇ သင်္ကြန်ဟာ ဥဇနာမင်း
လက် ထက်မှာထင်ရှားကျော်ကြားသူဖြစ် လာပြီးဥဇနာမင်းရဲ့သားကြီး သီဟသူ
(တချို့သမိုင်းစာအုပ်များက သင်္ဂသူလို့ ဖော်ပြပါတယ်)က သူလာတာမြင်ရက်နဲ့
အင်္ကျီလက်မသိမ်းရကောင်းလားဆိုပြီး အမတ်ကြီးရဲ့ အင်္ကျီပေါ် ကွမ်းတံတွေးထွေး
ချတာခံရပါသတဲ့။ အမတ်ကြီးက ဒီအင်္ကျီကိုသိမ်းထားပြီး နောင်ဥဇနာ
မင်းနတ်ရွာစံတဲ့အခါ လွှတ် တော်အမတ်များကို ဒီအင်္ကျီသက်သေနဲ့အတူ သီဟသူရဲ့
ရိုင်းပျစော်ကားမှုကို ပြန်ပြောပြပြီး သူ့အစား သားတော်အငယ်ကို ထီးနန်းတင်
ဖို့အဆို ပြုခဲ့ပြီး သဘောတူနန်းတင်ခဲ့ကြပါ တယ်။
အမတ်ကြီးရာဇသင်္ကြန်နန်းတင်ခဲ့တဲ့ သား တော်အငယ်ဆိုသူဟာ မင်းေ ခွးချေး လို့လူသိများပြီး မင်းမျိုးလည်း မဟုတ်ပါဘူး။ ပန်းပွတ်သည်ရဲ့ သမီးကို မိဖုရားမြှောက်ခဲ့ရာက မွေးဖွားသူဖြစ်ပြီး မင်းခွေးချေးဆိုတဲ့ နာမည်ပြောင်မျိုးနဲ့ လူသိများတယ်ဆိုကတည်းက လူအများလေးစားခန့် ညားရသူ မဟုတ်တာ သေချာပါတယ်။ ဒီလိုလူမို့ အမတ်ကြီးက သီဟသူထက်စာရင် သူကိုင်တွယ် နိုင်မယ့်သူအဖြစ်သဘောထားနန်းတင်ခဲ့ပုံပါပဲ။
သူဟာဘုရင်ဖြစ်လာတဲ့နောက် မင်းခွေးချေးဆိုတဲ့နာမည်ကိုဖျောက်ပြီး နရသီဟပတေ့ (ခြင်္သေ့ကဲ့သို့ ရဲရင့်တဲ့သူ) ဆိုတဲ့နာမည်နဲ့ နန်း တက်ပါတယ်။ နရသီဟပတေ့ ဘုရင်ဟာ နန်းသက် ၃၃ နှစ်ကြာ အောင် အုပ်ချုပ်သွားခဲ့ပါတယ်။ ဒီ ဘုရင်ဟာ သမိုင်းမှာ အပျော်ကျူး သူ၊ ဆုံးဖြတ်ချက်လွဲသူ၊ တစ်နေ့ ဟင်းခွက် ၃ဝဝစားပြီးရသ၊ တဏှာ တပ်မက်သူအဖြစ် မှတ်တမ်းဝင်ခဲ့ ပါတယ်။နိုင်ငံအုပ်ချုပ်ရေးကို ဆို ထားနဲ့သူ့မိသားစုအတွင်းမှာတောင် မျှတအောင် ဆောင်ရွက်တတ်သူ မဟုတ်ပါဘူး။ သူ့ကို နန်းတင်ခဲ့တဲ့ အမတ်ကြီး ရာဇသင်္ကြန်ကိုလည်း သတိတရ မြှောက်စားခြင်း မပြုပါဘူး။ ဒါ ကြောင့် အမတ်ကြီးက မခံနိုင်ဖြစ်ပြီး ပန်းကလပ်ပဲ့နဲ့ညီလာခံကို ဝင်တော့ ဘုရင်ကမြင်ပြီး မေးတဲ့ အခါမှာ”ပန်းပွတ်သည်ရဲ့ မြေးကောင်းစားလို့ ပန်းပွတ်မယ့်သူ မရှိလို့ပါ”လို့လျှောက်ထားတဲ့အတွက် ဘုရင် ကဒေါသထွက်ပြီးအမတ်ကြီးကို ရာထူးကဖြုတ်ပြီး ဒလကိုပို့ လိုက်ပါတယ်။ အမတ်ကြီးမရှိတော့ ဘူးကြားတော့ မုတ္တမစား၊ မစ္စဂီရိ စားတို့က ပုန်ကန်တော့မှ အမတ်ကြီးကို ပြန်ခေါ်ပြီး နှိမ်နင်းခိုင်းရပါ တယ်။တိုက်ပွဲတွေအပြီးမှာ အမတ် ကြီးဟာပင်ပန်းပြီး ကွယ်လွန်သွားရ ရှာကြောင်း တွေ့ရပါတယ်။

နရသီဟပတေ့ကတော့
ညံ့ဖျင်းတဲ့မင်းပီပီ အမှားတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။ အဲဒီကာလက
အင်အားကြီးပြီး နယ်ချဲ့နေတဲ့ မွန်ဂိုဘုရင် ကူဗလိုင်ခန် လွှတ်လိုက်တဲ့
သံတမန်တွေကို သူ့ရှေ့မှာ မလေးမစားလုပ်တယ်ဆိုပြီး သတ်ဖြတ်တဲ့အတွက်
စစ်ဖြစ်ပါတယ်။ တရုတ်တွေနဲ့ဖြစ်တဲ့ ဒီစစ်မှာ အမတ်ကြီး ရာဇသင်္ကြန်ရဲ့သား
စစ်သူကြီး အနန္တပစ္စည်းကျ ဆုံးခဲ့ရပါတယ်။ဘုရင်လည်း
တရုတ်ရဲ့ဘေးကနေထွက်ပြေးလို့ ‘တရုတ်ပြေးမင်း’လို့ သမိုင်းတွင်ပါတယ်။
နောက်တော့ ပြည်မြို့မှာ သားတော်သီဟသူရဲ့လက်ချက်နဲ့ နတ်ရွာစံရပါတယ်။
အုပ်ချုပ်သူလူညံ့ကို
ရွေးမိတဲ့အခါဒီလူညံ့ကဘုရင်ဖြစ်သွား တော့ ညံ့လည်းညံ့၊ ဥာဏ်လည်း မရှိ၊
အကြင်နာလည်းမရှိဆိုတော့ အမှား များစွာ လုပ်ပါတော့တယ်။ အမတ်ကြီးအပါအဝင်
လွှတ်တော် အမတ်များ အရွေးမှားခဲ့တဲ့ဘုရင် ဟာမိဖုရားကိုလည်းသတ်၊
သံတမန်ကိုတောင် သတ်၊ ကာမဂုဏ်လည်း ကျူး၊ အစားလည်းမက်၊ ဥာဏ်လည်းမရှိ၊
လက်ရုံးရည်လည်း မပြည့်ဝမို့ နောက်ဆုံးအ မတ်ကြီး ကိုယ်တိုင် မတရားအပြစ်ပေး
ခံရတယ်။ အမတ်ကြီးမရှိတဲ့နောက် နယ်ချဲ့ကျူးကျော်မှုခံရပြီး အမတ်
ကြီးရဲ့သားကိုယ်တိုင် ကျဆုံးရတယ်။ နောက်ဆုံး ပုဂံပြည်ကြီးပါ
ပျက်သုဉ်းသွားရတဲ့အထိပါပဲ။ ညံ့သူကို ခေါင်းပေါ်တင်မိပြီး ပြန်ချလို့မရ
သူများရဲ့အဖြစ် ဆိုးတွေထဲက သမိုင်းသင်ခန်းစာတွေပါ။ ဒီတော့ ကိုယ်ကအုပ်ချုပ်ရမယ့်ဝန်ထမ်းလိုလူကိုဖြစ်ဖြစ်၊
ကိုယ့်ကိုအုပ်ချုပ်မယ့်ရှင်ဘုရင်လို လူမျိုးကိုဖြစ်ဖြစ်
ကိုယ်အားကိုးလောက်တဲ့ အကောင်းဆုံးကိုပဲ ရွေးချယ်ရမှာဖြစ်ပါတယ်။
Writer : အိမ်စည်စိုးစံ
ရန်ကုန်နှင့် စင်ကာပူ မတူရခြင်း အကြောင်းရင်း
ရန်ကုန်နှင့်
စင်ကာပူတို့သည် တစ်နှစ်လျှင် မိုးရေချိန် ၂၄၀၀ မီလီမီတာဝန်းကျင်စီ
ရွာသွန်းသောအချက်နှင့် လူဦးရေ ငါးသန်းခွဲခန့်စီရှိကြသော အချက်တို့တွင်
တူညီကြသည်။ ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်သည် စတုရန်းကီလိုမီတာ ၆၀၀
ခန့်ရှိပြီး စင်ကာပူ၏ ဧရိယာသည် စတုရန်း ကီလိုမီတာ ၇၀၀ ခန့်ရှိသဖြင့်
အကျယ်အ၀န်းချင်းလည်း များစွာမကွာခြားလှချေ။
ရန်ကုန်နှင့် စင်ကာပူသိသာစွာ ကွာခြားသောအချက်မှာ မြင်ရုံမျှနှင့် အလွယ်တကူ
သိနိုင်သည့် မြို့ပြသန့်ရှင်း သပ်ရပ်မှုဖြစ်သည်။ သန့်ရှင်းခြင်းကဲ့သို့
မြို့ပြ၏ ဂုဏ်အင်္ဂါ ကောင်းတစ်ခုဖြစ်သော ရေကြီးရေလျှံမှုကို
ထိန်းချုပ်နိုင်ခြင်းတွင်လည်း စင်ကာပူသည် ရန်ကုန်ထက်များစွာ သာလွန်သည်။
မိုးရေ ပမာဏတူ၊ လူဦးရေတူ၊ မြို့အကျယ်အ၀န်း မကွာလှသည့် အခြေအနေတွင်
စင်ကာပူက ရန်ကုန်ထက် သာလွန်အောင် မည်သို့လုပ်ဆောင် နိုင်သနည်း ဆိုသည်ကို
လေ့လာသင့်သည်။ ၁၉၈၀ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း မှတ်တမ်းများအရ
စင်ကာပူမိုးရွာသွန်းမှုသည် အကြိမ်များလာသည့်အပြင် ရွာစဉ်တွင်လည်း
ရေပိုပါလာလျက်ရှိသည်။
စင်ကာပူ၏ မြေမျက်နှာသွင်ပြင်သည် ယေဘုယျအားဖြင့် ညီညာသော မြေပြင်ရှိသည်ဟု ဆိုနိုင်သော်လည်း နိုင်ငံ၏ တောင်ပိုင်း၊ အရှေ့ဘက်ကမ်းရိုးတန်း နေရာအချို့နှင့် အတွင်းပိုင်းနေရာ အချို့တို့တွင် မြေနိမ့်များရှိသည်။ သည်းထန်သောမိုးနှင့် ဒီရေတို့ ဆုံမိလျှင် ရေကြီးရေလျှံမှုများနှင့် ကြုံတွေ့ရတတ်သည်။ ထို့ပြင် ရာသီဥတုပြောင်းလဲမှုကြောင့် စင်ကာပူကို ပတ်လည်ဝိုင်းနေသော ပင်လယ်ရေပြင် မြင့်တက်လာနိုင်ခြေလည်း ရှိနေသည်။
တစ်ဖက်တွင်လည်း စင်ကာပူသည် အာရှမြို့ကြီး အများအပြားကဲ့သို့ မြို့ပြဖွံ့ဖြိုး ကြီးထွားလာမှုကို ရင်ဆိုင်နေရသည်။ ၁၉၆၀ ခုနှစ်က စင်ကာပူလူဦးရေသည် ၁ သန်းခွဲကျော်ရှိခဲ့ရာမှ ၂၀၁၅ ခုနှစ်အရောက်တွင် လေးဆနီးပါး မြင့်တက်လာသည်။ များပြားလာသောလူဦးရေ၊ အဆောက်အအုံတို့နှင့်အတူ ကွန်ကရစ်ပြင်နှင့် ကတ္တရာပြင်များ တိုးပွားလာသည်။ မိုးရွာသောအခါ မိုးရေများ မြေကြီးထဲစိမ့်ဝင်နိုင်မှု လျော့လာပြီး မြေပေါ်ရေစီးဆင်းမှု ပိုများလာသည်။
စင်ကာပူတွင် ရေကြီးနိုင်သော အကြောင်းတရားများစွာ ရှိသော်လည်း ကောင်းမွန်ခေတ်မီသော မြို့ပြစီမံခန့်ခွဲမှုဖြင့် မိုးရေလှောင်ကန်များ အဆင့်ဆင့်ထားရှိခြင်း၊ လုံလောက်သောအကျယ်နှင့် အနက်ရှိသော ရေမြောင်းများ၊ ရေတားများ ထားရှိပေးခြင်း၊ အဆောက်အအုံအသစ်များ ဆောက်လုပ်လျှင် ယင်းတို့မှ ထွက်လာသော မိုးရေကို မည်သို့ထုတ်ရမည်ဟူသည့် စနစ်ကျသော စီမံချက်များထားရှိခြင်း တို့ဖြင့် ရေကြီးရေလျှံမှု အန္တရာယ်ကို စင်ကာပူအင်ဂျင်နီယာတို့ ထိန်းချုပ်နိုင်ကြသည်။
စင်ကာပူမိုးသည် ရွာချလိုက်၊ အချိန်အတန်ကြာတိတ်လိုက်နှင့် တစ်နှစ်ပတ်လုံးဖြစ်နေရာ မိုးရွာနေချိန်တွင် မြောင်းရေပြည့်လာလိုက် မိုးတိတ်လျှင် ရေကျသွားလိုက်နှင့် သံသရာလည်နေသည်။ မိုးအလွန်သည်းထန်သည့် အခါများ၌ မြောင်းလျှံတက်လာ တတ်ရာမလျှံအောင် လက်ခံနုတ်သိမ်းနိုင်သော ရေမြောင်းများကို ဆောက်လုပ်၍ ရသော်လည်း ကုန်ကျစရိတ် အလွန်များမည်ဖြစ်၍ မှန်ကန်သော ဖြေရှင်းနည်းမဟုတ်ချေ။

စင်ကာပူ အင်ဂျင်နီယာတို့သည် ရေကြီးရေလျှံမှု ပြဿနာကို ရေထုတ်မြောင်းကို
ပြုပြင်ချဲ့ထွင်ရုံမျှနှင့် ဖြေရှင်းနိုင်သည်ဟူသော သမားရိုးကျစဉ်းစားမှုမှ
ခွဲထွက်ကာ မိုးရေစတင် စီးကျလာသည့်နေရာမှစ၍ ကိုင်တွယ်သည်။
အချို့အဆောက်အအုံများတွင် မိုးရေများကို သီးသန့်ကန်ထဲထည့်၍
သန့်ရှင်းဆေးကြောရာတွင် အသုံးချသည်။
နေရာအများအပြား၌ ရွာကျလာသော မိုးရေစတင်ထိတွေ့ စီးဆင်းရာဖြစ်သော အဆောက်အအုံခေါင်မိုးနှင့် မြေပြင်တို့တွင် “မိုးရေလှောင်ကန်” များဖန်တီးပေးထားခြင်းဖြင့် မိုးရေအချို့ကို ရေထုတ်မြောင်းထဲသို့ ချက်ချင်းမစီးဆင်းစေဘဲ ခေတ္တမျှ သိုလှောင်ထားလိုက်သည်။ ကနဦးမိုးရေများ မြောင်းတစ်လျှောက် စီးသွားပြီးမှ “မိုးရေလှောင်ကန်” များထဲရှိ ရေများဆက်စီးဝင်စေခြင်းဖြင့် အလွန်ကြီးသောမြောင်းများ တည်ဆောက်ရန် မလိုတော့ဘဲ ရေကြီးရေလျှံမှုကို အထိုက်အလျောက် ထိန်းသိမ်းပြီး ဖြစ်သွားသည်။
သာမန်အမြင်၌ ယင်းလုပ်ဆောင်ချက်သည် မထူးခြားလှဟု ထင်ရန်ရှိသော်လည်း စင်ကာပူတွင်မူ အဆိုပါ “မိုးရေလှောင်ကန်” အများအပြားသည် အုတ်၊ ကွန်ကရစ် စသည်တို့ဖြင့် ဆောက်လုပ်ထားသော တကယ့်ကန်ကြီးများ မဟုတ်ဘဲ ခေါင်မိုးပေါ်ရှိ မြက်ခင်းများ၊ အပင်ငယ် အပင်လတ်များဖြင့် တန်ဆာဆင်ထားသော ဥယျာဉ်ငယ်များ၊ အဆောက်အအုံမျက်နှာစာ၌ ထားရှိသော အပင်နှင့် ပန်းအိုးများ၊ ရေစီးဆင်းလာရာ လမ်းတစ်လျှောက် မြေနိမ့်ပိုင်းများတွင် စိုက်ပျိုးထားသော အပင်ငယ်များ ဖြစ်ကြသည်။
အမိုး၊ ကွန်ကရစ်ပြင်စသည့် မျက်နှာပြင်များပေါ်သို့ ရွာကျသောမိုးရေသည် အချိန်တိုအတွင်း မြောင်းထဲသို့ စီးဝင်သွားသော်လည်း ခေါင်မိုးမြက်ခင်း၊ မျက်နှာစာပန်းအိုး၊ မြေပြင်ချိုင့်ခွက်ထဲရှိ အပင်အုပ်စုများသည် မိုးရေကို အချိန်အတိုင်းအတာ တစ်ခုအထိ ထိန်းသိမ်းထားပြီးမှ ရေထုတ်မြောင်းထဲသို့ စီးဝင်စေသဖြင့် ယင်းတို့ကို “မိုးရေလှောင်ကန်” များဟု တင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။ “မိုးရေလှောင်ကန်” များသည် အကျယ်အ၀န်း တစ်စတုရန်း မီတာလျှင် ရေ ၆ လီတာမှ ၃၄ လီတာအထိ ယာယီထိန်းသိမ်း သိုလှောင်ထားနိုင်သည်။ အပင်များ စုပ်ယူထိန်းသိမ်းထားသော မိုးရေများကို တိုက်ရိုက်အငွေ့ပြန်ခြင်း၊ အပင်ထဲမှ တစ်ဆင့်ပင်ငွေ့ပြန်ခြင်း တို့ဖြင့်လည်း ရေထုတ်မြောင်းထဲ စီးဝင်သည့်မိုးရေပမာဏကို လျော့နည်းစေသည်။
ရေကြီးရေလျှံမှုကို လျော့နည်းစေသည်သာမဟုတ်၊ အမိုးနှင့် မျက်နှာစာ ၀ရန်တာတို့တွင်ရှိသော အပင်များကြောင့် အဆောက်အအုံ အတွင်းပိုင်းကို အအေးဓာတ် အတန်အသင့် ပေးနိုင်သည်။ မျက်စိပသာဒ တင့်တယ်စေသည်။ “မိုးရေလှောင်ကန်” များအနီးတွင် လျှောက်လမ်းများ ဖောက်ထားပေးခြင်း၊ ကလေးကစားကွင်းများ တည်ဆောက်ခြင်း၊ အနားယူရန် ထိုင်ခုံများ ချထားပေးခြင်းဖြင့် အများပြည်သူ အပန်းဖြေနိုင်သည့် နေရာများအဖြစ် ဖန်တီးပေးထားနိုင်သည်။ ယနေ့ ကမ္ဘာတွင် လိုအပ်နေသော အစိမ်းရောင် အဆောက်အအုံများအဖြစ် ပေါ်ထွန်းလာသည်။
“မိုးရေလှောင်ကန်” အချို့တွင် သဲ၊ ကျောက်စရစ်စသည့် ရေစစ်လွှာများခံထားကာ မိုးရေတွင် ပါလာသော အညစ်အကြေးတို့ကို စစ်ထုတ်ကာ အထိုက်အလျောက် သန့်စင်စေပြီးမှ အောက်ခံပိုက်ငယ်များမှတစ်ဆင့် ရေထုတ်မြောင်းများထဲသို့ စီးဝင်စေသည်။
အထက်ပါ လုပ်ငန်းအရပ်ရပ် အပါအ၀င် ရေထုတ်ခြင်းဆိုင်ရာ အခြေခံအဆောက်အအုံများကို စင်ကာပူဒေါ်လာ သန်း ၂၀၀၀ ကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး နှစ်စဉ်ပြုပြင် ထိန်းသိမ်းခြင်း၊ အဆင့်မြှင့်ခြင်းတို့အတွက် စင်ကာပူဒေါ်လာ သန်း ၁၅၀ သုံးစွဲလျက်ရှိသည်။
အကျိုးဆက်အဖြစ် ၁၉၇၅ ခုနှစ်ဝန်းကျင်က စင်ကာပူတွင် ရေမကြာခဏ အလွှမ်းခံနေရသော မြေအကျယ်အ၀န်း ၃၂၀၀ ဟက်တာရှိခဲ့ရာမှ ယခုအခါ ရေအလွှမ်းခံရသည့် မြေအကျယ်သည် ၃၅ ဟက်တာသာ ကျန်တော့သည်။ ဆယ်စုနှစ်လေးခုအတွင်း ရေလွှမ်းဧရိယာကို ၉၉ ရာခိုင်နှုန်းမျှ လျှော့ချလိုက်နိုင်သည်။ ရန်ကုန်တွင်မူ ယင်းကာလအတွင်း၌ ရေကြီးသည့်ဧရိယာ အဆပေါင်းများစွာ တိုးတက်လာခဲ့ခြင်းသည် မြို့နှစ်မြို့အကြား အလွန်သိသာသော ကွာဟချက်ဖြစ်သည်။
ရန်ကုန်နှင့် စင်ကာပူအကြား အခြားကွာဟချက်တစ်ခုကို သောက်သုံးရေပေးဝေသည့် ကဏ္ဍတွင် မြင်နိုင်သည်။ ရန်ကုန်အပါအ၀င် ကမ္ဘာ့မြို့ကြီး အတော်များများတွင် ရွာကျလာသော မိုးရေများသည် ရေထုတ်မြောင်းနှင့် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်ထဲသို့ စီးဝင်ကာ လူတို့ မသုံးလိုက်ရဘဲ အလဟဿ ဖြစ်သွားသည်။ စင်ကာပူတွင်မူ “မိုးရေလှောင်ကန်” များ၊ ကွန်ကရစ်ကန်များ မှ အဆင့်ဆင့် သန့်စင်ပြီးစီးလာသော ရေအများစုသည် ရေထုတ်မြောင်း၊ တူးမြောင်း၊ ပိုက်လိုင်းများမှတစ်ဆင့် စင်ကာပူကို ရေပေးဝေနေသော ကန်ကြီး ၁၇ ကန်သို့ စီးဝင်သည်။ စင်ကာပူမြေပြင်ဧရိယာ စုစုပေါင်း၏ ၆၇ ရာခိုင်နှုန်းပေါ် ရွာကျလာသော မိုးရေများကို အထက်ပါစနစ်ဖြင့် ခံယူစုဆောင်းကာ ထပ်မံသန့်စင်ပြီး ရေပေးဝေလျက်ရှိသည်။ ၂၀၆၀ ခုနှစ်တွင် နိုင်ငံအကျယ်အ၀န်း၏ ၉၀ ရာခိုင်နှုန်းကို မိုးရေခံမျက်နှာပြင်အဖြစ် ပြောင်းလဲကာ ရေပေးဝေရန် ရည်ရွယ်ထားသည်။
စင်ကာပူ၏ ရေအရင်းအမြစ်ကဏ္ဍတွင် မိုးရေအပြင် မလေးရှားမှ ၀ယ်သောရေ၊ ပင်လယ်ရေမှ ချက်လုပ်သော ရေချိုနှင့် မိလ္လာရေဆိုးမှ သန့်စင်သောရေဟူ၍ လေးမျိုးရှိသည်။ စင်ကာပူ၏ ဖခင်ကြီး လီကွမ်ယု အပါအ၀င် အုပ်ချုပ်သူတို့၏ အမြော်အမြင်ဖြင့် တတ်ကျွမ်းနားလည်သော ပညာရှင်တို့ကို နေရာပေး အသုံးချကာ အရင်းအမြစ်တစ်မျိုးမှ ရေအရနည်းသောအခါ ကျန်အရင်းအမြစ်များမှလှည့်၍ ပေးနိုင်ရန် ငွေအမြောက်အမြား အကုန်အကျခံ စီမံထားသည်။ မကြာမီက မိုးရက်ရှည်ပြတ်နေခဲ့၍ ရေလှောင်ကန်များတွင် ရေနည်းလာနေသည်ကို ပင်လယ်ရေမှ ချက်လုပ်သော ရေချိုအပြင် သန့်စင်ပြီး မိလ္လာရည်လီတာပေါင်း သန်း ၁၀၀ ခန့်ကို ရေကန်များအတွင်း ဖြည့်တင်းပေးခြင်းဖြင့် ဖြေရှင်းခဲ့သည်။ စင်ကာပူတွင် ရေဆိုးရွားစွာ ပြတ်လပ်မည်ကို စိုးရိမ်စရာ မရှိလှပေ။
ရန်ကုန်တွင်မူ မြေအောက်ရေ ထုတ်ယူခြင်းကို လျှော့ချရန်ရာထားပြီး ယခုအချိန်အထိ ငမိုးရိပ်၊ ဖူးကြီးစသည့် ရေကန်ကြီးများမှရသော မြေပေါ်ရေတစ်မျိုးတည်းကိုသာ အဓိကသုံးစွဲနေသဖြင့် ကာလကြာမိုးခေါင်မှုနှင့် ကြုံရလျှင် ရန်ကုန်သားတို့ ရေဒုက္ခကိုဆိုးရွား စွာခံစားကြရနိုင်သည်။ ဤသည်မှာလည်း စင်ကာပူနှင့် ရန်ကုန် ကွာခြားချက်တစ်ခု ဖြစ်သည်။
စင်ကာပူနိုင်ငံသားတို့သည် မြောင်းထဲမှ ရေများရေလှောင်ကန်ကြီးများထဲ စီးဝင်ကာ သောက်သုံးရေအဖြစ် ပြန်လည်သုံးစွဲရမည်ကိုသိ၍ ရေမြောင်းများထဲ အမှိုက်နှင့် အညစ်အကြေး အလွယ်တကူ မ၀င်စေရန် ဂရုစိုက်သည်။ ငွေကြေးများစွာကုန်ပြီးမှ ရေကြည်တစ်ပေါက် ဖြစ်လာမှန်း နားလည်ကြ၍ သောက်သုံးရေများကို ချွေတာစွာ သုံးစွဲသည်။ အခြားနိုင်ငံ အားလုံးလိုလို၌ ၀င်ငွေကောင်း၍ လူနေမှု အဆင့်မြင့်လာလျှင် ရေသုံးစွဲမှု အချိုးကျလိုက်၍ တက်လာသော်လည်း စင်ကာပူတွင်မူ ၂၀၀၃ ခုနှစ်က လူတစ်ဦး တစ်ရက်လျှင် ရေ ၁၆၅ လီတာသုံးခဲ့ရာမှ ယခု ၁၅၁ လီတာသာ သုံးတော့ခြင်းက စင်ကာပူသားတို့၏ ရေကိုတန်ဖိုးထား ချွေတာတတ်မှုကို ဖော်ပြနေသည်။
ရန်ကုန်အပါအ၀င် မြန်မာနိုင်ငံတွင်မူ ရေ၏တန်ဖိုးကို အမှုမဲ့ဖြစ်နေသည်ကများသည်။ ဘီယာတစ်ခွက်မျှ ဖိတ်စဉ်သွားသည်ကို နှမြောတတ်သူ အချို့သည် ရေပိုက်ခေါင်းမှ ရေများမသုံးမစွဲဘဲ အချိန်ကြာ ဖွင့်ထားသည်ကို အတိုင်းသား ကြည့်နေနိုင်ကြသည်။ ဤသည်မှာ စင်ကာပူနှင့်ရန်ကုန် ကွာခြားချက် နောက်တစ်ခုဖြစ်သည်။
ပညာပြည့်ဝ နှလုံးလှသော အုပ်ချုပ်သူတို့၏ လုပ်ရည်ကိုင်ရည်၊ တတ်သိကျွမ်းကျင် ပညာရှင်တို့ကို နေရာပေး အသုံးပြုမှု၊ ပြည်သူအများ၏ တက်ကြွစွာ ပူးပေါင်းလုပ်ကိုင်မှု တို့ကြောင့် စင်ကာပူသည် ရေဘက်ဆိုင်ရာကဏ္ဍ အပါအ၀င် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးစသည့် နေရာများစွာ၌ အောင်မြင်မှု ရနေခြင်း ဖြစ်သည်။

Writer : ကျော်ဦး
ပုဂံခေတ် ဘုရားကျွန်
“ကျွန်”ဆိုတာ ပုဂံခေတ်က “ကျာန်”ဆို တဲ့ ဝေါဟာရက ဆင်းသက်လာတာပါ။ နျှိမ်ချသုံးနှုန်းတဲ့ သဘောမျိုးမဟုတ်ဘဲ အမှုထမ်းခြင်း၊ အလုပ်အကျွေးပြုခြင်းဆိုတဲ့ သဘောမျိုးပါ။ ကျွန်တော်၊ ကျွန်မ ၊ ကျွန်ုပ်စတာတွေဟာ “ကျွန်”ဆိုတဲ့ ဝေါဟာရကနေဖြစ်တည်လာတယ်လို့ ပညာရှင်တွေ သုံးသပ်ခဲ့တာရှိပါတယ်။
ပုဂံခေတ်မှာ ကျွန်အမျိုးအစား အမျိုးမျိုး ရှိပါတယ်။
- တရားဆောင်ဆို၍ရသော ကျွန် (တရားရှုံး၍ခံရသော ကျွန်)
- ငွေနှင့်ဝယ်သောကျွန်
- ကျွန်ကမွေးဖွားသောကျွန်
- မိလာ ဖလာ အိမ်ပေါက် အစဉ်ကျွန်
- သုံ့ကျွန်
- ဖမ်းရကျွန်
- လက်ရကျွန်
- လက်ဆောင်ရကျွန်
- ထင်းမင်းကျွေးခနှင့်ရသောကျွန်
- ပေါင်သေကျွန်
- ပေါင်ရှင်ကျွန်
- ပေါင်သွင်းကျွန်
- ကျွန်မြဲ (ကျွန်အဖြစ်မှ လွတ်ပါသော်လည်း ထွက်ခွာမသွားတဲ့ ကျွန်)
- ကျွန်ပြန်(ကျွန်အဖြစ်မှ လွတ်ပါလျက် ပြန်လာသော ကျွန်)
- ကျွန်ဆက်(သခင်ရင်းက ကျွန်အဖြစ်မှ လွှတ်ပါလျက် သခင်ရဲ့သားသမီးထံ ကျွန် ပြန်ခံသောကျွန်)

ပုဂံခေတ်မှာ
ကျွန်အမျိးမျိုးရှိပေမယ့် ယေဘုယျအားဖြင့်တော့ နှစ်မျိုးနှစ်စားရှိတာ
တွေ့ရပါတယ်။ အဲ့ဒါက-
- လောကီကျွန်နဲ့
- လောကုတ္တရာကျွန်ပါ။
လောကုတ္တရာကျွန်ကို “ကျွန်သီးတော်” လို့ ခေါ်ပါတယ်။ ကျွန်သီးတော်မှာ သုံးမျိုး သုံးစား ရှိပါတယ်။
- ဘုရားကျွန်
- ပိဋကတ်ကျွန် နဲ့
- ကျောင်းကျွန် ပါ။
ပုဂံခေတ်ကဘုရားတွေ၊ ကျောင်းတွေ ဆောက်လုပ်လှူဒါန်းခဲ့ကြတယ်။လှူတဲ့အခါ ဘုရားမှာ၊ ကျောင်းမှာ ဝေယျာဝစ္စလုပ်ဖို့၊ ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူဖို့၊ တူရိယာတွေ နဲ့ တီးမှုတ်ပူဇော်ဖို့၊ ဘုရားကျောင်းတွေ ရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားနိုင်ဖို့ ဘုရားကျွန်၊ ကျောင်းကျွန်ဆိုတာတွေ ထားရှိ လှူဒါန်းခဲ့ကြတယ်။ ဘုရားတွေ၊ ကျောင်းတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့အခါမှာလည်း လိုအပ်တာသုံးစွဲနိုင်ဖို့ ထန်းတောတွေ၊ လယ်ပယ်တွေပါ အမြော်အမြင်ကြီးစွာနဲ့ လှူဒါန်းခဲ့ကြတာပါ။
ပုဂံခေတ်ဆိုတာ နှစ်ပေါင်း ၉၀၀၊ ၁၀၀၀ ရှိခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀၀၊ ၁၀၀၀ က အင်မတန်မှ မွန်မြတ်သန့်စင်တဲ့ လူတန်းစားတစ်ရပ်၊ မင်းစိုးရာဇာတွေကိုယ်တိုင် ရမက်ကျွန်၊ တဏှာကျွန်ဘ၀က လွန်မြောက်ချင်လို့ ထီးနန်း၊ စည်းစိမ်၊ ရာထူး၊ အာဏာတွေစွန့်ပြီး မွန်မြတ်သန့်စင်တဲ့ ဘုရားကျွန်ဘ၀ကို ခံယူဆောက်တည်သွားခဲ့တဲ့ လူတန်းစားတစ်ရပ်။ စာပေ၊ ကျန်းဂန်တွေ ခိုင်ခိုင်လုံလုံ ရှိခဲ့တဲ့ ကြီးကျယ်မြင့်မြတ်တဲ့ လူတန်းစားတစ်ရပ် ဖြစ်ပါတယ်။
“သံထုံမနုဟာမင်းကိုလည်း သားမယား အခြွေအရံနှင့်တကွ ကောင်းမှုတော် ရွှေစည်းခုံဘုရားမှာ လှူတော်မူ၍ အကြီးပြုရ၏” ဆိုပြီး မဟာရာဇ၀င်ကြီးထဲမှာ ဘုရင်အနော်ရထာဟာ မနုဟာမင်းရဲ့လက်တော်ကို ကိုင်ပြီး ရွှေစည်းခုံဘုရားမှာ လှူဒါန်းခဲ့တယ်လို့ဆိုတော့ အနော်ရထာလို အမြော်အမြင်ကြီးမားတဲ့ မင်းတစ်ပါးက အခြား ထီးဆောင်းမင်းတစ်ပါးကို ဘုရားကျွန်အဖြစ် လှူဒါန်းခဲ့မှုဟာ ဖိနှိပ်၊ နှိမ်ချတဲ့သဘောမျိုးမဟုတ်ဘဲ ချီးမြှင့် မြှောက်စား၊ အရာထားတဲ့ သဘောမျိုးသာ ဖြစ်မယ်လို့ ယူဆရပါတယ်။
ဘုရားကျွန်၊ ပိဋကတ်ကျွန်၊ ကျောင်းကျွန်ဆိုပြီးရှိရာမှာ ဘုရားကျွန်ဟာ အမြင့်မြတ်ဆုံးလို့ ပုဂံခေတ်က ယူဆခဲ့ပါတယ်။“ဘုရားကျွန်ဖြစ်ရခြင်း အကြောင်းအမျိုးမျိုးရှိရာ၌ ဘုရားကျွန် နှင့် လူရိုးရိုးအိမ်ထောင်ပြုသဖြင့် ဘုရားကျွန်ဖြစ်ရခြင်း၊ ၎င်းတို့မှ ပေါက်ဖွားသူလည်း ဘုရားကျွန်ဖြစ်ရခြင်း၊ ဘုရားကျွန်အချင်းချင်း ပေါင်းသင်းရရှိသော သားသမီးတို့ မိလိုက်ဘပါ ဘုရားကျွန်ဖြစ်ရခြင်းများလည်း ပါဝင်သည်။

ဒုတိယ အမြင့်မြတ်ဆုံးကတော့
ပိဋကတ်ကျွန်ပါ။ ပိဋကတ်ကျွန်ဆိုတာက စာတတ် (စတတ်)၊ ဂဏန်းသင်္ချာတတ်(ကနန်တတ်)
ကျွန်တစ်နည်းအားဖြင့် ပိဋကတ်စာပေကူးယူဖို့၊ သင်ကြားတတ်မြောက်ဖို့တာဝန်ယူ
ဆောင်ရွက်ရတဲ့ကျွန် ကိုခေါ်ပါတယ်။ ကျောင်းကျွန်က ဘုန်းတော်ကြီးကျောင်းတွေမှာ
ဝေယျာဝစ္စ လုပ်ဖို့၊ ရေခပ်၊ တံမြက်လှည်းလုပ်ဖို့ တာဝန်အပ်နှင်းခံရတဲ့
ကျွန်ပါ။ သူကတော့ တတိယမြောက် အမြင့်မြတ်ဆုံး ကျွန်လို့ ဆိုပါတယ်။
ပြီးတော့ ပုဂံခေတ် ကျောက်စာတွေကို လေ့လာရင် အလှူရှင်တွေဟာ သူတို့ရဲ့ အလှူမှတ်တမ်းတွေမှာ ကျွန်ဘယ်ရွေ့ဘယ်မျှကို လယ်ပယ်ဘယ်လောက်နဲ့အတူ လှူဒါန်းခဲ့တယ်လို့သာ ပါရှိပြီး၊ ဆုတောင်းစာ၊ ကျိန်စာတွေမှာ ကျွန်တွေကို ဆွေစဉ်မျိုးဆက်၊ ကမ္ဘာတည်သရွေ့ သူ့ရဲ့ကောင်းမှုဘုရား၊ ကျောင်း၊ ကန်ကို စောင့်ရှောက်ဖို့ ပျက်ကွက်ပါက ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေ ဆုတောင်းတာမျိုး မတွေ့ရဘူး။ သူ့ကောင်းမှုကို ဖျက်ဆီးသူကိုပဲ “ညောင်ဦးမှသည် သီရိပစ္စယာတိုင် မြေပုံလုံးမျှရှိသော ဘုရားအဆူဆူချွတ် မကျွတ်မလွတ်တဲ့ ငရဲငုတ်တို ဖြစ်ပါစေ” တို့၊ ဘာဖြစ်ပါစေတို့ကိုပဲ ရေးထိုးခဲ့တာ တွေ့ရတယ်။ လှူဒါန်းခဲ့တဲ့ ကျွန်တာဝန် မကျေက၊ ပျက်ကွက်ပါက ဘာဖြစ်ပါစေ၊ ညာဖြစ်ပါစေ ဆုတောင်းတာမျိုး မတွေ့ရဘူး။ သူတို့ကိုယ်စား ဘုရားမှာ ၀တ်ပြုဆုတောင်းမှုတွေ ဆောင်ရွက်မယ့်၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီးစတဲ့ ဝေယျာဝစ္စတွေကို ဆောင်ရွက်မယ့် ဘုရားကျွန်တွေကို ဘေးမသီ ရန်မခဖို့ ဆန္ဒပြု ရေးထိုးခဲ့တဲ့ ကျောက်စာတွေသာ ရှိသတဲ့။
စာကိုး-
- သတင်းစာဆရာကြီး ဦးသိမ်းမောင်၏ ပုဂံ ခေတ်ယဉ်ကျေးမှု၊
- ဆရာကြီးလှသမိန်၏ ပုဂံခေတ်မြင်ကွင်း ကျယ်။

Writer : ကိုနော် (ပုဂံ)
Saturday, 16 July 2016
လူတစ်ယောက်၏ ပင်ကိုယ် စရိုက်တွက်နည်း
လူတစ်ဦးဆီမှာ ပင်ကိုယ် `ဇ´ လေးတွေ ပါလာတတ် ပါတယ် ။
(0) လောဘကြီးသူ
(1) ဒေါသကြီးသူ
(2)
မောဟစိတ်လွန်ကဲသူ
(3) မေတ္တာစိတ်ရှိသူ
(4)ဂရုဏာစိတ်များသူ
(5) မုဒိတာတရားလက်
ကိုင်ထားသူ
(6)ဥပေက္ခာသမား ဆိုပြီး
(7)မျိုး ခွဲခြာထားပါတယ် .......။
တွက်နည်းကတော့ လွယ်ပါ တယ် ကိုယ်ရဲ့ မွေးသက္ကရာဇ်ရယ် ၊မွေးနံကို
ဂဏန်းပြောင်းပြီး ပေါင်းပါ။ ရတဲ့ အဖြေ (7) နဲ့ စားရပါ မယ် ထွက်လာတဲ့
အဖြေကတော့ ကိုယ့်ရဲ ပင်ကိုယ် စရိုက်ပေါ့ ။ဥပမာ - သင့် မွေးသက္ကရာဇ်က 1353 ခု
သောကြာသားဆိုရင် 6 ပေါ့။ 1353+6=1359 1359÷7=1 ကြွင်းပေါ့ မြန်မာမွေးနှစ်
မသိတဲ့လူတွေ အတွက်တော့ အဲဒီထဲမှာ
အင်္ဂလိပ်ခုနှစ် က မြန်မာ ခုနှစ်ပြောင်းပြီး ကြည့်နိုင် ပါတယ်။ ကဲ
.....အောက်မှာ ကိုယ့်ရဲ့ စရိုက်လေးကို ကြည့်ကြတာပေါ့ ....
အကြွင်း (0) လောဘ။
သူကတော့ လိုချင်စိတ်များတယ် ။ရတာနဲ့
မတင်းတိမ်ဘူး ။ရောင့်၇ဲတဲ့ စိတ်မရှိဘူး ။ရောက်တဲ့ နေရာမှာ မပျော်ဘူး
ဒီထက်သာယာတဲ့ဘ၀ကို လိုလားတဲ့ သူ။ တစ်ခုမပြီးခင် နောက်တစ်ခုလုပ်ချင်တယ်
ဘယ်အရာမဆို လက်ဝါးကြီး အုပ်ချင်တယ် ။ ဘယ်တော့မှလည်း နောက်လိုက်မလုပ်ချင်ဘူး
။ ကိုယ်ရယူပိုင်ဆိုင်ဖို့ဆိုရင် ဘယ်အရာကိုမှ မထောက်ထားဘူး မှားသည်မှန်သည်
မခွဲခြားဘူး ဘယ်နည်းနဲ့ မဆို ရအာင်ယူမှ ကျေနပ်တဲ့ သူ။ လိုချင်စိတ်များတော့
ဘာမဆိုလုပ်ရမှာ ၀န်မလေးသူပေါ့။ ချမ်းသာလိုတယ် ကြွယ်ဝလိုတယ်
ချမ်းသာချင်ကိုလဲ ရမဲ့ သူ။ ဒါပေမဲ့ မှားလား မှန်လား တရားဝင်လား တရားမ၀င်လား
တွေးမှာ မဟုတ်တဲ့အတွက် ဒုက္ခတော့ တွေ့နိုင်တာပေါ့ ။ ဘယ်လိုပဲ ဖြစ်ပါစေ
သူကဘ၀ကို ရည်မှန်းချက်ကြီးကြီးနဲ့ ဖြတ်သန်းမည့်သူပါ။ သူတစ်ပါးမှာရှိတာထက်
လိုချင်စိတ်မြင့်မားနေတော့ လူတော်တွေ ဖြစ်တတ်ပါတယ် ။ လိုချင်တဲ့
စိတ်ကလေးကို စနစ်တကျ အသုံးပြုသွာမယ်ဆိုရင် ဒိတ်ဒိတ် လူသားဘ၀ကို
ပိုင်ဆိုင်ရမှာ အမှန်ပါ။
အကြွင်း (1) ဒေါသ။
စိတ်ကြီးတယ် မဟုတ်မခံစိတ်များတယ် မတော်မတရား
လုပ်တာတွေ့ရင် ကိုယ့်ကိစ္စမဟုတ်လဲ ၀င်ပါဖို့ ၀င်ပြောဖို့ ၀န်မလေးတဲ့သူ
ဘေးကနေ အလိုလို ဒေါသထွက်နေတတ်တယ် ။ စိတ်တိုဒေါသထွက်ရင်လဲ ဘာမဆို
လုပ်ပစ်ပြောပစ်လိုက်မှ ကျေနပ်တဲ့သူပေါ့ ။ စိတ်ကသာကြီးပါတယ်
သူ့နှလုံးသားကတော့ ဖြူစင်လွန်းပါတယ် ။ ဘယ်တော့မှလဲ ကိုယ့်ဘက်ကစပြီး
ရန်မလုပ်ဘူး သန့်သန့်လေးပြောတတ်ဆိုတတ်တယ် ။ လာစော်ကားပြီး လာငြိပြီ
ဆိုရင်တော့ စိန်ခေါ်ရင် တိမ်ပေါ် အထိ လိုက်မဲ့သူပဲ ။ ပင်ကိုစိတ်ရင်းကောင်းတယ်
။ သူတစ်ပါးကို ပေးရမှာ ကျွေးရမှာ ထိပ်ဆုံးကပေါ့ ။ဒါပေမဲ့ စိတ်မြန် ဒေါသ
ထွက်လွယ်တာကြောင့် အန္တရာယ် အမြဲ ရင်ဆိုင်ရတတ်တယ်။ စိတ်မြန်ပုံကတော့
ဖိနပ်စီးရတာ ခက်နေရင်တောင် ဖိနပ်ကိုကန်ထုတ် ရန်လုပ်ပြီး ဖိနပ်မပါပဲ
လျှောက်သွာတတ်တဲ့ သူမျိုး။ ကိုယ်ကို လာစော်ကားလာရင်လဲ ဘယ်တော့မှ
ခွင့်မလွှတ်ဘူး။ ဖြစ်ခဲ့တာကို စဉ်းစားပြီး စိတ်ထဲမှာ တစ်နုံ့နုံ့နဲ့
တွေးပြီး ကြိတ်မနိုင်ခဲမရ ဒေါပွနေတတ်တယ် ။ အဲဒီစိတ်ကလေးကို ထိန်းနိုင်တဲ့
နေ့ရောက်ရင် ချမ်းသာကြီးပွားတဲ့ လမ်းပေါ်ကို စရောက်တဲ့နေ့ပါပဲ ။
ဘယ်သို့ဆိုစေ ``လူဖြောင့်စိတ်တို´´ဆိုတဲ့ စကားအတိုင်း အလွန်ရိုးဖြောင့်တဲ့
သူတစ်ယောက်ပါ ။
အကြွင်း (2)မောဟ။
သိပ်တွေဝေတတ်တယ် ဘယ်အရာမဆို ဆုံးဖြတ်ချက်ကို
ပိုင်ပိုင်နိုင် မချနိုင်ဘူး ။အရာရာကို မေ့လျှော့နေတတ်တယ် ။ တစ်ခါတစ်လေး
ငေါင်တောင်တောင်နဲ့ ငေးမောနေတတ်တာတောင်တွေ့ရတတ်ပါတယ် ။
သီးသန့်နေလို့စိတ်ပြင်းတယ် ။ပြသနာတစ်ခု တစ်ယောက်ထဲ မဖြေရှင်းနိုင်ဘူး
မြွေမသေ ဒုတ်မကျိုး လုပ်တတ်တယ် ။ အလွန်တော်တဲ့ ဖြန်ဖြေရေး သမာလေး။
ကြားဝင်ဖြေရှင်း ရမယ်ဆိုရင် နှစ်ဖက်နှခွ မြင်တဲ့သူ။ အပြောအေးအေးလေးနဲ့
ကျလောက်အောင် ပြောတတ်တဲ့သူ။ သူ့၇ဲ့ ရိုးပုံအေးပုံကြောင့် လူတိုင်းက
ခင်ကြတယ် ။ သူကတော့ ရောက်တဲ့နေရမှာ ပျော်အောင်နေမယ် ။ ပြသနာတွေ့ရင်တောင်
ဒါတွေကို မေ့လျှော့ပြီး ကိုယ်လုပ်ချင်တာ လုပ်နေမဲ့ သူပဲ ။ဒါ့ကြောင်ဘာကိုမှ
လေးလေးနက်နက် မရှိဘူးလို့ အထင်ခံရတတ်တယ် ။ စကားသာ ကျလောက်အောင်ပြောတာ
တစ်ခါတစ်လေ ရှေ့နောက်မညီ ပြောပြီးတာတွေ မေ့တတ်ပြန်တယ် ။စိတ်ဓာတ်တတ်လွယ်
ကျလွယ်တယ် ။ အရာရာ မပြတ်မသား နှောင့်နှေးလွန်းတော့ ဘ၀အခွင့်အရေး တွေ မကြာခဏ
လက်တစ်လုံးကြား ဆုံးရှုံးရတတ်တယ် ။ သူ့ဘ၀ကို နိုင်နိုင်နှင်းနှင်း
ပဲ့ထိန်းပေတဲ့ သူရှိမှ သူဘ၀က ဟန်ကျမယ် ။ နောက်ကတစ်ချိန်လုံး လိုက်ပြောနေမှ
တန်ရုံကျမှာ ။အပြောခံရလို့ စိတ်ဆိုးမှာတော့ မပူနဲ သူကဘယ်တော့မှ
မှတ်မထားလို့ပါ။
အကြွင်(3) မေတ္တာ။
သူကတော့ မေတ္တာ ရှင်ကြီးပေါ့ ။အားနာတတ်တယ်
၊ယုံစားလွယ်တယ် ၊သူတစ်ပါးအပေါ် ခွင့်လွတ်နားလည်စိတ်ရှိတယ် ။
သည်းခံစိတ်ရှိတဲံ့နေရမှာ နှစ်ယောက်မရှိဘူး အောချရလောက်တဲ့  အထိပေါ့။
အရာရာကို ရင်ဆိုင်ရဲတယ်။လူသားအားလုံးအေ ပ်ါလေးလေး စားစား ဆက်ဆံတတ်တယ်
။ကိုယ့်ကိုယ်ကို အမြဲ နှိမ့်ချနေတတ်တယ် ။သူအနေနဲ့ ရိုးပေမဲ့
သွားအထင်မသေးပါနဲ့ သူ့မှာချစ်တဲ ခင်တဲသူတွေ အလွန်ပေါတဲသူပါ ။လမ်းလေဂျပိုး
လူမိုက်ကအစ လုပ်ငန်းရှင်ကြီး အထိ သူ့ကိုခင်ကြတယ် ။ အရေးအကြောင်းဆို
ကူညီဖို့အသင့်ပဲ ။မြင့်မြတ်တဲံ့ စိတ်သဘောထား အပေါ် လူတိုင်းက နေရာပေး
ဆက်ဆံကြတယ် ။ရန်သူအပေါ်မှာတောင်မေတ္တာထား တော့ ဘေးလူတွေနာမလည် အားမလိုအား မရ
ဖြစ်တတ်ကြတယ်။ဒါပေမဲ့ ရန်သူကိုမေတ္တာနဲ့  အဆုံးမှာ စည်းရုံးနိုင်တဲ့ သူပါ
။စိတ်သဘောထား ကြီးတယ် မဟုတ်တာ မလုပ်တဲ့သူ။ ဘယ်သူ့ကိုမဆို
တန်ဖို့းထားဆက်ဆံတတ်တယ်။အပြောသမားမဟုတ်ဘူး လက်တွေ့ဆန်တယ်
။အေးအေးချမ်းချမ်းနေချင်တဲ့သူ။ အချစ်မေတ္တာ အပေါ် အလေးအနက်ထားတယ် ။ အခက်အခဲ
ကိုရင်ဆိုင်ရရင်တောင် မေတ္တာ ရှေ့ထားပြီး အောင်မြင်မှုကို ရယူတဲ့သူ ပါ ။
အားလုံးသိပါတယ် အောင်ခြင်(8)ပါးကို မြတ်စွာဘုရားက မေတ္တာနဲ့
အောင်မြင်ခဲ့တာကိုလေ။
အကြွင်း(4)ဂရုဏာ
ရင်တဲမှာစာနာတတ်တယ် ၊ ခံစားတတ်တယ်၊
ကြင်နာတဲ့စိတ်အပြည့်ရှိနေတယ် ။ သိပ်ကို ကိုယ်ချင်းစာတတ်တယ်။
ချစ်သူခင်သူဖြစ်စေ သတ္တ၀ါတွေကိုဖြစ်စေ ``သနားပါတယ်နော်´´ ဆိုပြီး
စာနာစိတ်နဲ့ အမြဲ ကူညီလို့စိတ်ရှိတယ် ။သနားအောင်ပြောရင်
ဘယ်လောက်စိတ်ဆိုးနေပါစေ ခွင့်လွှတ်တယ် ။ ဂရုဏာသမားမို့ ရန်သူကိုတောင်
သနားတတ်တဲသူ ။စိတ်ဆိုးလဲ ခဏပဲ ။ရန်သူကို သူ့ခမျာ ငါ့ကိုတစ်ချိန်လုံး
ရန်လိုနေတာ သနားပါတယ်တဲ့လေ။ဒါပေမဲ သူကသူတစ်ပါးအပေါ် ဂရုနာထားသလိုသူ့အပေါ်မှာ
ဂရုစိုက်မှ ကျေနပ်တတ်တဲသူ။ သူကိုဂရုမစိုက်ဘူး အလေးမထာဘူး အချစ်ပေါ့တယ်လို့
ထင်ရင် စိတ်ကောက်ပြီး ၀ုန်းတိုင်းကျဲ အရွဲ့တိုက်တတ်သူ။ ၀မ်းနည်းလွယ်တယ်
တစ်ဇွတ်ထိုးလုပ်တတ်တယ် ။ ငါကောင်းသလောက်ငါ့အပေါ်မကောင်းဘူးလို့ စိတ်ဝင်
ဝမ်းနည်းသွာပြီဆိုရင် အမြန်လေးသာ ချော့လိုက်ပါ ။လူပုံစံ စတိုင်၊ ဟန်ပန်က
အစ ပြုမူပြောဆိုပုံက မာကျစ်ကျစ် ၊ဘုခွပြော၊ မသနားတတ်တဲ့ ကြင်နာစိတ်မရှိတဲ့
သူလိုအပြင်ပန်းမှာ ပေါ်နေတယ် ။ တကယ်အတွင်းစိတ် ရင်ထဲမှာတော့ ဂရုဏာ
အပြည့်ရှိတဲသူပါ ဂရုဏာကြီးတဲ့ ဟန်ဆောင်နေတဲ့ သူနဲတော့ တခြာစီပေါ့ ။သူ့သဘော
သူ့သဘာဝ သူ့မနောကိုသိတဲ့ သူတွေကတော့ လေးလေးစားစား နဲ့ သူ့အရိပ်ကို
ခိုဝင်ကြတယ် ။ ဦးဆောင်သူ ၊ဆရာတွေ ၊ သမားတော်တွေ တော်တော်များများကတော့
ကရုဏာရှင်တွေပေါ့ ။
အကြွင်း(5)မုဒိတာ။
မုဒိတာကို လက်ကိုင်ထားနိုင်သူမျိုးကတော့
ရှားပါးလှပါတယ် ။သူကတော့ ရှားရှားပါးပါးထဲက သူတစ်ယောက်မို့ လူတစ်သောင်းမှာ
တစ်ယောက်တွေ့ခဲလှတဲ့ မုဒိတာ ပွားနိုင်တဲ့ သူတစ်ယောက်ပေါ့
။သူတစ်ပါးအောင်မြင်တာ ၊ချမ်းသာကြွယ်ဝတာ ၊
ထွန်းထွန်းပေါက်ပေါက်ဖြစ်တာ၊နာမည်ကြီးတာ ၊ငွေရတာ ၊အလုပ်တိုးတတ်တာ တွေ့ရင်
ကိုယ်ကပဲ ဒါတွေကို ခံစားနေရ သလိုလိုနဲ့ ပိတိဖြာပြီး ဘေးကနေကြည်နူးနေတတ်တဲ့
သူမျိုး ဒီကမ္ဘာမှား ရှားပါတဲသူပေါ့။ မနာလို ၀န်တိုစိတ် မရှိဘူး
အတင်းအဖျင်းမပြောတတ်ဘူး ၊မြင့်မြတ်တဲ့ စိတ်ရှိတယ် ။အရာရာ ရင်ထဲ ခံစားပြီးမှ
လုပ်တတ်ပြောတတ်တဲ့သူ ။မှန်ကန် မြင့်မြတ်
တဲ့စိတ်ကြောင့်အောင်မြင်မှုထိတ်တန်းရောက်တယ်။ ကိုယ်က သူတစ်ပါးကို
ဝေဖန်တိုက်ခိုက်တာ ၊သူတစ်ပါးကို ငယ်ကျိုး ငယ်နာ ဖော်ပြီး
ဒုက္ခပေးတာမျိုးလုံးဝမုန်းတီးတယ် ။ ကိုယ်ကလဲ မလုပ်ဘူး၊လုပ်ရပ်တွေကိုလဲ
လက်မခံဘူး ။ရှောင်ရှားတယ် ။.သူတစ်ပါး အားနည်ချက်အားသာချက်ကို ဖော်ထုတ်ပြီး
ချီကျူးပြီးကောင်းတဲ့ အပြုသဘောတွေကို အကြံပေးမှုလေးတွေကြောင့်
သူ့ကိုချစ်ခင်သူတွေပေါတယ် ။မနာလိုဝန်တိုစိတ်မရှိပဲ သူတစ်ပါးအပေါ် မျှဝေခံစား
တတ်လို့ ကြီပွားအောင်မြင်မှာ မလွဲပါဘူး ။အရာရာ အပေါ်မှာ ရင်ထဲက
လှိုက်လှိုက်လှဲလှဲ နဲ့ ဖြစ်ထွန်းစေသလို ကိုယ်တိုင်လဲ ဖြောင့်ဖြောင့်
မှနှ်မှန်နဲ့အမြဲကြိုးစားနေတဲ့ မြင့်မြတ်တဲ့နှလုံးသား ပိုင်ရှင်တစ်ဦးပါ ။
အကြွင်း(6)ဥပေက္ခာ။
အလွန်ထူးခြားတဲ့ နှလုံးသားပိုင်ရှင်ပေါ့။
ဘာသိဘာသာ အေးအေးဆေဆေးပဲ နေတတ်တယ် ။ သူုတစ်ပါးကိစ္စတွေကိုလဲ
ကိုယ်နဲ့မဆိုင်အောင် အမြဲကြိုးစာနေတတ်တယ်။ ၀င်ပြီး စွတ်ဖက်တဲ့ သဘာဝ
ကင်းတယ် ။ရန်သူကိုတောင် ဒေါသထွက်ပြီး ရင်မဆိုင်ပဲ မသိသလို့ ကိုယ့်ကို
ရန်လုပ်တာ မဟုတ်သလို့ ခပ်မဆိတ်နေတတ်တယ်။ ဥပေက္ခာပြု ကျောခိုင်းနေတတ်တယ်
တည်ကြည်တည်ငြိမ်ပြီး လူးသားအာလုံးကို
ကိုယ်စိတ်ကမှန်တယ်ထင်တာလုပ်နေကြတာပဲတဲ့ ။ ဘာဝင်စွတ်ဖက်စရာလို့လဲဆိုတဲ့ သဘော
ထားတတ်တယ် ။ ကိုယ့်ကိစ္စနဲ့ ဆိုင်တဲ့ ၀န်းကျင်အလုပ်ကို စူးစူးစိုက်စိုက်
လုပ်တတ်လို့ အောင်မြင်ကြီးပွားကြပါတယ် ။ ထူးခြားချက်က အနေအေးပြီး အရာရာ
ကိုမသိဘူးမထင်နဲ့ ။ အရာရာကို သိတယ် လေ့လာတယ် ။ ပတ်ဝန်းကျင်ကို အမြဲ
လေ့လာနေတယ် ။ဖြစ်ပေါ်လာတဲ့ အကြောင်း ဆက်တွေအပေါ် နားလည်လွန်းလို့ အရာရာကို
အပြစ်မမြင်ပဲ နေတတ်တဲ့သူ ။ အခက်အခဲတွေ ၊ ဒုက္ခတွေကို သူ့ဆီမှာ အကူညီတောင်း
ကြည့်။ ကိုယ့်ပြသနာ တစ်ခုကို သူ့ပြသနာတစ်ခုလို လှိုက်လှိုက်လှဲလှဲ
သဘောထာပြီး ကူညီမှာသေချာတယ် ။ကိုယ်နဲ့ မပတ်သက်သမျှ ၀င်မပါဘူး။ ကိုယ်နဲ
မိတ်ဆက်မပေးသမျှ မည်မျှမျက်မှန်း တန်းနေ ပါစေ ပြုံးပြနှုတ်ဆက်မှာမဟုတ်ဘူး ။
ယဉ်ကျေးတယ် သိမ်မွေ့တယ် ၊ အရေကြုံလာရင် တကယ် အားထား ရတယ် ။ အကယ်ကို
အမြင်ကြည်လင်တဲ့ သူတွေပေါ့ ။တစ်နေ့မှာသူဟာ ဘာသာ သာသနာအတွက် တန်ဖိုးရှိတဲ့
လူတစ်ယောက် ဖြစ်နိုင်သူ တွေ လို့ ရှေးပညာရှိတွေက ဆိုပါတယ် ။
Writer : စံဇာဏီဘို
Source : www.barlarlar.com
မြန်မာ့ကြိုးဆွဲရုပ်သေး
ကမ္ဘာပေါ်မှာ
ရုပ်သေးအမျိုးမျိုးပေါ်ထွန်းခဲ့ပါတယ်။ နိုင်ငံတကာမှာ သူ့နိုင်ငံနဲ့
သူ့ရုပ်သေးဆိုသလို အရုပ်လေးတွေကို စွဲလမ်းနှစ်သက်ခဲ့ကြပါတယ်။ တကယ်တော့လဲ
လူတွေကျင်လည်လှုပ်ရှားခဲ့ကြတဲ့ လူ့ဇာတ်လမ်းတွေကို အရုပ်လေးတွေက
ထင်ဟပ်ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ကြပါတယ်။ လူ့ဇာတ်လမ်းတွေကို
လူကိုယ်တိုင် သရုပ်ဆောင်ချက်ကောင်းသလို အရုပ်လေးတွေရဲ့ သရုပ်ဆောင်ချက်ကလဲ
မနိမ့်ကျခဲ့ပါဘူး။ မြန်မာ့သဘင်ပညာမှာ လူကရင် အရုပ်နဲ့တူအောင် ကရသလို
အရုပ်ကရင်လဲ လူနဲ့တူအောင်က ကြရပါတယ်။ ဒါကိုကြည့်ရင် အရုပ်လေးတွေရဲ့
ပညာအစွမ်းကမနည်းပါဘူး။
ကမ္ဘာ့ရုပ်သေးလောကမှာ ရုပ်သေး လေးမျိုးရှိတယ်လို့ အကြမ်းဖျင်းပြောလို့ရပါတယ်။
၁။ လက်လျှိုပြီး ကရတဲ့ ရုပ်သေး၂။ ကြိုးဆွဲရုပ်သေး
၃။ တုတ်ချောင်းလျှိုပြီး ကရတဲ့ရုပ်သေး
၎။ပိတ်ကားပေါ်အရုပ်ထင်အောင် နောက်မှမီးထိုးပြီးကရတဲ့အရိပ်ပြရုပ်သေးတို့ဖြစ်ပါတယ်။
မြန်မာ့ရုပ်သေးဟာ
ကြိုးဆွဲကရတဲ့ အရုပ်မျိုးဖြစ်ပါတယ်။ မြန်မာ့ရုပ်သေးမှာ အရုပ်ပေါင်း
၂၈မျိုးရှိတယ်လို့ သိရပါတယ်။ အဲဒီအရုပ်တွေကို အမျိုးအစားအလိုက် ရေ
တွက်လိုက်ရင် အောက်ပါအတိုင်း တွေ့ရပါတယ်။
၁။ ဗြဟ္မာရုပ် ၁၅။ ဘီလူးရုပ်၂။ သိကြားရုပ် ၁၆။ ဇော်ဂျီရုပ်
၃။ သမ္မာဒေဝနတ်ရုပ် ၁၇။ ကုမ္ဘာန်ရုပ်
၎။ နတ်ပျက်ရုပ် ၁၈။ ဂဠုန်ရုပ်
၅။ မျက်နှာနီရုပ် ၁၉။ နဂါးရုပ်
၆။ မင်းသားရုပ် ၂ဝ။ ကျားရုပ်
၇။ မင်းသားကြီးရုပ် ၂၁။ ဆင်ရုပ်
၈။ မင်းသမီးရုပ် ၂၂။ မြင်းရုပ်
၉။ လူပြက်ရုပ် ၂၃။ မျောက်ရုပ်
၁ဝ။ သံချိုကိုင်ရုပ် ၂၄။ အပျိုတော်ရုပ်
၁၁။ ရသေ့ရုပ် ၂၅။ ဝန်(အင်္ကျီစိမ်း)ရုပ်
၁၂။ အဘိုးကြီးရုပ် ၂၆။ ဝန်(အင်္ကျီနီ)ရုပ်
၁၃။ အဘွားကြီးရုပ် ၂၇။ ဝန်(အင်္ကျီနီဗောင်းမပါ)
၁၄။ သူငယ်တော်ရုပ် ၂၈။ ဝန်(အင်္ကျီစိမ်းဗောင်းမပါ) ဆိုပြီး အရုပ် ၂၈မျိုးတို့ဖြစ်ပါတယ်။
ရုပ်သေးရုပ်တွေကို လိုအပ်သလို အမှုမဲ့
အမှတ်မဲ့ထုလုပ်အသုံးပြုတာမဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ
ကျမ်းဂန်အလာနဲ့ညီညွတ်အောင် ထုလုပ်အသုံးပြုတာဖြစ်ပါတယ်။
ပုဂံအနော်ရထာမင်းလက်ထက်က အဘိဓမ္မာတရား တော်လာ ဥပါဒါန်ရုပ် ၂၄ပါးနဲ့ ဘူတ ရုပ် ၄ ပါးပေါင်းပြီး ရုပ်သေးရုပ် စုစုပေါင်း
၂၈ရုပ်သတ်မှတ်ထားတာလို့ဆိုပါတယ်။ ဝန်ကြီးလေးပါးကတော့ ဘူတရုပ် လေးပါးကို
ရည်ရွယ်ထုလုပ်တာလို့ဆိုပါတယ်။
ဝန်ကြီး လေးပါးဆိုတာကတော့
ပထဝီဝန် ရုပ်။ အင်္ကျီစိမ်း၊ ဘောင်းဘီစိမ်း၊ မျက်နှာဖြူ
တေဇောဝန်ရုပ်။ အင်္ကျီနီ၊ ဘောင်းဘီနီ၊ မျက်နှာနီ
ဝါယောဝန်ရုပ်။ အင်္ကျီနီ (ဗောင်း မပါ)သျှောင်ထုံး ခေါင်း ပေါင်းဖြူ၊ မျက်နှာအနီ
အာပေါဝန်ရုပ်။ အင်္ကျီစိမ်း(ဗောင်းမပါ)သျှောင်ထုံးခေါင်းပေါင်း ဖြူ တို့ဖြစ်ပါတယ်။
အရုပ်တွေကို ယမနေသားနဲ့ထုလုပ်ကြပြီး ကြိုး ၁၇ကြိုးတပ် ပါတယ်။ ဦးခေါင်းမှ
ခြေထောက်ထိ ရှစ်ကြိုး ဝဲ၊ ယာ ၁၆ကြိုး ကုပ်ကြိုးပါ ပေါင်းလိုက်ရင် အားလုံး
၁၇ကြိုးရှိပါတယ်။
၁။ ခေါင်းကြိုး ၆။ ဒူးကြိုး၂။ ပခုံးကြိုး ၇။ ဖနောင့်ကြိုး
၃။ တံတောင်ဆစ်ကြိုး ၈။ ခြေဖျားကြိုး
၎။ လက်များကြိုး ၉။ ကုပ်ကြိုး
၅။ ခါးကြိုး
ကုပ်ကြိုးမှအပ ကျန်ရှိတဲ့
ကြိုးတွေအားလုံးကို ဝဲကြိုး၊ ယာကြိုး တပ်ရတဲ့အတွက် အရုပ်တစ်ရုပ်ကို
ကြိုးပေါင်း ၁၇ကြိုး တပ်ထား တာ ဖြစ်ပါတယ်။ ရုပ်သေးစင်မှာ တီးတဲ့ဆိုင်းကိုလဲ
အဓိပ္ပာယ်ရှိရှိ ဖွဲ့စည်းထားတာ တွေ့ရပါတယ်။ သုံးဆယ့်တစ်ဘုံကို ရည်ရွယ်ပြီး
ဗုံ ၃၁လုံးရှိရပါတယ်။ အလယ်ဆိုင်းဝိုင်းထဲမှာ ဗုံ ၂၁လုံး၊
တခြားခြောက်လုံးပတ်ဝိုင်းမှာ ဗုံ ခြောက်လုံး၊ စခွန့်၊ စည်တို၊ ပတ်တော၊
ပတ်မကြီး၊ ပေါင်းရင် ဗုံ ၁ဝလုံးရှိတဲ့အတွက် ဆိုင်းဝိုင်းရော အပြင်က
ဗုံတွေအားလုံးပေါင်းရင် ဗုံ ၃၁လုံးဖြစ်ပါတယ်။ ဒါက ဘုံ ၃၁ဘုံကို
ရည်ညွှန်းတာပါ။ မြန်မာမင်းတွေလက်ထက်တော်က လူကိုယ်တိုင်ကတဲ့ ဇာတ်သဘင်ကို
အနိမ့်သဘင်လို့ခေါ်ပြီး ကြိုးဆွဲရုပ်သေး သဘင်ကို အမြင့်သဘင်လို့
ခေါ်ခဲ့ပါတယ်။ လူကတဲ့ အနိမ့်သဘင်ကတော့ မြေဝိုင်းသဘင်အဖြစ် ကပြရပါတယ်။ အမြင့်
သဘင်လို့ခေါ်တဲ့ ရုပ်သေးသဘင်ကတော့ စင်ထိုးပြီး စင်မြင့်ပေါ်မှာ ကရပါတယ်။
ရုပ်သေးသဘင်ကို ရှေးကဘယ်လိုကခဲ့ကြသလဲဆိုတာ အတိအကျမသိရပေမယ့် အင်းဝခေတ်နဲ့
ကုန်းဘောင်ခေတ် မှာတော့ တော်တော်ထွန်းကားလာတာကို တွေ့ရပါတယ်။
ကုန်းဘောင်ခေတ်မှာ လူကိုယ်တိုင်ကတဲ့ ဇာတ်တွေ ကို မြေဝိုင်းဇာတ် အဖြစ်သာ
ကကြရပြီး ရုပ်သေးသဘင်ကိုတော့ ဇာတ်စင်ထိုးကဖို့ အမိန့်တော်ထုတ်ပြန်
ချီးမြှင့်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီအချိန်ကစပြီး အနိမ့်သဘင်နဲ့
အမြင့်သဘင်ဆိုပြီး ကွဲပြားလာတာဖြစ်ပါတယ်။ ရုပ်သေးအဖွဲ့တွေကို
နန်းတော်အတွင်းမှာ ကရတဲ့စင်တော်နဲ့ အများပြည်သူတို့ကြည့်ရှုရတဲ့
စင်တော်တွေရှိပါတယ်။ ဘုရင်မင်းမြတ် နှစ်သက်လို့ကောက်ယူတဲ့ စင်တော်တွေ ဟာ
နန်းတွင်းစင်တော်ဖြစ် လာပါတယ်။ အဲဒီစင်တွေဟာ ကျိုင်းတွေ၊ သိုင်းတွေ၊
စိုက်ခွင့်ရကြပါတယ်။
သိုင်းစိုက်ထူထားတဲ့ ရုပ်သေးစင်တွေကို လာရောက်ရမ်းကားသူ မှန်သမျှကို
ရုပ်စုံဆရာက သိုင်းကိုင်ပြီး ဟန့်တားနိုင်ပါတယ်။ နာခံမှု မရှိရင်
ရိုက်နှက်နှင်ထုတ်နိုင်ပါတယ်။ တကယ်လို့ ဆက်လက်စော်ကားနေမယ်ဆိုရင်
တရားနည်းလမ်း ထုံးတမ်းတွေနဲ့ အရေးယူခံရမှာ ဖြစ်ပါတယ်။
Writer : ရွှေရိုး(မန္တလေး)
ဗုဒ္ဓဘာသာ (၅) မျိုး
မြတ်စွာဘုရားက
“နောင်အနာဂတ်မှာ ဗုဒ္ဓဘာသာ (၅)မျိုး ကွဲပြားလိမ့်မယ်” ဟု ဟောတော်
မူခဲ့ပါတယ်။ ယနေ့ခေတ်လူတွေဟာ ဘာသာအသိတရား တဖြည်းဖြည်းနဲ့ ခေါင်းပါးလာပြီ။
ဘုရားတောင် မှ ထိခြင်းငါးပါးနဲ့ ဦးချရကောင်းမှန်း မသိကြတော့ပါဘူး။
ဒီလိုအခြေအနေတွေကို ကြို၍သိလို မြတ်စွာ ဘုရားက ဟောတော် မူခဲ့ပါတယ်။
အဲ့ဒီ
ဗုဒ္ဓဘာသာ(၅) မျိုးကတော့...
(၁) ကုလဗုဒ္ဓဘာသာ
(၂) လာဘဗုဒ္ဓဘာသာ
(၃) ဘယဗုဒ္ဓဘာသာ
(၄) သဒ္ဓါဓိကဗုဒ္ဓဘာသာ
(၅) ပညာဓိကဗုဒ္ဓဘာသာ
၁ ။ ကုလဗုဒ္ဓဘာသာ
ကုလ ဗုဒ္ဓဘာသာဆိုတာ ရိုးရာဗုဒ္ဓဘာသာကို
ပြောတာပါ။ မိဘ ဗုဒ္ဓဘာသာမို့ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ မိဘက
ခရစ်ယာန်ဆိုရင် သားသမီးကလည်း ခရစ်ယာန်။ ဒါကို မိရိုးဖလာ ကုလဗုဒ္ဓဘာသာပေါ့။
မိဘက ဗုဒ္ဓဘာသာမို့သာ သားသမီးက ဗုဒ္ဓဘာသာဖြစ်လာ ရတာပါ။ ဘုရားရှင်
ဘာလို့ပွင့်မှန်းလည်း မသိ၊ ဘုရားက ဘာတရား ဟောမှန်းလည်း မသိ၊ ကိုးကွယ်နေတဲ့
မြတ်စွာဘုရား ဘာကြောင့် ကိုးကွယ်ရမှန်းလည်း မသိ။ တရားတော်ကို ဘာ ကြောင့်
ကိုးကွယ်ရမှန်း မသိ၊ ဘုရားကို ဦးချတာ ဘာရည်ရွယ်ချက်နဲ့ ဦးချမှန်း မသိ၊ ဘာ
ကြောင့် ဒီလောက်ရိုရိုသေသေနဲ့ အလေးပြုနေမှန်းကို မသိတာ။ လုပ်တော့
လုပ်နေတာပဲ။ အသိပညာ ဘာမှ မပါတာ ကုလ ဗုဒ္ဓဘာသာပါ။
၂ ။ လာဘဗုဒ္ဓဘာသာ
လာဘ ဗုဒ္ဓဘာသာဆိုတာ လာဘ်လာဘလိုလို့
ကိုးကွယ်တဲ့ ဗုဒ္ဓဘာာသာမျိုးကို ဆိုလိုတာပါ။ ဒီဘဝ စီးပွားရေးလေးများ
တက်မလားဆိုပြီးမှ ဘုရားကိုးကွယ်တာမှာ ရွေးပြီးကိုးကွယ်တယ်။ ဒီဘုရားကို
ကိုးကွယ်ရင်တော့ လာဘ်လာဘ ပေါများတယ်၊ ဟိုဘုရား ကိုးကွယ်ရင်တော့ဖြင့်
စီးပွားရေး တက်တယ်ဆိုပြီး ရွေးကိုးကွယ်တာ လာဘ ဗုဒ္ဓဘာသာပါ။
ဘုရားကိုးကွယ်မှသာ လာဘ်ပေါများမယ်ဆိုရင် ဘုရားမကိုးကွယ်တဲ့ ခရစ်ယာန်တွေ
ဘာလို့ လာဘ်ရွှင်နေလဲ။အဓိကက စီးပွားဖြစ်နေတယ်ဆိုတာ ဘုရားကြောင့် မဟုတ်ပါဘူး။
ကံ၊ ဉာဏ်၊ ဝိရိယ၊ သတ္တိ ကြောင့်ပါ။ အိမ်ခြံ ဝယ်မယ်/ရောင်းမယ်။ အိမ်နေ ရာ
ပြောင်းမယ်ဆိုရင်တောင်မှ ရက်ရာဇာ၊ ပြဿဒါး ရွေးနေတာတွေ။
ဘုရားကျောင်းဆောင်ပေါ်မှာ ဘိုးတော်၊ ဘွားတော်ပုံတွေကို တင် ထားတာတွေ။
ကိုကြီးကျော်၊ မနှဲလေး အစရှိတဲ့ နတ်တွေ ကိုးကွယ်တာတွေ။ ဗေဒင်တွေ ယုံ
ကြည်ပြီး ယတြာတွေ ချေလိုက်ကြ စသည့် လာဘ်လာဘများ လိုချင်လို့
ကိုးကွယ်နေကြတဲ့ ဗုဒ္ဓဘာသာများကို လာဘဗုဒ္ဓဘာသာလို့ ခေါ်ပါတယ်။
၃ ။ ဘယဗုဒ္ဓဘာသာ
ဘယ ဗုဒ္ဓဘာသာဆိုတာ ဘေးကိုကြောက်လို့
ကိုးကွယ်တာကို ခေါ်ပါတယ်။ အန္တရာယ်ကင်း ဖို့၊ ဘေးရှင်းဖို့၊ အသက်ရှည်ဖို့၊
ကျန်းမာဖို့၊ ဒီလိုအတွေးအခေါ်တွေနဲ့ ဘုရားကိုးကွယ်တာကို ဘယ ဗုဒ္ဓဘာသာဟု
ခေါ်ပါသည်။ ဒီဘုရားကို ကိုးကွယ်မှ အသက်ရှည်မည်သာဆိုရင် ဘုရား မကိုးကွယ်တဲ့
ခရစ်ယာန်၊ အစ္စလာမ်တွေ အသက်ရာကျော် ရှည်နေကြတာ ဘာလို့ပါလဲ။ဘာမှမသိဘဲ
ရမ်းကိုးကွယ်တာ ကုလ ဗုဒဘာသာ၊ လာဘ်လာဘ လိုချင်လို့ ကိုးကွယ်တာကို လာဘ
ဗုဒ္ဓဘာသာ။ ဘေးကြောက်ပြီး အကိုးအကွယ် မှားနေတာ ဘယ ဗုဒ္ဓဘာသာ။ ဒီ ကုလ၊ လာဘ၊ ဘယ
ဗုဒ္ဓဘာသာ (၃)မျိုးကို အောက်တန်းစားဗုဒ္ဓဘာသာများဟု ခေါ်ပါသည်။ ဟိုလူ မပါ။
ဒီလူမပါ။ ဟိုလူ့ ပသပါတယ်။ ဒီလူ့ ပသပါတယ်။ လက်ညှိုးထိုး ခွက်လှန် လုပ်နေတာ
တွေကို ဘုရားက သူတောင်းစား ဗုဒ္ဓဘာသာပါတဲ့။ခန္ဓာမှာ အသိ၊ ဘာသာရေး
အသိဓာတ်ခံနည်းတော့ လိမ်စားနေတဲ့သူတွေက လိမ်လို့အရမ်း ကောင်းနေပါတယ်။
ဘုရားလည်း ကိုးကွယ်ရသေး၊ တရားလည်း ကိုးကွယ်ရသေး၊ ဆွမ်းဦးကို လည်း
လောင်းလှူရသေး၊ သာသနာတော်ကိုလည်း ပစ္စည်းလေးပါးဖြင့် လှူဒါန်းပူဇော် ဆက်
ကပ်ရသေး။ ဘာအတွက် ဒါတွေ လုပ်နေရတာလဲ? ဘာအတွက် သာသနာကို ချီးမြှောက်နေ တာလဲ?
ဘာအတွက် ကျောင်းဆောက် နေတာလဲ? စဉ်းစားပါ။ ဝေဖန်ပါ။ သုံသပ်ပါ။
၎ ။ သဒ္ဓါဓိကဗုဒ္ဓဘာသာ
သဒ္ဒါဓိကဗုဒ္ဓဘာသာဆိုတာ သဒ္ဒါတရားကို
အရင်းခံပါတယ်။ သဒ္ဒါတရားဆိုတာ ယုံကြည်ချက် ပါ။ ဘုရား၊ တရား၊ သံဃာကို
တကယ်သက်ဝင် ယုံကြည်တာကို ခေါ်ပါတယ်။ ယုံကြည်တဲ့နေ ရာမှာလည်း မှန်မှန်ကန်ကန်
ယုံကြည်တဲ့ သမ္မာသဒ္ဒါနဲ့၊ မှားမှားယွင်းယွင်း ယုံကြည်တဲ့ မိစ္ဆာ သဒ္ဒါဆိုပြီး
(၂)မျိုး ရှိပါတယ်။ သမ္မာသဒ္ဒါ မှန်မှန်ကန်ကန်ယုံကြည်ချက်ဆိုတာ သစ္စာတရားကို
သိတော်မူတဲ့ မြတ်စွာဘုရားဟာ ဝေနေယျ သတ္တဝါတွေကို သူသိသကဲ့သို့ မေတ္တာ၊ ဂရုဏာ
တော် အပြည့်နဲ့ သစ္စာလေးချက်၏ အနက်ကို ဟောကြားတော် မူခဲ့ပါသည်။
ဒီတရားတော်ရဲ့ အနက်တွေကို ပိုင်ပိုင်နိုင်နိုင် သိတော်မူသွားကြတဲ့
အရိယာသူတော်စင်ကြီးတွေဟာ နိဗ္ဗာန် ဝင်စံ သွားကြပါတယ်။ နိဗ္ဗာန်ဆိုတာ အို ၊သေ၊
နာ လွတ်ရာပါ။အသေလွတ်ရာ ပြတတ်လို့ "မြတ်စွာဘုရားအား ကိုးကွယ်ပါ၏" ဆိုတဲ့
ယုံကြည်ချက်ဟာ မှန်ကန်သော ယုံကြည်ချက်၊ တရားတော်ကို ဘာကြောင့်
ကိုးကွယ်ရသလဲ?။ မြတ်စွာဘုရား ဟောတော်မူခဲ့သော တရားတော်ကို
ကြိုစားအားထုတ်လိုက်လို့ တရားလမ်းကြောင်းအတိုင်း သာ လျှောက်သွားနိုင်ရင်
နိဗ္ဗာန်ရောက်ပါမည်။ ထိုအသေလွတ်ရာသို့ပို့ဆောင်တာ တရားက ပို့ဆောင်တာပါ။
ပုဂ္ဂိုလ်က ပို့ဆောင်တာ မဟုတ်ပါဘူး။ ထိုတရားတွေ မကွယ်မပျောက် သေး တာ
ဘယ်သူ့ကျေးဇူးပါလဲဆိုရင် သံဃာတော်တွေရဲ့ ကျေဇူးပါ။ ဘုရားရှင် ဟောတော်မူသော
ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်၊ သုတ်ဝိနည်း အဘိဓမ္မာတရားတွေကို သံဃာတော်
တွေက ဆောင်ထားတာပါ။ ပိဋကသုံးပုံကို သံဃာတော်တွေက စောင့်ရှောက် ထားခဲ့တာပါ။
သံဃာတော်ကို ယုံကြည်မှု၊ ဒါတွေက ရတနာမြတ်သုံးပါးကို မှန်မှန်ကန်ကန်နဲ့
ယုံကြည်ကြတဲ့ သမ္မာသဒ္ဒါ ယုံကြည်မှု။ မိစ္ဆာသဒ္ဒါယုံကြည်မှုက လာဘ်လာဘ ပေါတယ်။
အန္တရာယ် ကင်း တယ်ဆိုပြီး ကိုးကွယ် ယုံကြည်နေတာ မိစ္ဆာသဒ္ဒါ။လာဘ်လာဘ
ပေါတယ်ဆိုတဲ့ လာဘဗုဒ္ဓဘာသာ ယုံကြည်ချက်၊ အန္တရာယ်ကင်းအောင် ဆိုပြီး ဘယ
ဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်ချက်၊ ဗုဒ္ဓရဲ့ ဂုဏ်ကျှေဇူးကို ဘာမှနားမလည်ဘဲ သူများက
ဦးတိုက်နေလို့သာ ရမ်းဦးတိုက်ရတဲ့ ကုလဗုဒ္ဓဘာသာတွေရဲ့ ယုံကြည်မှု၊ ဒါတွေဟာ
မိစ္ဆာသဒ္ဓါ တွေပါ။ အသေလွတ်ရာလမ်းကို ပြတတ်လို့၊ အသေလွတ်ရာ
ပို့ဆောင်နိုင်ခဲ့လို့၊ အသေလွတ် ရာ တရားကိုဆောင် ထားနိုင်လို့
"ရတနာသုံးပါးကို ကိုးကွယ်ပါ၏" ဆိုတဲ့ သမ္မာသဒ္ဒါ။ အနှစ် သာရ မရှိတာကို
မရှိဘူးလို့ သိပါတယ်၊ အနှစ်သာရ ရှိတာကို ရှိတယ်လို့ သိပါတယ်၊ မှား တာကို
မှားတယ်လို့ သိတယ်၊ မှန်တာကို မှန်တယ်လို့ သိတယ်၊ သိတဲ့အပြင် အမှားလမ်းကို
ရှောင်၊ အမှန်လမ်းကို ဆောင်တာသည် သမ္မာသဒ္ဒါရှိတဲ့ သဒ္ဒါဓိက ဗုဒ္ဓဘာသာပါ။
၅ ။ ပညာဓိကဗုဒ္ဓဘာသာ
သစ္စာတရားကို သေချာသိတဲ့ ဗုဒ္ဓဘာသာကို
ပညာဓိက ဟုခေါ်သည်။ ပညာဓိက ဗုဒ္ဓဘာ သာဟာ တရားတော်ကို ယုံကြည်တယ်။ တရားတော်ကို
ဘယ်လိုယုံကြည်တာလည်းဆိုတော့ ရမ်းယုံကြည်တာမဟုတ်ဘဲ ခန္ဓာအသိနဲ့ အသေအချာသိပြီး
ယုံတယ်။ ထိုသို့သိတာကို ပညာ ဟုခေါ်ပါသည်။ သစ္စာလေးပါးကို အသေအချာ
ပညာနဲ့သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက်မှုတွေကို သိတဲ့ ဗုဒ္ဓဘာသာ၊ ဖြစ်ပျက် မြင်တာ
ခန္ဓာက မြင်တာလား? ပညာက မြင်တာလားဆိုတော့ ပညာက မြင်တာပါ။ ပညာဓိက ဗုဒ္ဓဘာသာပါ။
ဘုရားက မင်းတို့ခန္ဓာထဲမှာ ဖြစ်တာနဲ့၊ ပျက် တာပဲ ရှိတာလို့ ဟောခဲ့ပါတယ်။
ဒါကို ကိုယ်တိုင် သစ္စာတရားကို သေချာသိပြီး ကျင့်ကြံလိုက် တော့ မြင်တယ်။
ကိုယ်တိုင်မြင်တော့ ယုံကြည်လာတယ်။ ယုံကြည်တော့ သဒ္ဒါ၊ ဖြစ်ပျက်မြင် တာက ပညာ။
ထိုကြောင့် သဒ္ဒါနဲ့ပညာဟာ သွားပြီး တွဲနေ8ပါတယ်။သဒ္ဒါတရား
မှန်မှန်ကန်ကန်ဖြင့်သာ ကြိုးစားမယ်ဆိုရင် အပ္ပါယ်လေးပါးမှ လွတ်မြောက်နိုင်ပါ
၏။ ဒို့မှာ အပ္ပါယ်မျိုးစေ့တွေ၊ အပ္ပါယ်ကျကြောင်းကံတွေ လုပ်ထားတာရှိကြပါတယ်။
ဒါတွေကို ဘယ်သူမှ ဝင်တားလို့ မရပါဘူး။ သူ့ကို တားချင်ရင်၊ သူ့ကို
အကျိုးမပေးစေချင်ရင် ဘာနဲ့ ဖြတ်ရမလဲဆိုတော့ ဉာဏ်နဲ့ဖြတ်ရမယ်။
ဉာဏ်နဲ့ဖြတ်လိုက်လို့ ဖြစ်ပျက်မဂ်ဆိုက်နေတဲ့ ပုဂ္ဂိုလ် မှာ သဒ္ဒါလည်း ပါတယ်၊
ပညာလည်း ပါတယ်။ ဒါသည် သဒ္ဒါဓိကနှင့် ပညာဓိက ဗုဒ္ဓဘာသာ ဖြစ်ပါသည်။
သဒ္ဒါဓိကနှင့် ပညာဓိက ဗုဒ္ဓဘာသာဟာ အထက်တန်း ဗုဒ္ဓဘာသာပါ။
(ဒီဗုဒ္ဓဘာသာ(၅)မျိုးအကြောင်းအား အရှင်ဇောတိကသာရ(စဥ့်ကူး) ရေးးသားပူဇော်ခဲ့သည့် မိုးကုတ်မြို့၊ ကုန်းမြင့်သာရပ်၊ ဓမ္မရံသီရိပ်သာ၊ ပဓာနနာယက ကမ္မဠာနစရိယ နယ်လှည့်ဓမ္မ ကထိကဆရာတော် ဘဒ္ဒန္နသုနန္ဒ ဟောကြားတော်မူသော ဗုဒ္ဓဘာသာ(၅)မျိုးနှင့် သစ္စာလေး ပါး တရားတော် စာအုပ်မှ ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါတယ်)

Writer : ကိုဇာဏီ(ကံမ)
Source : Myanmar Journal
ရန္တပိုသို့
ဗြိတိသျှတို့ သည် ဗဒုံမင်းလက်ထက် ၁၇၉၅ ခုနှစ်မှစ၍
ဘကြီးတော်နန်းတက်သည့် ၁၈၁၉ ခုနှစ်အထိ နှစ်ပေါင်း ၂၄ နှစ်အတွင်း
အိန္ဒိယနိုင်ငံ၏ နယ်မြေများဖြစ်သည့် မိုင်ဆိုး (Mysone)၊ မဒရပ်စ်(Madras)၊
ယူနိုက်တက်ပရော့ဗင်ဆက် (United Provinces)(ယခု
အူတာပရာဒက်ခ်ျပြည်နယ်)အထက်ပိုင်း၊ ဘုံဘေနယ်အတွင်းမှ ဘာရိုဒါ(Baroda) ၊
သြရိဿ (Orissa) ၊ ပက်ရှဝါ(Peshwa) နှင့် ရာဇပုတ္တန (Rajaputana) တို့ကို
သိမ်းပိုက်ထားခဲ့သည်။ ၁၇ ရာစုမှစ၍ အာရှတိုက်တွင် ခြေကုပ်ယူကာ နယ်ချဲ့ခဲ့သော
ဗြိတိသျှတို့သည် ၁၉ ရာစုတွင် အိန္ဒိယနိုင်ငံ၏ သုံးပုံ နှစ်ပုံကျော်ကို
ပိုင်ဆိုင်ခဲ့သည်။
ဗဒုံမင်းလက်ထက်တွင်
ရခိုင်စစ်တကောင်း နယ်စပ်ပြဿနာကြောင့် ဗြိတိသျှ မြန်မာဆက်ဆံရေး
တင်းမာခဲ့ပြီး ဘကြီးတော်လက်ထက်တွင် မဏိပူရ အာသံ အရေးကြောင့်
ဗြိတိသျှတို့နှင့် မပြေမလည်ဖြစ် ခဲ့သည်။ မြန်မာတို့ နန်းတင်ထား ခဲ့သော
မဏိပူရစော် ဘွား မာဂျစ်ဆင်းသည် ၁၈၁၉ ခုနှစ်တွင် ကျင်းပပြု လုပ်သော
ဘကြီးတော်၏ ရာဇဘိသိက်သွန်းပွဲသို့ တက်ရောက်ခြင်းမရှိခဲ့ချေ။။ ဘကြီးတော်က
ထိုသို့ပျက်ကွက်ခြင်း သည် မြန်မာ ဘုရင် အား တော် လှန်ခြားနားခြင်းဟု ယူဆကာ
မဏိပူရသို့ မြန်မာ တပ်များကို စေလွှတ်ခဲ့သည်။ မာဂျစ်ဆင်းသည် ဗြိတိသျှပိုင်
ဆီလဟတ်(Sylhet)နှင့်ဆက်စပ်နေသည့် ကချာ (Cachar)သို့ ထွက်ပြေးသွားခဲ့ သည်။
မာဂျစ်ဆင်း၏တပ်များ ကချာသို့ ရောက်ရှိ လာခဲ့သဖြင့် ကချာစော်ဘွား
ဂေါဝိန္ဒချန္ဒရာသည် ဗြိတိသျှတို့ထံ အကူအညီတောင်းခံခဲ့သည်။ ဗြိတိသျှ တို့က
မြန်မာ တပ်မှူးအား ကချာကို မတိုက်ခိုက် ရန် ပြောခဲ့ပြီး ဗြိတိသျှအစိုးရသည်
ကချာကို ကာကွယ်စောင့်ရှောက် ရန် ကချာဒေသသို့ ဝင်ရောက်ခွင့်ရှိကြောင်း ပြော
ဆိုခဲ့သည်။ မြန်မာတို့ကလည်း ၁၈၂၃ ခုနှစ် နိုဝင်ဘာလတွင် ဆီလဟတ်နှင့်
အာသံနယ်စပ်တစ်လျှောက်၌ တပ်အင်အားများ အခိုင်အမာချထားခဲ့ သည်။
ဗြိတိသျှတို့သည် မြန်မာများလက်တွင်းသို့
ကချာနယ် ကျရောက်သွားမည်ကို စိုးရိမ်ခဲ့ကြသည်။ ကချာကျသွားလျှင်
ဘင်္ဂလားအရှေ့ပိုင်းကို မြန်မာတို့ အလွယ်တကူတိုက်ခိုက်နိုင်မည်ဟု
ဗြိတိသျှတို့က ယူဆခဲ့သဖြင့် ကချာကိုသိမ်းပိုက်ခဲ့ပြီး အစောင့်ရှောက်ခံ
နယ်မြေတစ်ခုအဖြစ် ကြေညာခဲ့သည်။ ၁၈၂၃ ခုနှစ်တွင် ကချာနယ်အတွင်းသို့
မြန်မာတပ်များ ဝင်ရောက်၍မာဂျစ်ဆင်း၏တပ်များကိုတိုက်ခိုက်ရာတွင်ကချာနယ်တွင် ရောက်နေသောဗြိတိသျှတပ်များနှင့်မြန်မာတပ်များ
တိုက်ပွဲဖြစ်ပွားခဲ့သည်။ မဏိပူရအရေးသည် ကချာအရေးသို့ ကူးပြောင်းသွားပြီး
မြန်မာနှင့် ဗြိတိသျှတို့ ပဋိပက္ခဖြစ်ခဲ့ကာ ၁၈၂၄ ခုနှစ် မတ်လ ၅ ရက်တွင်
ဘုရင်ခံချုပ် လော့ဒ်အင်းဟတ် (Lord Amherst) က မြန်မာနိုင်ငံနှင့်
စစ်ဖြစ်နေပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့သည်။ ဗြိတိသျှများ၏ အဓိက
ရည်ရွယ်ချက်သည် စစ်တကောင်းမှ စင်ကာပူအထိ ရှည်လျားသော ပင်လယ်ကမ်းရိုးတန်းကို
ပိုင်ဆိုင်လိုခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံကို တိုက်ခိုက်ရန်
ကြံရွယ်ထားပြီးဖြစ်သည်။
ဗြိတိသျှစစ်ဗိုလ်ချုပ် ဆာအာချီဘောကင်းဘဲသည်
စစ်သည်အင်အား ၁၁၅ဝဝ ကိုဦးဆောင်လျက် ရန်ကုန် သို့
ရေကြောင်းမှချီတက်လာခဲ့သည်။ ဗြိတိသျှရေကြောင်း ချီတပ်များသည်
မာန်အောင်ကျွန်း၊ မော်တင်စွန်းနှင့် ဟိုင်းကြီးကျွန်း တို့ကို
သိမ်းပိုက်ခဲ့ကြသည်။ မဟာဗန္ဓုလသည် စစ်တကောင်း၊ ပန်းဝါအရောက်
တိုက်ခိုက်အောင်မြင် သော်လည်းကုလားတို့ ငြိမ်ဝပ်မည်မဟုတ်၊
ပင်လယ်ရေလမ်းသင့်ရာ ဟံသာဝတီ ရန်ကုန်မြို့ကို ထိပါးနှောင့်ယှက်ရန်ရှိသည်။
ဟံသာဝတီမြို့မှာ နှလုံးလက်ရုံးနှင့်ပြည့်စုံသူ မှူးကြီးမတ်ကြီးတို့ ရပ်နေမှ
သင့်ပါမည့်အကြောင်း ဘကြီးတော် ထံ လျှောက်ထားခဲ့သည်။ (မဟာဗန္ဓုလသည်
အင်္ဂလိပ်များကို ကုလားဟု ရည်ညွှန်းခဲ့သည်။) ဘကြီးတော်သည် စစ်သူကြီး မဟာဗန္ဓုလ၏
လျှောက်ထားချက်အတိုင်း ဝန်ကြီး သတိုးမင်း ကြီးမဟာမင်းခေါင်နှင့် ဝန်ကြီး
သတိုးမဟာသေနာပတိတို့ကို ၁၈၂၄ ခုနှစ် မေ ၇ ရက်တွင် ရန်ကုန်သို့
စုန်ဆင်းစေခဲ့သည်။ ၁၈၂၄ ခုနှစ် မေ ၁ဝ ရက်တွင် ဗြိတိသျှတပ်များ ရန်ကုန်သို့
ရောက်ရှိလာသော အခါ မြန်မာတို့ဘက်မှအင်အားသည် မြို့စောင့်တပ်မျှသာရှိသဖြင့်
မြို့တွင်းမှ ဆုတ်ပေး ခဲ့ရသည်။ ထို့နောက် မြန်မာတပ်များ သည်
ကြည့်မြင်တိုင်တွင် ခံတပ်အခိုင်အမာ ဆောက်လုပ်ကာ စစ်ပြင်ခဲ့ကြသည်။ စစ်သူကြီး
မဟာဗန္ဓုလသည် အရေးမလှ ဖြစ်နေသော ရန်ကုန်စစ်မျက်နှာသို့ တပ်များကိုကွပ်ကဲ၍
ရုတ်ခြည်း ရောက်ရှိလာခဲ့ ချိန်တွင် မြန်မာတပ်များနှင့် အင်္ဂလိပ်တပ်များ
တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။ မြန်မာတပ်များ၏ စစ်ချီ၊ စစ်တက်၊
တိုက်ခိုက်မှုနည်းဗျူဟာများသည် အဆင့်မနိမ့်သော်လည်း ဗြိတိသျှတို့၏
လက်နက်နှင့် မြန်မာတပ်များကိုင်ဆောင်သော လက်နက်များသည် မယှဉ်သာ အောင်
ကွာခြားနေသောကြောင့် မဟာဗန္ဓုလသည် မခုခံနိုင်ဘဲ ရန်ကုန်မြို့မှ ဓနုဖြူသို့
ဆုတ်ပေးခဲ့ရသည်။ မဟာဗန္ဓုလသည် ဓနုဖြူ ခံတပ်တွင် စစ်သည်များကိုကွပ်ကဲနေစဉ်
၁၈၂၅ ခုနှစ် ဧပြီ ၁ ရက်တွင် ကျဆုံးခဲ့သည်။
မဟာဗန္ဓုလ ကျဆုံးပြီးသည့်နောက်
မြန်မာတပ်များသည် မြန်မာနိုင်ငံအထက် ပိုင်းသို့ ဆုတ်ခွာခဲ့ကြသည်။
ဗြိတိသျှတပ် များသည် မြန်မာနိုင်ငံအထက်ပိုင်းသို့ ကြည်းကြောင်း၊
ရေကြောင်းနှစ်ဖက်ညှပ်၍ ဆက်လက် ချီတက်လာကြ ရာ မြန်မာတပ်များက
ပြည်မြို့အနီးတစ်ဝိုက်မှ ဆီးကြိုခုခံကြသည်။ ဗြိတိသျှတို့က နှစ်ဖက်ညှပ်ကာ
တိုက်ခိုက်မှု များကြောင့် မြန်မာ တပ်များသည် ပြည်မြို့မှဆုတ်ခွာ၍
ဝက်ထီးကန်မှ ခုခံကြပြန်သည်။ ဝက်ထီးကန်တိုက်ပွဲတွင် ဗြိတိသျှတို့ဘက်မှ
ဗိုလ်မှူးကြီး မက်ဒူးဝေါ အပါအဝင် အရာရှိငါးယောက်နှင့် စစ်သည်များ
ကျဆုံးခဲ့သည်။ မကြာမီ ဗြိတိသျှများက အင်အားအလုံး အရင်းဖြင့်
ပြန်လည်တိုက်ခိုက်ချိန်တွင် မြန်မာတပ်များ ဆုတ်ခွာခဲ့ရပြန်သည်။
ပြည်မြို့နှင့် ဝက်ထီးကန် ကျသွားပြီးနောက် မြန်မာ့ တပ်များသည် မြေထဲ၊
မလွန်၊ ပုဂံ၊ ညောင်ဦး၊ ဆီမီးခုံအစရှိသည့် မြို့ ရွာများမှ
ခုခံတိုက်ခိုက်ရင်း ဆုတ်ခွာခဲ့ကြရာ နောက်ဆုံးတွင် ဗြိတိသျှတပ်များသည်
ရ္တပိုရွာအထိ ရောက်ရှိလာခဲ့ကြ သည်။ ထိုအချိန်တွင် မြန်မာ့လွှတ်တော်သည်
အင်္ဂလိပ်တို့နှင့် စစ်ပြေငြိမ်းစကားဆိုရန် ဘကြီးတော်အား တိုက်တွန်းခဲ့သည်။
ထို့ကြောင့် ဒေါက်တာဂျက်ဆင်နှင့် ဒေါက်တာ ပရိုက်တို့ကို
ဗြိတိသျှတပ်များထံသို့စေလွှတ်၍ စစ်ပြေငြိမ်းရေး ဆွေးနွေးစေခဲ့သည်။
မြန်မာအစိုးရဘက်မှ လယ်ကိုင်းမြို့စား ဝန်ကြီး မင်းကြီး မဟာမင်းလှကျော်ထင်၊
ကျီဝန် အတွင်းဝန်မင်း ကြီး မဟာမင်းလှသီဟသူရတို့သည် ဗြိတိသျှတို့ဘက်မှ
ဆာအာချီဘောကင်းဘဲလ် အပါအဝင် အခြားအရာရှိများနှင့် ရန္တပိုရွာတွင်တွေ့ဆုံကာ
နောင်တွင် ရန္တပိုစာချုပ်ဟု ထင်ရှားလာမည့် စစ်ပြေငြိမ်းရေးစာချုပ်ကို ၁၈၂၆
ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်တွင် ချုပ်ဆိုခဲ့ပြီးနောက် အင်္ဂလိပ်မြန်မာ
ပထမစစ်ပွဲ ပြီးဆုံးသွားခဲ့သည်။
ရန္တပိုစာချုပ်တွင် အပိုဒ်(၁၁)ပိုဒ်
ပါဝင်ခဲ့ပြီး မြန်မာဘုရင်သည် အာသံကို အစိုးမရသည့်အပြင် ရခိုင်ကို
အင်္ဂလိပ်များက သိမ်းယူကာ မော်တင်စွန်းကို နယ်စပ်အဖြစ် သတ်မှတ်ခဲ့သည်။
တနင်္သာရီဒေသတစ်လျှောက်ကိုလည်း သိမ်းယူလျက် သံလွင်မြစ်ကို အပိုင်းအခြားအဖြစ်
သတ်မှတ်ခဲ့သည်။ မြန်မာဘုရင်က စစ်လျော်ကြေးအဖြစ် ကျပ်တစ်ကုဋေ ပေးရန်
စာချုပ်တွင် ထည့်သွင်းချုပ်ဆိုခဲ့သည်။ အင်္ဂလိပ်တို့က မိတ်သဟာယစာချုပ်ဟု
ညွှန်းဆိုသည့် ရ္တပိုစာချုပ်ကို မြန်မာ သက္ကရာဇ် ၁၁၈၇ ခုနှစ်
တပေါင်းလပြည့်ကျော် ၄ ရက် (ခရစ်သက္ကရာဇ် ၁၈၂၆ ခု ဖေဖော်ဝါရီလ၂၄ ရက်)တွင်
မြန်မာ ဘက်မှ စစ်သူကြီး လယ်ကိုင်းမြို့စားဝန်ကြီး
မင်းကြီးမဟာမင်းလှကျော်ထင်၊ ကျီဝန်အတွင်းဝန်မင်းကြီး မဟာမင်းလှသီဟသူ နှင့်
ဗြိတိသျှဘက်မှ ဗိုလ်ချုပ်ဆာအာချီဘောကင်းဘဲ၊ အရေးပိုင် ရောဘတ်စင်၊ ရေတပ်
ကပ္ပတိန် ရစ်ချတ်ဘာ့ခ်ျတို့က ရန္တပိုရွာတွင် ချုပ်ဆိုခဲ့ကြသည်။
ရ္တပိုကျေးရွာတွင် ချုပ်ဆိုခဲ့သောကြောင့် ရ္တပိုစာချုပ်ဟု ထင်ရှားခဲ့သည့်
စာချုပ်သည် မြန်မာတို့အပေါ် နိုင်လိုမင်းထက်ချုပ်ဆိုခဲ့သည့်
စာချုပ်သာဖြစ်ခဲ့ပြီး မြန်မာ့သမိုင်းတွင် ပြည်ပကျူးကျော်သူထံ ပထမဆုံး
အလျှော့ပေးခဲ့ရကာ မိမိပိုင်နယ်မြေများ စွန့်လွှတ်ခဲ့ရသည့်
စာချုပ်ဖြစ်ခဲ့သည်။ ဗြိတိသျှများသည် ရန္တပိုစာချုပ်ကို အဆောတလျင်
ရေးသားချုပ်ဆိုခဲ့သဖြင့် ပြည့်စုံမှုမရှိဖြစ်ကာ နယ်စပ်ရေးရာကိစ္စ များကို
မဖြေရှင်းနိုင်ခဲ့ပါချေ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ရန္တပိုကျေးရွာသည်
မြန်မာနိုင်ငံအထက်ပိုင်း အင်းဝမြို့ ဟောင်း၏ တောင်ဘက်မိုင် ၄ဝ၊
မြင်းခြံမြို့မှ အထက် ခြောက်မိုင်အကွာ ဧရာဝတီမြစ်ကမ်းပေါ်တွင် တည်ရှိပြီး
မြင်းခြံမြို့မှ ကားဖြင့်သွားနိုင်သကဲ့သို့ ဧရာ ဝတီမြစ်အတွင်းမှ လှေ၊
သင်္ဘောဖြင့်လည်း သွားရောက်နိုင်သည်။ မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်း
စုန်ဆင်း လာလျှင် မြောင်မြို့နှင့် ဆီမီးခုံရွာကို ကျော်လာလျှင်
ရန္တပိုရွာသို့ ရောက်ရှိသည်။ ဆီမီးခုံနှင့် ရန္တပိုတို့သည် ဧရာဝတီဖြစ်၏
အရှေ့ဘက်ကမ်းတွင် တည်ရှိနေကြ သည်။ ရန္တပိုကျေးရွာတွင် မြေအိုးထုတ်လုပ်မှု
လုပ်ငန်း ကို မြန်မာဘုရင်များလက်ထက်မှ စတင်လုပ်ဆောင် ခဲ့ပြီး ခေတ်အဆက်ဆက်
ရိုးရာလက်မှု ပညာရပ် တစ်ခုအဖြစ် လုပ်ကိုင်နေကြသည်မှာ ယနေ့တိုင် ဖြစ် သည်။
ရ္တပိုကျေးရွာ အိုးထုတ်လုပ်ဖြန့်ဖြူးမှု လုပ်ငန်း သည် ၂ဝ၁ဝ
ပြည့်နှစ်နောက်ပိုင်းတွင် များစွာတွင် ကျယ်လာခဲ့ကာ ယခင်က မန္တလေးနှင့် မြင်း
ခြံမြို့များသို့သာ တင်ပို့နေရာမှ မြန်မာတစ်နိုင်ငံလုံးသို့
တင်ပို့လာခဲ့ရသည်။ ၂ဝ၁၁ ခုနှစ် နောက်ပိုင်းမှစ၍ ဧရာဝတီမြစ်ကြောင်းအတိုင်း
မန္တလေးနှင့် ပုဂံအကြား သွားလာကြသော က္ဘာလှည့်ခရီးသွားများသည် ရန္တပို တွင်
ခရီးတစ်ထောက် ဝင်ရောက်ရပ်နားကာ အိုးလုပ်ငန်းကို လေ့လာကြသည်။ ရန္တပိုရွာ သည်
တောင်ရွာနှင့် မြောက်ရွာဟူ၍ နှစ်ပိုင်းရှိကာ တစ်ရွာလျှင် အိမ်ခြေ ၃ဝဝ
ဝန်းကျင်စီ ရှိကြသည်။ တောင်ရွာ တွင် တောင်သူ လုပ်ငန်းကို
အများဆုံးလုပ်ကိုင်ကြပြီး မြောက်ရွာတွင် မြေထည်အနုပညာ အိုးလုပ်ငန်းကို အဓိက
လုပ်ကိုင်ကြ သည်။
အိုးလုပ်ငန်းရှင်များသည်
အိုးလုပ်မည့်ရွှံ့မြေကို ဧရာဝတီမြစ်ကမ်း ညောင်တိုရွာနှင့် သဲကို ဂင့်ဂဲရွာမှ
ဝယ်ယူကြ သည်။ ရေကြီးသော မိုးတွင်းကာလများတွင် အိုးလုပ်ငန်းများ
ရပ်နားထားရလေ့ရှိကာ မြေနှင့် သဲများကို ဝယ်ယူစုဆောင်း ထားရသည်ဟု ရွာခံများက
ပြောပြသည်။ အိုးမလုပ်မီ ရွှံ့ကို သဲနှင့်ရောပြီး တစ်ဦးက ခြေနင်းစက်ကို
လှည့်ပေးရပြီး ကျန်တစ်ဦးက အိုးပုံဖော်ရသည်။ ပုံပေါ်သွားသည့်အိုးများကို
ရွှံ့သားခြောက်သွားစေရန် နေ့တစ်ဝက်ခန့် နေလှန်းရသည်။ ပြီးမှ အိုးကို
အလှပန်းရိုက်ကာ နှစ်ရက်ခန့် ထပ်မံနေလှန်းပြီး မီးဖုတ်ရသည်။ အိုးဖုတ်ရန်
ကောက်ရိုးနှင့် သစ်ရွက်ခြောက်များပေါ်တွင် ထင်းခြောက်များခင်းကာ အပေါ်တွင်
နေလှန်းထားပြီးသောအိုးများကို စက်ဝိုင်းပုံ အထပ်လိုက်စီရသည်။
အိုးများပေါ်တွင် ကောက်ရိုးများထပ်အုပ်ကာ မီးအပြင်မထွက်စေရန် လွှစာမှုန့်၊
ရေဆွတ်ထားသောပြာနှင့် သဲတို့ဖြင့် ဖုံးအုပ်ပေးရသည်။ ထို့နောက်
ဖိုပတ်ပတ်လည်တွင် အပေါက်များဖောက်ပြီး မီးရှို့သည်။ မီးက အတွင်းရှိ
ထင်းနှင့် ကောက်ရိုးများကို လောင်ကျွမ်းကာ အပြင်သို့ ထွက်မလာတော့ချေ။
မီးဖုတ်ပြီးလျှင် အိုးများကိုဖော်ရပြီး ရန္တပိုရွာတွင် အိုးတစ်လုံးလျှင်
ကျပ် ၄၅ဝ ပေးရသည်။ ရန္တပိုကျေးရွာသည် အိုးလုပ်ငန်းကြောင့် လူသိများသကဲ့သို့
မြန်မာတို့ အင်္ဂလိပ်ကို စစ်ရှုံးခဲ့ရပြီး ရခိုင်၊ တနင်္သာရီနှင့် မဏိပူရတို့ကို
စွန့်လွှတ်ခဲ့ရသည့် သမိုင်းဝင်စာချုပ်ကို ချုပ်ဆိုခဲ့သည့်နေရာအဖြစ်လည်း
ထင်ရှားသည်။ ကမ္ဘာလှည့်ခရီးသည် များသည် ရန္တပိုသို့ ရေလမ်းခရီးမှ လာရောက်ကြကာ
ရ္တပိုတွင် စစ်ရှုံးစာချုပ်အမှတ်တရ စိုက်ထူထားသောကျောက်တိုင်ကို
ကြည့်ရှုလေ့ရှိကြသည်။
အင်္ဂလိပ်မြန်မာစစ်သမိုင်း (နတ်မောက် ဘုန်းကျော်)
ရန္တပိုစာချုပ်
DMHC သင်တန်းမှတ်စုများ
Writer : မောင်သာ(ရှေးဟောင်းသုတေသန)
Source :ကြေးမှုံသတင်းစာ
ဦးပိန်တံတား နဲ့ ငှက်လှေသမား
ဦးပိန်တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ် ခရစ်သက္ကရာဇ် ၁၈၄၉ ခုနှစ်
ပုဂံမင်းလက်ထက်က မြို့စာရေး ဦးပိန်ဦးဆောင်ကာ အင်းဝနန်းတော်ရှိ
အဆောက်အဦးများကို ဖြိုဖျက်ရာမှ ရရှိလာသော ကျွန်းတိုင်များဖြင့်
တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၁၆၀ ကျော်အထိ သက်တမ်းရှည်ခဲ့သည့်
တံတားကြီးတစ်စင်းလည်းဖြစ်သည်။
အဆိုပါ ဦးပိန်တံတားကြီးအား
ဇရပ်အခန်းတိုင်များအပါအ၀င် ကျွန်းတိုင်ပေါင်း ၁၀၈၆ တိုင်၊ အရှည်ပေ ၃၉၆၇ ပေ၊
အခန်းပေါင်း ၄၄၇ ခန်းပါဝင်ပြီး ကမ္ဘာ့အရှည်ဆုံး
ရှေးဟောင်းအမွေအနှစ်ကျွန်းသစ်တံတားအဖြစ် ကမ္ဘာကျော်နေခဲ့သည်မှာ
ယနေ့အချိန်ထိပင်ဖြစ်သည်။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ကျ
နေက မျက်နှာတည့်တည့်၊ ချွေးတွေက စွတ်ကျယ်အပေါ်ပိုင်းထိ စိုစိုရွှဲရွှဲ၊
ညာခြေတစ်ဖက် ရှေ့တိုးထားပြီး ဘယ်ညာ လက်နှစ်ဖက်နဲ့ ပြိုင်တူလှော်ခေတ်နေတဲ့
ငှက်လှေလှော်သမားတစ်ဦး သူ့နာမည်က ငှက်လှေသမား ကိုစိုးဝင်း။ ဟုတ်ပါတယ်၊ သူက
တောင်သမန်အင်းလို့ လူသိများတဲ့ အင်းကြီးထဲမှာ ငှက်လှေတစ်စီးနဲ့ လှော်ခေတ်
ရင်း ၀မ်းရေးကို ဖြေရှင်းနေတဲ့ သူတစ်ယောက်။ “အလုပ်တွေ အများကြီးရှိတယ်၊
ကျွန်တော်ဆို ရေတွင်းတူးလုပ်ငန်းကို ကျွမ်းကျွမ်းကျင်ကျင်ကို လုပ် တတ်တယ်၊
ဒါပေမယ့် ကျွန်တော် ဒီအလုပ်ကို မစွန့်လွှတ်နိုင်ဘူး၊ ဘာလို့လဲလို့မေးရင်
ကမ္ဘာမှာနာမည်ကျော်တဲ့ ဦးပိန်တံတား သူတို့တွေ ငါ့တို့ မြန်မာပြည်ကအလှကို
ခံစားလို့ရအောင်နောက် ဒါမျိုး ငါတို့ဆီမှာပဲ ရှိတယ်ကွလို့ သူတို့ သိအောင်
ပြရတဲ့ အလုပ်မို့လို့ပဲ” လို့ ကိုစိုးဝင်းက သူရဲ့ ခံစားချက်ကို ပြောပါတယ်။
ငှက်လှေသမားတွေ၊ အတိအကျပြောရရင်
တောင်သမန်အင်း ငှက်လှေသမားတွေဘ၀က တခြား ငှက် လှေသမားတွေလို ပိုက်ဆံရပြီးရော
ခရီးသည်သွားချင်တဲ့နေရာ ရောက်ရင်ပြီးရော ဆိုတာတစ်ခုထဲတင်မ ဟုတ်၊ သူတို့တွေ
အများစု လှော်ခေတ် ပီးလိုက်ပို့ရတာ အနောက်နိုင်ငံက လူတွေ၊ အိမ်နီးချင်းက
လူတွေ ဒါပေမယ့် သေချာတာတစ်ခုက ကိုယ့်နိုင်ငံတွင်းက လူတွေ မဟုတ်၊ ဒါကပဲ
သူတို့အတွက် ဂုဏ်ယူစရာ၊ တခြားဘယ်နိုင်ငံ မှာမှ မရှိတဲ့ ကျွန်းတိုင်ပေါင်း
၁၀၈၆ တိုင်နဲ့ နှစ် ၁၀၀ ကျော်သက် တမ်းရှိနေတဲ့ ဦးပိန်တံတား ၊
ဒီတံတားကြီးကို လာပြီး အထူးအဆန်းသဖွယ်လာလေ့လာကြတယ်၊ လာမှတ်တမ်းတင်ကြတယ်၊
လာပြီး သဘာဝအရသာကို ခံစားကြ တဲ့ တိုင်းတပါးသားတွေကို လိုက်ပို့ဆောင်ရတာ
ကြည်နူးတယ်၊ ဦးပိန်တံတားကြီး ပိုင်ဆိုင် ရတာကို သူတို့တွေ ပျော်တယ်၊
နောက်ဆုံး မန္တလေးသားဖြစ်ရတာကို သူတို့တွေ ဂုဏ်ယူကြတယ်။ တံတားကြီးရဲ့
ကျေးဇူးကလည်း သူတို့အတွက် မသေးလှ၊ တံတားကြီးကို မှီခိုပြီး တစ်နေ့စာ
ဝမ်းရေး တွေကို ဖြေရှင်းသူတွေက အများသား၊ ငါးဖမ်းကြ တဲ့ ရေလုပ်သားတွေ၊
တံတားကြီးအနီးက စားသောက်ဆိုင် တွေ၊ တံတားပေါ်က လက်တင်ဈေးသည်တွေ၊ တံတားကြီး
ပတ်ချာ လည်မှာရှိနေတဲ့ နိုင်ငံခြားသားအကြိုက် မြန် မာ့လက်မှုပစ္စည်းဆိုင်တွေ၊
နောက်ဆုံး သူတို့ တောင်သမန် ငှက်လှေ သမားတွေ ကိုယ်တိုင်လဲ မှီခိုနေရတာပါ။
“တောင်သမန်ရောက်ရင် ပုဇွန်ကြော်စားမယ်”၊
“ဦးပိန်သွားပြီး အုန်းရေသောက်ရအောင်’’ ၊ “အကြော်စုံ ပူပူလေး တစ် ပွဲလောက်
ပေးပါအုန်း” ဒီအသံလေးတွေက မန္တလေးသားတွေ မန္တလေးကိုလာလည်ကြတဲ့ သူတွေ ကြားမှာ
ပြောဖူးတဲ့ ကြားဖူးတဲ့ စကားတွေဆိုတာ အမှန်ပေါ့။
“ငှက်လှေလှော်သမားတစ်ယောက်ဖြစ်ဖို့ဆိုတာ
တကယ်က မလွယ်ပါဘူး၊ သာမာန်လှေသမားထပ်ပေါ့ လေ၊ ဟန်ချက်ညီမှု၊ အချိုး ကျကျ
ခတ်တတ်မှု ဒါတွေက အဓိက လိုအပ်တယ်၊ တကယ် ငှက်လှေခတ်တတ် တဲ့ သူတစ်ယောက်
ခတ်တာကို ကြည့်တာနဲ့ သိသာတယ်၊ တကယ် ဆရာသမားနဲ့ ကျကျနန သင်ထားတဲ့ သူတွေ
ခတ်တဲ့ပုံစံက ကျနတယ် လှတယ်ပေါ့ ကျွန်တော်တို့လို ငှက်လှေသမားတွေက တင်စားတယ်
က တယ် လို့” လို့လည်း ကိုစိုးဝင်းက ငှက်လှေလှော်ခတ်မှုကို ပြောပြန်ပါတယ်။
ငှက်လှေဆိုတာ သာမာန်လှေလိုမဟုတ်ပဲ နောက်လေမြီးမှာ အတောင်အလက်နဲ့
ပုံစံထွင်းထားတာကို ခေါ်တာတစ်ခုထဲ မဟုတ်ပါဘူး၊ လှော်တက်နှစ်ခုကို
ရင်ညွှန့်နေရာစုံမှတ်မှာ ထားပြီး ဟန်ချက်ညီညီနဲ့ လှော် ခေတ်ရတာမျိုးပါ၊
လှော်ခေတ်သူရဲ့ သန်ရာ ခြေတစ်ချောင်းကို ရှေ့တစ်လှမ်းတိုး အားယူတဲ့ဟန်နဲ့လက်ဘယ်ညာအားထည့်မှု ပေါင်းစပ်ပြီး လှော်ခတ်ရတာပါ။
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
“တခြားလှော်တဲ့သူတွေတော့ မသိဘူး ကျွန်တော်တော့
ဂုဏ်ယူတဲ့ဗျာ၊ ဒီတံတားကြီးရဲ့ ထူးဆန်းမှု၊ ပြီး တော့ တံတားနောက်ခံနဲ့
နေ၀င်နေထွက်အလှဒါတွေကို နိုင်ငံတကာလူတွေက တကယ်ကြိုက်တာနော်၊ တချို့ တွေ
သိရင်သိလိမ့်မယ် ဒါပေမယ့် ကျွန်တော်တို့က သူတို့နဲ့အနီးကပ်ငှက်လှော်ရင်း
လိုက်ရတာဆိုတော့ သိသာ တယ်၊ တစ်ခါခါ ပြန်ပြန်ပြောတယ် သူတို့က ဒီနေ၀င်အလှကို
သူတို့ ဘယ်မှာမှ မတွေ့ဘူးဖူးလို့၊ အဲဒါကြောင့် လည်း နိုင်ငံတကာက လူတွေက
မန္တလေးရောက်ရင် ဦးပိန်ကို မလာမဖြစ်လာကြတာ၊ ကျန်တာတွေက နောက်မှ သွားကြတာ
ဦးပိန်ကတော့ ရောက်ရောက်ချင်းကို လာကြတာ” လို့လည်း ကိုစိုးဝင်းက ပြောတယ်။
မန္တလေးရောက်ရင် မဟာမြတ်မုနိဘုရားကြီး
ဖူးမြှော်ဖို့၊ မန္တလေးတောင်ကြီး ဦးခိုက်ဖို့၊ မြွေကြီးနှစ်ကောင် နဲ့
ဓာတ်ပုံရိုက်ဖို့၊ ကျုံးဘေးမှာ လေညှင်းခံဖို့တွေထပ် ပိုတဲ့အရာက
ဦးပိန်တံတားက နေ၀င်အလှကို ကြည့်ဖို့ဆို ရင် ဘယ်သူမှ ငြင်းမယ်မထင်ပါဘူး။
တံတားကြီးပေါ်က နားနေထိုင်ခုံမှာ ထိုင်ရင်း တောင်အင်းမြောက်အင်းက
တိုက်ခတ်တဲ့ လေနုအေး၊ တံတားအောက်ရေပြင်ဆီက တက်လာမဲ့ ရေခိုးရေငွေ့
အငွေ့အသက်၊ အနောက်ဘက်ဆီ တဖြည်းဖြည်းတိုး ၀င်နေတဲ့ နေလုံးဝိုင်းဝိုင်းကို
လက်ထဲမှာ ကိုင်ထားမိတဲ့ အုန်းရေလေးနဲ့ လွမ်းမိလွမ်းရာ လွမ်းစရာလေးတွေကို သာ
ငေးမောနေချင်မိပါတယ်။ ရေလယ်စပ်ကို ရောက်နေတဲ့ ငှက်လှော်လေးပေါ်က
လှော်တက်နှစ်ခုကို ရင်ဝယ်ပိုက်ထားမိရင်း၊ တဖျက်ဖျက် တလက်လက်နဲ့
ဓာတ်ပုံရိုက်နေကြတဲ့ အနောက်နိုင်ငံက ဧည်သည်များကို ကြည့်ရင်း ကိုစိုးဝင်း
တစ်ယောက် ပြုံးရုံလေးပြုံးကာ တံတားနောက်ခံနားက နေမင်းကြီးကိုသာ
ကြည့်နေမိပါတော့တယ်။
Writer : ကျော်ဝေမင်း
လွန်ကဲခြင်း သုံးပါး
လောကနိယာမ သဘောအရ ဘာမဆို တန်ရင်ဆေး၊ လွန်ရင်ဘေး ဖြစ်စမြဲပါ။ မိမိရဲ့ ကလေးတွေကို ပြုစု ပျိုးထောင်တဲ့ နေရာမှာလည်း အတူတူပါ။ ကလေးကို ချစ်တာ သဘာဝလို့ ဆိုပေမဲ့ အချစ်လွန်ကဲသွားရင်၊ အလိုလိုက်လွန်ကဲသွားရင် ကလေးအပေါ် ဆိုးကျိုးများစွားဖြစ်ပေါ်စေနိုင်ပါတယ်။
၁။ အချစ်လွန်ကဲခြင်း
ကလေး အလွန်ငယ်စဉ်က စလို့ ကလေးလိုအပ်တာ အားလုံးဝယ်ပေးတယ်။ စားစရာ၊ ဆော့စရာ၊ သွားစရာ၊ အစစအရာအရာ လိုလေသေးမရှိ အားလုံး အဆင်ပြေအောင်ထားပေးတယ်။ တစ်မိသားစုလုံး က ကလေးကို ဖူးဖူးမုတ်ထားပါတယ်။ ကလေးတောင်းဆိုသမျှ အားလုံး ရစေရမယ်။ အိမ်ဖေါ် ထားရှိတဲ့မိသားစု၊ အလုပ်သမားများတဲ့ မိသားစု ဆိုပိုဆိုးတတ်ပါတယ်။
ကလေးက ” ရေ” အော်လိုက်ရင် ရေခွက်နဲ့ ရေက ရှေ့မှာ ရောက်ပြီးသား၊
မုန့်တစ်ခုခု ကျွေးထားတာမှ ဘာမှ မကြာသေးဘူး၊ ဆာပြီလား၊ ဘာစားချင်လဲလို့ လူကြီးတွေက ဆက်တိုက်မေးနေတတ်တယ် ။ ကလေးပိုက်ဆာမှာ စိုးလို့၊ ကလေး မစားတတ်မှာ စိုးလို့၊ ကလေးစိတ် ဆိုးမှာစိုးလို့ ၊ ကလေးငိုမှာစိုးလို့ ၊ စသည်ဖြင့် ကလေးကို ပြုစု အလိုလိုက်လာခဲ့ရာ ကလေးတ ဖြည်းဖြည်း ကြီးလာတော့ တစ်အိမ်သားလုံးရဲ့ ဗဟို ဖြစ်သွားပါတယ်။ အချစ်လွန်တော့ အနှစ်လွန်တော့တာပေါ့၊ ကလေးက ကိုယ်ကိုကိုပဲ သိတော့တယ်။ အတ္တကြီးတယ်။ စိတ်ဆိုးလွယ်တယ်။ တစ်ခုခုလိုချင်ရင် ရကိုရမှ၊ အဲဒါဆို အဲဒါမှ၊ ဗူးဆိုဖရုံးမသီးတော့ပါ။
ဖြစ်သင့်တာက ကလေးကို အလွန် အလိုမလိုက်သင့်ပါ။ သုတေသန အဆိုအရ ကလေးက ၀ယ်ပေးပါလို့ တောင်းဆိုတဲ့ တောင်းဆိုမူ အားလုံးရဲ့ ၃၀% အလိုလိုက်ရင်တောင် လုံလောက်နေပါပြီ။ ၅၀% ခန့် အလိုလိုက်ရင် တောင် တော်တော် များနေပြီလို့ ဆိုပါတယ်။ လိုချင်တဲ့ အရာ မရစေတာလည်း ကလေးအတွက် အလွန်လိုအပ်သော အတွေ့ အကြုံ ဖြစ်ပါတယ်။
၂။ အကာအကွယ်လွန်ကဲခြင်း
ကလေးကို ချစ်လွန်းတာ အပြစ်မရှိပါဘူး၊ အကာအကွယ်လွန်သွားရင်တော့ ကလေးကြီးလာရင် ကိုယ့်ကိုကို ဘာမှ မကာကွယ်တတ်တော့ဘူး။ ဘယ်သွားသွား မိဘတွေ အဒေါ်တွေ ကိုယ်တိုင်ပို့တယ်။ ဘာလိုလို လူကြီးတွေပို့ပြီး လိုက်ဝယ်ပေးတယ်။ ကလေးကြီးလာရင် လမ်းတောင်မမှတ်တတ်တော့ဘူး ။ ငယ်ငယ်တုန်းက မိဘနဲ့ ခွဲအိပ်ခိုင်းတာ စိတ်မချလို့ ဆိုတဲ့ ကလေးများဟာ ဆယ်ကျော်သက် ရောက်လာတဲ့ အခါကျရင်လည်း ကိုယ့်ကိုကို တစ်ယောက်တည်း မအိပ်ရဲဘူး။ ကလေးနဲနဲ ဖျားရင် တအိမ်သားလုံး ပျာယာခတ်ပြီး အကြီးကြီး ကုသပစ်တယ်။ နေကောင်းလာရင် အားဆေးတွေ အများကြီး တိုက်ပစ်တယ်။ ပိုးမွေးသလို မွေးတယ်လို့ မိဘတွေက ဂုဏ်ယူတတ်သေးတယ်။ မိဘများစဉ်းစားကြည့်ပါ။ ကလေးက တစ်ချိန်ချိန်မှာ လူကြီးဖြစ်လာမှာပဲ၊ ပိုးမွေးသလိုမွေးတော့ ပိုးကလေးတုန်းက ကိစ္စမရှိပါ။ ပိုးကြီးဖြစ်လာတဲ့ အခါကျရင် မိဘကမွေးနိုင်ပါသေးလား။
ဖြစ်သင့်တာက ကလေးကိုယ်တိုင် လုပ်ကိုင်နိုင်တဲ့၊ လုပ်ကိုင်တတ်တဲ့ အရာ အားလုံးကို ကလေးကိုယ်တိုင် ပေးလုပ်သင့်ပါတယ်။ ကလေး ကိုယ့်ကိုကို အားကိုးတတ်ပါမှ ယုံကြည်ချက်တွေ တိုးပွားပြီး ဘ၀ ရင်ဆိုင်ဖို့ အရည်အချင်း ပြည့်စုံ နိုင်မှာ ဖြစ်ပါတယ်။
၃။ ကလေးအပေါ် မျော်လင့်ချက် လွန်ကဲခြင်း
ကလေးကို လုံးဝဖြစ်မြောင်စေချင်လွန်းတော့ ပန်းချီသင်တန်းဆိုလည်း ပို့လိုက်တာပဲ၊ စန္ဒာယား သင်တန်းဆိုလည်း ပို့လိုက်တာပဲ၊ တက်လိုက်တဲ့ ကျူရှင်တွေ၊ သွားလိုက်တဲ့ သင်တန်းတွေ၊ မိဘများစဉ်စားကြည့် ပါ။ ကလေးတွေ ဘယ်မှာ လာပြီး ပျော်ရွှင်တဲ့ ကလေး ဘ၀ ခံစားနိုင်တော့မလဲ၊ ကလေးဖြစ် ရူံးတာပေါ့၊ နောင်တစ်မျိုး ရှိသေးတယ်။ ကိုယ်က မအောင်မြင်ခဲ့တဲ့ ကိုယ့်ရည်ရွယ်ချက်တွေကို မိမိ ကလေးတွေကို ပြောင်းလဲပြီး အကောင်အထည် ဖေါ်ခိုင်းတာမျိုး၊ မျက်နာပွင့်တယ်။ ဂုဏ်ရှိတယ်ဆိုပြီး ၀ါသနာမပါပဲ ဆေးတက္ကသိုလ်တို့၊ အင်ဂျင်နီယာ တို့ အတင်းတက်ခိုင်းတာမျိုး၊ ကလေးကြီးလာရင် ဟိုဟာဖြစ်ရမယ်။ ဒီဟာ ဖြစ်ရမယ် နဲ့ မျော်လင်ချက်ကြီးလွန်းရင် ကလေးအပေါ် ၀န်ပိပြီး မိမိကိုယ်ကို မိမိ ပျောက်ဆုံးသွားစေနိုင်ပါတယ်။
ဖြစ်သင့်တာက ကလေးကို ပျိုးထောင်တယ်ဆိုတာ ကလေးဘာဖြစ်ရမယ်ဆိုတာမျိုး မဟုတ်ပဲ ကလေး ဖြစ်သင့်တာကို အကောင်းဆုံးဖြစ်ဖို့ ပါဝင်ကူညီ ပံ့ပိုးခြင်းဖြစ်ပါတယ်။ ပါရမီကို ဖြည့်ဆီးပေးတဲ့ သဘောပါ။
တိုက်ဆိုင်သူတို့ အသုံးဝင်နိုင်ကြပါစေ။
Credit: sayar aung ko latt
Friday, 15 July 2016
မင်္ဂလာဒုံမြို့နယ်အတွင်း စီးပွားရေးဇုန်သစ်တည်ဆောက်ရန် လျာထား
မင်္ဂလာဒုံမြို့နယ်အတွင်း စက်မှုဇုန်နှင့် အိမ်ရာ စီမံကိန်းများပါဝင်သည့် စီးပွားရေးဇုန်သစ်
တစ်ခုကို ပြည်ပရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင် ရွက်ရန်လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က ဇူလိုင်
ပထမပတ်အတွင်းက ပြောသည်။
စီမံကိန်းပြုလုပ်ရန် လျာထားသည့်မြေ နေရာကို ယခင်အစိုးရလက်ထက်များတွင် တပ်မတော်က
သိမ်းဆည်းထားခဲ့သော်လည်း ဦးသိန်းစိန်အစိုးရလက်ထက်တွင်မူ စက်မှု ဇုန်များဖော်ထုတ်ခြင်း၊
အိမ်ရာစီမံကိန်းနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် ပြီးခဲ့သည့် ဇန်န၀ါရီ ၁၁ ရက်က
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ လွှဲပြောင်းပေးခဲ့သည်။
မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းဆုံနှင့် ရန်ကုန်ပြည်လမ်းမကြီး၊ ရန်ကုန်-မန္တလေး
အမှတ် ၃ လမ်းမကြီးအကြားရှိ မြေဧကပေါင်း ၇၀၀ ကျော်ပေါ်တွင် စက်မှုဇုန်၊ အိမ်ရာစီမံကိန်း၊
အဝေးပြေးဘတ်စ်ကားဂိတ် စသည်များ နှင့် စီးပွားရေးလုပ်ငန်းများကို အထောက် အကူပြုသော
mixed--use complex များပါ ထည့်သွင်း ဆောက်လုပ်သွားရန်ရှိကြောင်း ဦးမင်းထိန်က
ပြောသည်။ "အဲဒီနေရာမှာ မင်္ဂလာဒုံစက်မှုဇုံနယ်မြေ ရဲ့ တိုးချဲ့စီမံကိန်းအနေနဲ့လည်း
ဆောင်ရွက်ဖို့ရှိတယ်။ ပုံကြမ်းတွေတော့ ရေးဆွဲထားပါ တယ်။ စီမံကိန်းတွေကို အပိုင်း
လိုက်ခွဲပြီး လုပ်သွားဖို့ရှိတယ်။ ညှိနှိုင်းတိုင်ပင်ပြီး အဆင့်လိုက်လုပ်ရမှာဖြစ်လို့ နည်းနည်းတော့
အချိန်စောင့်ရဦးမယ်"ဟု ၎င်းကပြောသည်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပြည်ပနှင့် အကျိုးတူပူးပေါင်း ရင်းနှီးမြှုပ်နှံသွားရန်
ရည်ရွယ်ထားသော်လည်း လက်တွဲ လုပ်ကိုင်မည့် ကုမ္ပဏီများကိုမူ မရွေးချယ်ရသေးပေ။
စီမံကိန်းရေးဆွဲနေသည့် ကာလ အတွင်း ကုန်ကျစရိတ်တန်ဖိုး အသေးစိတ်ကိုလည်း
ခန့်မှန်းပြောဆိုရန် မရသေးကြောင်း ၎င်းက ပြောသည်။
စီမံကိန်း ဆောက်လုပ်မည့်နေရာမှာ မင်္ဂလာဒုံစက်မှုဇုန်၊ အောင်မင်္ဂလာအဝေးပြေး
ယာဉ်ရပ်နားစခန်းများနှင့် မနီးမဝေးတွင် တည်ရှိသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ်နှင့်လည်း နီးကပ်နေသောကြောင့် တည်ဆောက်ရေးလုပ်ငန်းများ၏ အဆောက်
အအုံအမြင့်၊ ဒီဇိုင်းများမှာ လေကြောင်း ပျံသန်းမှုကို အနှောင့်အယှက်မရှိနိုင်စေရန်
သတ်မှတ်ထားသည့် နည်းဥပဒေပါ ပြဋ္ဌာန်း ချက်များနှင့်အညီ တွက်ချက်ရေးဆွဲထားကြောင်း
၎င်းကပြောသည်။ "လယ်သမားတွေလည်း မြေပြင်မှာရှိနိုင် တဲ့အတွက် မြေပြင်ကွင်းဆင်းပြီး
သူတို့နဲ့ ညှိနှိုင်းပေါင်းစပ်ပြီး လုပ်သွားမှာပါ။ ပြည်ထောင်စုအဆင့်တင်ပြပြီး လုပ်မယ်။ ပြီးရင်တော့
ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ အသေး စိတ် ပြန်ညှိလုပ်ရမယ်"ဟု ၎င်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှု ဇုန်ပေါင်း ၂၉ ဇုန်ရှိသည့်အနက် မင်္ဂလာဒုံ စက်မှုဇုန်မှာ
လေဆိပ် အဝေးပြေးဝင်းနှင့် နီးကပ်ခြင်း၊ မြစ်ကူးချောင်းခြားရန် မလိုခြင်း စသည့် သွားလာရေး
လွယ်ကူသည့် အားသာချက်များ ရှိနေသည်။ ၀န်ကြီးဌာနက ပြည်ပရင်းနှီးမြှပ်နှံမှုနှင့် လုပ်ဆောင်မည့် အဆိုပါစီမံကိန်းအတွင်း ပြဿနာတစ်စုံတစ်ရာ မပေါ်ပေါက်စေရန် အတွက်ကိုမူ မူလပိုင်ရှင်
လယ်သမားများ၊ ၎င်းတို့ထံမှ အဆင့်ဆင့် လွှဲပြောင်းဝယ်ယူ ထားသူများနှင့် ပြေလည်ရန်
ညှိနှိုင်းဖို့လိုအပ် ကြောင်း မင်္ဂလာဒုံစက်မှုဇုန်များကို ဖော်ထုတ် လုပ်ကိုင်နေသည့် ဇေကမ္ဘာ
ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက ပြောသည်။ "အရင်က တပ်သိမ်းမြေတွေကို ပြန်စွန့် လွှတ်လိုက်
တယ်လို့ ကြားတယ်။ ဖြစ်နေတာက မြေနေရာ အကွက်အကွင်းကောင်းတဲ့ အတွက်
လယ်သမားတွေကလည်း ခွဲခွဲပြီး ရောင်းထားတာတွေရှိတယ်။ အစိုးရက စီမံကိန်း
လုပ်ရင်တောင် တော်တော်လေးကို ညှိရမယ့် အနေအထားရှိတယ်"ဟု ၎င်းကပြောသည်။
ကမ္ဘာ့ပထမဦးဆုံး တွင်းထွက် ကျောက်အမျိုးအစားအသစ် မိုးကုတ်တွင် တွေ့ရှိ
မိုးကုတ်ရတနာနယ်မြေတွင် ထွက်ရှိ သည့် ကျောက်အမျိုးအစားတစ်မျိုးကို ကမ္ဘာ့
ပထမဆုံးရှာဖွေတွေ့ရှိသည့် ကျောက်အဖြစ် အတည်ပြုနိုင်ခဲ့ကြောင်း ကျောက်မျက်
ပညာရှင်ဦးကျော်သူက ပြောသည်။
အလေးချိန်၁ဒသမ၆ကာရက်ရှိပြီး လိမ္မော် နီရောင်ရှိအဆိုပါကျောက်ကို နိုင်ငံတကာတွင်းထွက်
အဖွဲ့အစည်းက ယမန်နှစ်ဒီဇင် ဘာလတွင် ကမ္ဘာ့ပထမဆုံး တွေ့ရှိသည့် ကျောက်အဖြစ်
အတည်ပြုခဲ့ပြီး ကျော်သူရွိုက်ဟု နာမည်သတ်မှတ်ပေးခဲ့ကြောင်း ၎င်းက ပြောသည်။
နိုင်ငံတကာတွင်းထွက်မဂ္ဂဇင်းတွင် ဖော်ပြရန် စောင့်ဆိုင်းနေမှုကြောင့် ပြည်တွင်းတွင်
အချိန်အတန်ကြာ သတင်းမထုတ်ပြန်ခဲ့ခြင်းမရှိခဲ့ပေ။ အဆိုပါကျောက်များကို ၂၀၁၀ ပြည့်နှစ်ကတည်းကရှာဖွေတွေ့ရှိခဲ့သော်လည်း မြန်မာ နိုင်ငံတွင် အတည်ပြု
သတ်မှတ်နိုင်ရန် ခက်ခဲ ခြင်းကြောင့် နိုင်ငံတကာ ပညာရှင်များနှင့် ပူးပေါင်းဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
"ကမ္ဘာမှာအခုမှ ပထမဦးဆုံးစတွေ့တာ။ ဒီပြင် နိုင်ငံမှာ ဘယ်မှာမှ မတွေ့သေးဘူး။
တစ်ပွင့်ပဲရှိသေးတယ်။ နိုင်ငံတကာ တွင်းထွက် အဖွဲ့အစည်းက အရှားပါးဆုံးသတ်မှတ်
ထားတယ်"ဟု ဦးကျော်သူက ပြောသည်။

သိချင်စရာလေးများ
ဇတ်ခနဲ ဇတ်ခနဲ မျက်ခုံးလှုပ်တာ ဘာကြောင့်လဲ။
လူသည် ပင်ပန်း နွမ်းနယ်နေသည့်အခါ၊ စိတ်ဖိစီးနေသည့်အခါ၊ အသောက်လွန်သည့် အခါမျိုးတွင် အာရုံကြောများ အားနည်းလာတတ်သည်။ မျက်လုံးတစ်ဝိုက်က ကြွက်သားများသည် နူးညံ့သိမ်မွေ့ကြသည်။ ၎င်းတို့ကို ထိန်းချုပ်သော အာရုံကြောစနစ် အားနည်းပါက လှုပ်ရှားမှု ဖောက်ပြန်တတ်ပြီး ဇတ်ခနဲ ဇတ်ခနဲ ဆောင့်ပြီး လှုပ်ရှားတတ်ကြသည်။ ထိုသို့ လှုပ်ခြင်းကို မျက်ခုံးလှုပ်ခြင်း (သို့မဟုတ်) မျက်ခွံတွေ လှုပ်နေခြင်းဟု ဆိုကြခြင်း ဖြစ်သည်။ အိပ်ရေး၀၀ အိပ်လိုက်ပြီး လူက လန်းဆန်း အားရှိသွားလျှင် ထိုသို့ လှုပ်နေတာ အလိုလို ပျောက်သွားသည်။ အသောက်လွန်လို့ ဖြစ်ရသူများ အနေဖြင့်လည်း အသောက်လျှော့ခြင်းဖြင့် ထိုကိစ္စ ပြေလည်နိုင်သည်။
မျက်ကွင်းညိုတာ ဘာကြောင့်လဲ။
မျက်ကွင်းညိုခြင်းသည် အရေပြား ပြဿနာကြောင့် မဟုတ်။ အရေပြား တင်းရင်း သိပ်သည်းမှု လျော့နည်းသွားသဖြင့် မျက်လုံးအောက်က သွေးကြောများကို လှမ်းမြင်ရခြင်းသာ ဖြစ်သည်။
လူက ပင်ပန်း၊ ခန္ဓာကိုယ်က ရေငတ်လာသည့်အခါ အရေပြားသည် ရေဓာတ်ခန်း ခြောက်လာသည်။ ထိုသို့ ရေဓာတ်ခန်း ခြောက်လာသည်တွင် မျက်လုံးအောက်က အရေပြားသည် တင်းရင်းမှု လျော့နည်းသွားသဖြင့် အောက်က သွေးကြောများကို လှမ်းမြင်လာရခြင်း ဖြစ်သည်။
ထိုအခါ အပြင်က ကြည့်လိုက်လျှင် မျက်ကွင်းသည် ညိုမည်းနည်း ဖြစ်နေတော့သည်။ အရေပြား ခြောက်သွေ့ပါ များသူတို့သည် မျက်ကွင်း ပိုညိုမည်းတတ်ကြသည်။ အဲကွန်း သို့မဟုတ် အနွေးပေးစက်မျိုး နားနေပါ များသူတို့သည် အရေပြား အစိုဓာတ်ခန်း ခြောက်ကာ မျက်ကွင်း ပိုညိုလေ့ရှိသည်။
အိပ်လွန်းရင် ကျန်းမာရေး ထိခိုက်နိုင်လား။
လေးကန်ထိုင်းမှိုင်း ကိုယ်လက် မအီမသာနဲ့ နိုးလာလျှင် အိပ်ရေးမ၀လို့ဟု မထင်ပါနဲ့ ။ ပိုအိပ်မိခြင်းကြောင့်သာ ဖြစ်ပါသည်။ အိပ်ရေးမ၀ဘဲ နိုးလာပါက လူသည် အိပ်ရေးမ၀သေးဘူး ဆိုတာ အလိုလို သိနေပြီး ပြန်အိပ်ချင်စိတ်က အလိုလို ပေါ်နေသည်။ အအိပ်လွန်လို့ နုံးချိပြီး နိုးလာသူကား အိပ်ရေးမ၀စိတ်၊ ပြန်အိပ်ချင်စိတ်မျိုးမပေါ်၊ နုံးချိလေးကန် စိတ်သာ ပေါ်နေသည်။ ထိုသို့ ဖြစ်ရခြင်းမှာ အအိပ်လွန်ပြီး နေမြင့်မှ နိုးသူများသည် ခန္ဓာကိုယ် ဇီဝနာရီစနစ် စည်းချက် ပျက်အောင် လုပ်ရာရောက်သောကြောင့် အကျိုးဆက်အဖြစ် လူသည် ပုံမှန်လည်ပတ်မှု ပျက်ယွင်းကာ နုံးချိ ပင်ပန်းနေတော့သည်။ မိမိအိပ်ချိန်များလား နည်းလားကို မိမိဖာသာ အကဲဖြတ်ရမည်။ လူတစ်ယောက်နဲ့ တစ်ယောက် အိပ်ချိန် လိုအပ်ပုံချင်း ကွဲပြားသည်။ ပျမ်းမျှအားဖြင့် ခြောက်နာရီမှ ကိုးနာရီကြား အိပ်စက်ခြင်းသည် ပုံမှန် အိပ်ချိန်စံနှုန်း ဖြစ်သည်။ ခြောက်နာရီ အိပ်ရုံနဲ့ အိပ်ရေးဝ လန်းဆန်းသူများ ရှိသလို၊ ကိုးနာရီလောက် အိပ်ရမှ လန်းဆန်းသူများလည်း ရှိသည်။ ခြောက်နာရီထက်နည်း၊ ကိုးနာရီထက် များလျှင်တော့ ကျန်းမာရေး ထိခိုက်သည့်ဘက်ကို ရောက်သွားပြီ။
ပင်ပန်းလာရင် မျက်လုံးတွေ ဘာကြောင့် ရဲလာတာလဲ။
လူက လုပ်စရာတွေများ၊ ဖိစီးမှုတွေများပြီး အလုပ်တွေနဲ့ လုံးပမ်းကာ ပင်ပန်းနုံးချိလာပြီဆိုလျှင် မျက်တောင်ခတ်ဖို့ မေ့တတ်သည်။ ဦးနှောက် ကိုယ်တိုင်က အခြားဖိစီးမှု တွေ များလာသည့်အခါ မျက်တောင်ခတ်ဖို့ မေ့တတ်သည်။ မျက်တောင်ခတ်ခြင်းသည် အရေးကြီးသည်။
မျက်တောင်ခတ်ပါမှ မျက်ရည်များသည် မျက်လုံးအနှံ့ ရောက်ရှိကာ မျက်လုံး စိုစွတ်နေသည်။ မျက်တောင်ခတ်ဖို့ မေ့နေသည့်အခါ မျက်လုံးတွင် မျက်ရည်ခြောက်ခန်းပြီး မျက်လုံးထဲက ဆံခြည်မျှင် သွေးကြောလေးများ ရောင်ရမ်း ဖောင်းတက်လာတော့သည်။ ထိုသို့ ဖြစ်ခြင်းကို မျက်လုံးတွေ နီရဲလာခြင်းဟု ခေါ်သည်။ မျက်ရည်ခြောက်လာသည့် အခါ မျက်လုံးသည် ဖုန်ပိုကပ်ပြီး ယားလာတတ်သည်။ ထိုအခါ လူသည် လက်နဲ့ ပိုပွတ်မိပြန်သည်။ ထိုသို့ ပွတ်သည့်အခါ မျက်လုံးပိုပြီး ရဲလာတော့သည်။ အကောင်းဆုံး ကုစားရန်ကား အိပ်ရေးဝအောင် အိပ်လိုက်ရန် ဖြစ်သည်။ အိပ်ရေးဝပြီး စိတ်ကြည်သွားလျှင် မျက်တောင်ပုံမှန် ခတ်ဖြစ်သွားပြီး မျက်လုံးရဲတာလည်း ပျောက်သွားသည်။ တစ်ရေးလောက် အိပ်လိုက်ခြင်းသည်လည်း အကျိုးရှိသည်။ သို့မဟုတ်လျှင်လည်း သတိလေးထားပြီး ကိုယ့်ကိုယ့် ကိုယ် မျက်တောင်ခတ်ဖို့ သတိပေးရန် ဖြစ်သည်။
messenger news journal

Subscribe to:
Posts (Atom)